ပင်မစာမျက်နှာ သတင်းနှင့်ဆောင်းပါး
2023-11-17
Share to
ပြည်တွင်းဝယ်လိုအားကောင်းခြင်းကြောင့် ကြံကြိတ်ခွဲ ရာသီတွင် သကြားစက်များကြံဈေးမြှင့် ဝယ်ယူနေဟုဆို

နိုဝင်ဘာ-၁၄
ပြည်တွင်းသကြားဈေးမြင့်တက်နေခြင်းကြောင့် ယခုနှစ် ကြံကြိတ်ခွဲ ရာသီ အစတွင် သကြားစက်များက ယခင်နှစ်များထက် ကြံဈေးနှုန်းများ တိုးမြှင့်ပေးပြီး ဝယ်နေကြောင်း ကြံစိုက် တောင် သူများကပြောသည်။

သကြားဈေးကွက် ကောင်းမွန်နေသည့်အတွက် ပြည်တွင်း သကြားစက်ရုံအသီးသီးမှ ကြံဈေးနှုန်းများကို တိုးမြှင့်ပေးနေ ခြင်းဖြစ်ပြီး ပြီးခဲ့သည့် နှစ်ကြံကြိတ်စ ရာသီတွင် ကြံတစ်တန်လျှင် ၉၀၀၀၀သာ ပေးဝယ်ကြပြီး ယခုနှစ်ကြံကြိတ်ခွဲ စရာသီ တွင် တစ်သိန်းခွဲ ထိ ပေးဝယ်လာကြောင်း သိရသည်။

စက်တင်ဘာ လက ၂၀၂၃-၂၀၁၄ ကြံကြိတ်ရာသီ တွင် သကြားစက်ရုံတချို့ မှ ကြံတစ်တန် ကို တစ်သိန်း နှစ်သောင်းအထိ သာ အများ ဆုံးပေး ဝယ်ယူ မည်ဟု ကြော်ငြားခဲ့သော်လည်း သကြားဈေးကောင်းနေ၍ တချို့သကြား စက်ရုံများမှ ကြံဈေး အားတစ်သိန်းခွဲထိ တိုးပေးမည်ဟု ကြောငြာ အသိပေးလျက်ရှိ သည်။

“ ပြီးခဲ့တဲ့ နှစ်က ကြံကြိတ်ရာသီ အစက တစ်သိန်း ကို ၉သောင်းပဲ ပေးခဲ့တာ ပြီးမှ သကြားဈေးကောင်းလာလို့ စက်ရုံတွေက ထပ်ပြီးပို ပေးဝယ်ကြတာ။ အခု က အစမှာတင် တစ်သိန်း ကျော်စပေးတဲ့ သကြားစက်ရုံတွေရှိ သလို ၊တစ်သိန်းခွဲ ပေးမယ်လို့ ကြော်ငြာထားတဲ့ စက်ရုံတွေလည်းရှိတော့ ကြံစ်ုက်တောင်သူတွေ အတွက် အားတက်တာပေါ့ ၊အဓိက သကြားဈေးကောင်းလာလို့ ပိုပေးလာကြတာ”ဟု ရှမ်းတောင် ရွှေညောင် မှ ကြံ စ်ုက်တောင်သူတစ်ဦး ကပြောသည်။

ပြည်တွင်းသကြားစက်ရုံများ အနက် ရွှေညောင် မှ မြဘုရင် သကြားစက်ရုံမှ တစ်သိန်းခွဲပေးဝယ်မည်ဖြစ်ပြီး နဝဒေ သကြားစက်ရုံ အနေဖြင့် အဖူးအမြစ်ကင်းစင်ကာ သန့်ရှင်းလတ်ဆက်သည့် ကြံတစ်တန် ကို တစ်သိန်း နှစ်သောင်းခွဲ ဖြင့် လည်ကောင်း၊ ငွေရည်ပုလဲ သကြားစက်ရုံ နှင့် မိုင်းရယ် သကြားစက်ရုံ အနေဖြင့်စက်ရုံ ရောက်ဈေး တစ်သိန်းနှစ် သောင်း ဖြင့်လည်ကောင်း ဝယ်ယူ ပေးမည် ဟု ကြိုတင် ကြော်ငြာထား ကြောင်း လည်း သိရသည်။

" သကြားဈေးက ၂၀၂၃ခုနှစ် နှစ်စပိုင်းကတည်း ကကောင်းလာတာ ။ နိုင်ငံတကာဈေး မှာလည်း မြင့် နေတော့ သကြားဈေးကောင်းနေတာ။ အရင်လို ထိုင်းသကြားတွေလည်း သိပ်မဝင်တော့ သကြားဈေး ကအမြင့် ဈေးမှာ ရှိနေတာပေါ့ သကြားဈေးတက်တော့ ကြံဈေးပါ မြင့်လာတဲ့ သဘောပါ။” ဟု ပဲခူးတိုင်းဒေသကြီးမှ ကြံစိုက် တောင်သူ ကို ကျော်သူက ပြောသည်။

ဈေးကွက်တွင် လက်ကျန် နည်းလာပြီး ဖြစ်သည့် အတွက် သကြားဈေးအမြင့်ဈေးတွင်ရှိနေ ခြင်းဖြစ်ပြီး ရန်ကုန် တွင် သကြားတပိဿလျှင် ယခင် ၃၃၀၀ကျပ် ဝန်းကျင် မှ ၃၆၀၀ကျပ် ဝန်းကျင်အထိ ဈေးဖွင့်ရောင်းချနေ ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် တစ်နှစ်လျှင် ပျမ်းမျှ သကြားတန်ချိန် လေးသိန်း ခန့် စိုက်ပျိုးထုတ်လုပ်ပြီး ပြည်တွင်း စား သုံးရန် အတွက်ချန်ကာ ပိုလျှံသကြားများကို ပြည်ပသို့ တင်ပို့ ရောင်းချကြောင်း မြန်မာနိုင်ငံ သကြား နှင့် ကြံထွက် ပစ္စည်းလုပ်ငန်းရှင်များအသင်း မှသိရသည်။ပြီးခဲ့သည့် နှစ်က တချို့ ပြည်တွင်းသကြားစက်ရုံများ မှ သကြားဈေးကောင်းခဲ့သည်အတွင် စက်ရုံသို့ ရောင်း ချခဲ့သည့် တောင်သူများ အား အမြတ်ငွေ ထပ်မံခွဲ ဝေ ပေးခြင်းများလည်းရှိခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံ၏ ကြံကြိတ်ခွဲရာသီသည် နှစ်စဉ် နိုဝင်ဘာလနှင့် ဒီဇင်ဘာလများမှ စတင်နေခြင်း ဖြစ်ကြောင်း သိရသည်။

ဖိုးချဲ (AIMA)

News

ဆက်စပ်သတင်းများ

May 4, 2024