ပင်မစာမျက်နှာ သတင်းနှင့်ဆောင်းပါး
2023-11-24
Share to
နယ်စပ်ကုန်သွယ်ရေးကို တားမြစ်လိုက်တာကြောင့် ယခုနှစ် ပြည်ပကော်ဖီတင်ပို့မှု လျော့ကျနိုင်ဟုဆို

နိုဝင်ဘာ ၂၁
နယ်စပ်ကုန်သွယ်ရေးဖြင့် ပြည်ပတင်ပို့မှုကို တားမြစ်လိုက်သဖြင့် ယခုနှစ်ကော်ဖီရာသီတွင် ပြည်ပတင်ပို့မှု လျော့ကျသွားနိုင်တယ်လို့ ကော်ဖီစိုက်ပျိုးတင်ပို့သည့် လုပ်ငန်းရှင်တွေကပြောလာပါတယ်။

ကော်ဖီရာသီ ထိုင်းနှင့်တရုတ်ကို ပင်လယ်ရေကြောင်းမှသာ တင်ပို့ရမည်ဖြစ်သည့်အတွက် ဗဟိုဘဏ်ရဲ့ နိုင် ငံခြား ငွေလဲနှုန်း သတ်မှတ်ချက် မူဝါဒအရ အကျိုးအမြတ်ရရှိမှုနည်းလို့ တင်ပို့မတွေ လျော့နိုင်တယ်လို့ ၎င်း တို့ကပြောပါတယ်။ ကော်ဖီအများဆုံးစိုက်ပျိုးသော ရှမ်းပြည်မြောက်ပိုင်းဒေသတွေမှာ နယ်မြေအေး ချမ်းမှု မ ရှိခြင်း၊ လမ်းပန်းဆက်သွယ်ရေးသည်လည်း ခက်ခဲနေတာကြောင့် ပြည်ပတင်ပို့မှုလျော့ကျနိုင်ပါတယ်။

" ကော်ဖီဈေးကွက်က ခန်မှန်းလို့ကိုမရသေးဘူး၊ ကော်ဖီရှိတဲ့နေရာအများစုက တိုက်ပွဲတွေဖြစ်နေတယ်၊အခုက လမ်းကြောင်းတော့ရှာပြီး သွားလို့ရတဲ့နေရာကနေသွားနေတာတော့ရှိ တယ်၊ဒါပေမယ့် နယ်စပ်ကနေ ယိုးဒယားဘက်ပို့တာလည်းရပ်နေတယ်၊ နယ်စပ်ကနေက ထိုင်းကိုအဓိကပို့တာ ၊ ပို့ရတာအခက်အခဲတွေရှိနေတယ်၊ခက်တယ်ပေါ့။ " ဟု မြန်မာနိုင်ငံကော်ဖီလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူးဦးမင်းလှိုင်မှပြောပါတယ်။

မြန်မာနိုင်ငံကနေ ထွက်တယ့် ကော်ဖီကို ပြည်နိုင်ငံတွေကို တင်ပို့ရာမှာ ထိုင်းနိုင်ငံနဲ့ တရုတ်နိုင်ငံကို နယ်စပ် ကုန်သွယ်ရေးမှ တဆင့် အဓိကတင်ပို့ခဲ့ပြီး ဆွစ်ဇာလန်၊ ထိုင်ဝမ်၊ တရုတ်၊ ထိုင်း၊ အမေရိကန်၊ ဗြိတိန်၊ အိုက်စ လန်၊ တောင်ကိုရီးယား၊ ဂျပန်၊ ဂျာမနီနှင့် UAE နိုင်ငံတွေကို ပင်လယ်ရေကြောင်း ကုန်သွယ်ရေးနဲ့ တင်ပို့နေ ခြင်း ဖြစ်ပါတယ်။

ပင်လယ်ရေကြောင်းကနေ ကော်ဖီတင်ပို့နေတယ့် ပို့ကုန်လုပ်ငန်းရှင်တွေက နယ်စပ်ကနေ တရားမဝင် ကော်ဖီ တင်ပို့မှုကို ကန့်သတ်ပေးဖို့ တောင်းဆိုခဲ့သဖြင့် ယခုလို နယ်စပ်မှတင်ပို့မှုအား ပိတ်လိုက်ခြင်းဖြစ်တယ် လို့သိ ရပါတယ်။

" ထိုင်းကိုတင်ပို့မှုကန့်သတ်လိုက်ရင် ဈေးကွက်က ကျနိုင်တဲ့အခြေအနေရှိတယ်၊အဓိကပို့တာ ထိုင်းပဲရှိတာ၊ ဒီတော့ လုံးလုံးပိတ်လိုက်တာမျိုးမဟုတ်ပဲ အကန့်အသတ်လေးနဲ့ ပြန်ဖွင့်ပေးစေချင်တယ် " ဟု ရှမ်းပြည်နယ် တောင်ပိုင်းမှ ကော်ဖီစိုက်ပျိုးသည့်တောင်သူတစ်ဦးက ပြောပါတယ်။

ပြီးခဲ့သည့် ကော်ဖီရာသီချိန်မှာ ထိုင်းနိုင်ငံကို မြန်မာ့ကော်ဖီစိမ်း အထွက်နှုန်းရဲ့ (၇၅) ရာခိုင်နှုန်း တင်ပို့ ရောင် းချခဲ့ရပြီး ကော်ဖီတစ်တန် ပြည်တွင်းဈေး ကျပ်သိန်း ၁၅၀ ကနေ ၁၇၀ လောက်အထိ ဈးကောင်းရရှိခဲ့ တယ်လို့ ကော်ဖီ စိုက်ပျိုးထုတ်လုပ်သူအချို့ကပြောပါတယ်။

မြန်မာနိုင်ငံမှာ ကော်ဖီကို မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ် ၊ ရှမ်းပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် စိုက် ပျိုးနေပြီး ကော်ဖီစိုက်ဧက ၅ သောင်းခန့်ရှိကာ ကော်ဖီကို နိုဝင်ဘာလမှ မတ်လအတွင်း ခူးဆွတ်ပြီး ဧပြီလမှ မေလအထိ ပြည်ပသို့တင်ပို့ရောင်းချပါတယ်။

မြန်မာနိုင်ငံမှာ နှစ်စဉ် ကော်ဖီတန်ချိန် ၉၀၀၀ ကျော်ထွက်ရှိပြီး မြန်မာ့ကော်ဖီကို ပြည်ပတင်ပို့တယ့်အခါ ကုန်ကြမ်းအနေဖြင့်သာတင်ပို့နိုင်ပြီး ၊ တင်ပို့ရာမှာလည်း Arabica ကော်ဖီကိုသာ ကမ္ဘာ့ဈေးကွက်ကို အဓိက တင်ပို့ရောင်းချပါတယ်။


Chit Khon Cho (AMIA )

News

ဆက်စပ်သတင်းများ

May 4, 2024