ပင်မစာမျက်နှာ သတင်းနှင့်ဆောင်းပါး
2023-11-17
Share to
မြန်မာ – ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်မှုရပ်သည့်အတွက် ပြည်တွင်းဈေးကွက်တွင် ဂျင်းဈေးကျဆင်းနိုင် ဟုဆို

 

နိုဝင်ဘာ ၁၄

မြန်မာ - ဘင်္ဂလားဒေ့ရှ်နယ်စပ်ကုန်သွယ်မှုရပ်သွားသည့်အတွက် မြန်မာ့ချင်းတက် (ဂျင်းတက်) တင်ပို့မှုမရှိ တော့သဖြင့် ပြည်တွင်းဈေးကွက်တွင် ဈေးနှုန်းများ ကျဆင်းလာနိုင်ကြောင်း ကုန်သည်အချို့မှ ပြောဆိုနေကြ သည်။

ပြည်တွင်းထွက် ဂျင်းအစိုကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရခိုင်ပြည်နယ် ကုန်သွယ်ရေး စခန်းများမှ တဆင့် တင် ပို့ခြင်းဖြစ်ပြီး လက်ရှိ ရခိုင်ပြည်နယ်နှင့် ပြည်မ ဆက်သွယ်ထားသည့် ကုန်သွယ်ရေးလမ်းကြောင်းများ ပိတ် နေခြင်း၊ နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းများ ရပ်ဆိုင်းထားရခြင်း တို့ကြောင့် ပြည်ပသို့ဂျင်းတင်ပို့ နိုင်ခြင်းမရှိ သဖြင့် ဈေးနှုန်း ကျဆင်းလာနိုင်ခြင်းဖြစ်ဟု ၎င်းတို့ကပြောသည်။

လက်ရှိ ဂျင်းအစိုဈေးသည် အောင်ပန်းကုန်စည်ဒိုင်ဈေးကွက်တွင် အရည်အသွေး အပေါ်လိုက်ပြီး တစ်ပိဿာကို ၂၅၀၀ ကျပ်မှ ၃၈၀၀ ကျပ်အထိ ရှိပြီး ဈေးကွက်တွင် တစ်ပိဿာကို ၉၀၀၀ ကျပ်အထိရှိနေကြောင်းသိ ရသည်။

" ဂျင်း အဝယ်ရပ်သွားပြီ၊အဓိက ရှမ်းပြည်တိုက်ပွဲကြောင့်ရော အခုရခိုင်ပြည်နယ် ကုန်သွယ်ရေးရပ်တာကြောင့် ဂျင်းအစိုအဝယ်ရပ်ကုန်ကြတယ်၊လှောင်သမားတွေလောက်ပဲဝယ် လှောင်မယ့်သဘောရှိနေတယ်၊ ဈေးကတော့ ဝယ်လိုအားနည်းပြီး ရောင်းလိုအားမျာသရင် ကျတာ ထုံးစံပဲ " ဟု ရှမ်းပြည်နယ် ကုန်သည်တစ်ဦးမှ ပြောသည်။

ယခုရာသီသည် ဘင်္ဂလား ဒေ့ရှ့်ဘက်မှ ဂျင်းတက်ဝယ်ယူလေ့ရှိသည့် ရာသီဖြစ်သော်လည်း ကုန်သွယ်မှု မ လုပ်နိုင်သည့် အတွက် တောင်သူများအတွက်နစ်နာမှုများရှိကြောင်းသိရသည်။ဂျင်းအစိုကို ရခိုင်ပြည်နယ် ရှိ စစ်တွေကုန်သွယ်ရေးစခန်းနှင့် မောင်တောကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်ကို အဓိကတင်ပို့ရောင်းချခြင်း ဖြစ် သည်။

" ဂျင်းကို ဘင်္ဂလား ဒေ့ရှ်ကပဲအဓိကဝယ်တာ၊သူတို့အဝယ်လိုက်ရင် ဈေးကတက်တယ်၊အဝယ်နည်းသွားရင် ဈေးကကျတယ်၊ ဂျင်းတက်ဈေးက ရခိုင်ကုန်သွယ်ရေးပွင့်မပွင့်အပေါ် မူတည်နေတယ် " ဟု ကုန်ခြောက်ပွဲရုံပိုင် ရှင် ဖြစ်သူတစ်ဦးက သုံးသပ်ပြောသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည့် ယခုနှစ် ဇွန်လ နှင့် ဇူလိုင်လတွင် မြန်မာနိုင်ငံမှ ဂျင်းတက်အစို တန်ချိန်အများအပြား ကို ဈေးကောင်းပေးကာ ဝယ်ယူခဲ့သဖြင့် ဂျင်းအစိုဈေးသည် တစ်ပိဿာကို ၁၀၀၀၀ ကျပ်အထိရှိခဲ့ကြောင်း သိရ သည်။

လက်ရှိ ပြည်တွင်းတွင် ဂျင်းတက်အစိုကို မီးဖိုချောင်သုံးပစ္စည်း အဖြစ်အသုံးပြုကြသလို ၊ ဆေးဝါးဖော်စပ်သည့် လုပ်ငန်း ၊ စားသောက်ကုန်များ၊ အသင့်စား ဂျင်းလှီးပေါက် အဖြစ်သာ အသုံးပြုမှုရှိဟုသိရသည်။

ဂျင်းတက်ကို ရှမ်းပြည်နယ်တွင် အများဆုံး စိုက်ပျိုးပြီး ချင်းပြည်နယ်သည် ဒုတိယ အများဆုံးစိုက်ပျိုးကြောင်း ၊ မြန်မာနိုင်ငံတွင် ဂျင်းစိုက်ဧကပေါင်း ၁၅၀၀၀ ဧက အထက်ရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာန၏ အချက်အ လက်များအရသိရသည်။ဂျင်းတက်ကို နှစ်စဉ် ဧပြီလတွင် စိုက်ပျိုးလေ့ရှိ ပြီး ဇွန်လ နှင့် ဇူလိုင်လတို့တွင် ပထမတစ်ကြိမ် တူးဖော် ရောင်းချကြ ပြီး စက်တင်ဘာလ ဲနှင့် အောက်တိုဘာလ တို့တွင် နောက်တစ်ကြိမ် ထပ်မံ တူးဖော်ကာ ဈေးကွက် ကိုရောင်းချရလေ့ရှိသည့် နှစ်သီးစား သီးနှံဖြစ်ဟုသိရသည်။


Chit Khon Cho (AMIA)

News

ဆက်စပ်သတင်းများ

May 4, 2024