ပင်မစာမျက်နှာ သတင်းနှင့်ဆောင်းပါး
2023-11-22
Share to
မြေပဲစိုက်တောင်သူများအရှုံးမပေါ်စေရန် လှောင်တန်းဝင် မြေပဲတောင့်များကို ဈေးပိုပေးဝယ်ယူ

နိုဝင်ဘာ ၂၀
မြေပဲဆံဈေးဆက်တိုက်ကျဆင်းမှုကြောင့် တောင်သူများ အရှုံးမပေါ်စေရန် လှောင်တန်းဝင် မြေပဲတောင့်အ ခြောက် တင်း ၈၀၀၀၀ ကို ဈေးကွက်ပေါက်ဈေးထက်ပိုပေးပြီ; မကွေးတိုင်းဒေသကြီး တောင်သူဖွံ့ဖြိုးရေး အဖွဲ့က နိုဝင်ဘာလ ၂၀ ရက်နေ့မှ စတင်ပြီး ဝယ်ယူသည်။

 

မြေပဲဆံဈေးသည် ဆက်တိုက်ကျဆင်းလာနေသောကြောင့် မြေပဲစိုက် တောင်သူများ အရှုံးမပေါ်စေရန်နှင့် ဈေးနူန်း ထပ်မံကျဆင်းခြင်းမရှိစေရေးအတွက် သိုလှောင်မည့်စနစ်ဖြစ်ဝယ်ယူ ထိန်းထားခြင်းဖြစ်ကြောင်း သိရသည်။တောင်သူများထံမှ ဝယ်ယူထားသည့် မြေပဲတောင့်များအား ပြည်ပတင်ပို့ရာတွင် ပြန်လည်ရရှိမည့် အကျိုးအမြတ်၏ ၂၀ ရာခိုင်နူန်းကို လည်း တောင်သူများကို ပြန်လည်ပေးအပ်မည်ဖြစ်ကြောင်း ဟု မကွေး တိုင်းတောင်သူဖွံ့ဖြိုး တိုးတက်ရေးအဖွဲ့အတွင်း ရေးမှူး ဦးစိုးလွင်အေးမှ ပြောသည်။

 

" သွားရေးလာရေးအခက်အခဲကြောင့် မြေပဲဆံဈေးကွက်ကျနေတယ်၊ မြေပဲဆန်ကိုထားမယ်ဆိုရင်အစိုဓာတ်ပြန် လို့ ကြာကြာထားလို့မရဘူး ၊ဒါကြောင့်အတောင့်ကို နေပြန်လှန်းစရာမလိုတဲ့ အတောင့်ကို တင်းပေါင်း ၈၀၀၀၀ ဝယ်မှာပါ ၊ဘာပွဲစားခမှလည်းမပေးရပါဘူး။ အဖွဲ့ဝင်မဟုတ်တဲ့တောင်သူတွေဆီကနေလည်းအကုန်ဝယ်မှာပါ" ဟုဦး စိုးလွင်ကရှင်းပြသည်။

 

ယနေ့စတင်ဝယ်ယူသည့်နေ့ တွင် လှောင်တန်းဝင်သည့် မြေပဲအဖြူတောင့် ၂၅ ပေါင် ကို ၂၅၅၀၀ ကျပ်၊ မြေပဲ အနီတောင် ၂၅ ပေါင်ကို ၂၅၀၀၀ ကျပ်ဖြင့် စတင်ဈေးဖွင့်ကာ ဝယ်ယူပေးနေကြောင်း ၊အဆိုပါ အဖွဲ့မှ ဝယ်ယူ ပေးနေသည့် မြေပဲဈေးသည် ပြင်ပတွင် ဝယ်ယူနေကြသည့် မြေပဲအတောင့်ဈေးထက် ဈေးပိုမိုရရှိသဖြင့် တောင် သူများဘက်မှလည်း ရောင်းချမှုများရှိကြောင်းသိရသည်။

 

လက်ရှိ မြေပဲအတောင့်ဝယ်ယူသည့် ပြင်ပဈေး ကွက် တွင် မြေပဲအနီတောင့် ၂၅ ပေါင်ကို ၁၅၀၀၀ ဝန်းကျင်သာရှိခဲ့ပြီး မြေပဲအဖြူတောင့် ၂၅ ပေါင်ကို ၁၇၀၀၀ ဝန်း ကျင်သာရှိနေကြောင်းသိရသည်။
" အခြောက်လှန်းပေးရလို့ ၁၀၀၀၀ ပိုရတယ်ဆိုရင် အခြောက်လှန်းပေးမှာပေါ့။နေနှစ်ကြိမ်လှန်းပြီးသားကို ထပ် လှန်းရလို့ ထက်ဝက်မလျော့နိုင်တော့ဘူးလေ၊ အပင်နူတ်ပြီး နှစ်နေလှန်းပြီးမှ စက်နဲ့ချွေရတာ ၊အဲ့လိုစက် ကျက ၁၅၀၀၀ လောက်ဆိုရင် နောက်ထပ် နေထပ်လှန်းပြီး အခြောက်ပဲရောင်းတာပိုက်ကိုက်တယ်၊ အရင်ကတက် တော့ တောင်သူတွေ အဆင်ပြေပြီမှတ်တာ ခုတော့ ရှုံးမယ့်အခြေအနေကြုံနေရတယ် " ဟု မကွေးတိုင်း မှ မြေပဲ စိုက်တောင်သူ ဦးထွန်းမြမှပြောသည်။

 

မကွေးတိုင်း တောင်သူဖွံ့ဖြိုးရေးအဖွဲ့မှဝယ်ယူသည့် မြေပဲအတောင့်သည့် သိုလှောင်ရန်အသင့်ဖြစ်နေသည့် အ ခြောက်အတောင့်များဖြစ်ပြီး ပြင်ပဈေးကွက်တွင် မြေပဲခွဲစက်များ၊ပွဲရုံများ၊ကုန်သည်များ ဝယ်ယူနေသည့် မြေပဲ အတောင့်က စက်ကျချက်ခြင်းရောင်းချသည့် အစိုဓာတ်ရှိသေးသည့် မြေပဲတောင့်ဖြစ်ကြောင်းသိရသည်။

 

မြေပဲဆံဈေးအနေဖြင့် မြေပဲအနီလုံးဆံ ၊ မြေပဲအဖြူလုံးဆံ နှင့် ဆီဆံ အားလုံးသည် ဈေးတန်းကျနေပြီး တစ်ပိ ဿာကို ၅၂၀၀ မှ ၅၆၀၀ ကဖပ်သာအမြင့်ဆုံး ရှိနေဟုသိရသည်။ယခုနှစ် မြေပဲစိုက်ပျိုးစရိတ်သည် တစ်ဧကကို ၆ သိန်းမှ ၇ သိန်းခွဲဝန်းကျင်အထိရှိနေကြောင်းသိရသည်။

Chit Khon Cho (AMIA )

News

ဆက်စပ်သတင်းများ

May 4, 2024