ပင်မစာမျက်နှာ သတင်းနှင့်ဆောင်းပါး
2024-06-10
Share to
အဝင်နည်း၍ ကုလား ပဲစျေး မြင့် တက် နေသော်လည်း စျေးကွက်အေး နေ 

ဇွန်လ ၁၂.၂၀၂၄ 

ပြည်တွင်း စားသုံးသည့် ကုလားပဲ အဝင်နည်း၍ စျေး မြင့် တက်နေကြောင်း ပဲကုန်သည်များ ထံမှ သိရသည်။ 

လက်ရှိ ပြည်တွင်းပဲ အထွက်နှုန်းမှာ စိုက်ပျိုး၊ သယ်ယူစရိတ်နှင့် အထွေထွေကုန်ကျစရိတ်များ မြင့်နေပြီး  နယ်မြေမတည်ငြိမ်မှုများ ကြောင့် စိုက်ဧက လျော့နည်း၍အထွက်နှုန်းလည်း လျော့ကျနေကြောင်း လည်း သိရသည်။ 

ထို့ အပြင်ကျပ်ငွေတန်ဖိုးကျဆင်းနေတာကြောင့် ပို့ကုန်ပဲများနည်း အတူ ကုလား ပဲမှာလည်း လိုက်ပါ မြင့်တက်လာခြင်းလည်း ဖြစ်သည်။

“ အထွက် နှုန်း ကျပြီး စျေး ကွက် အဝင်နည်းလာတယ် ။ အိန္ဒိယ က လဲ အထွက်နှုန်းနည်း ပြီးလိုအပ်ချက်ရှိ လို့ စျေးတက်လာတာ လက်ရှိတော့ ကုလားပဲက ပြည်ပကနေ  အဝယ်နည်း ပြီး ပဲခွဲစက်တွေ ကလည်း   အဝယ်နည်းတဲ့ အတွက် စျေးကွက် အေးနေတယ်။ “ ဟု မန္တလေး ကုန်စည်ဒိုင် မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ 

ယခင်က မေ လ အစ က ကုလား ပဲ ပိဿာ ၂၀ ဝင်  တစ်အိတ် လျှင် ၈၂၀၀၀ ဝန်း ကျင် မှ စပြီး မြင့် တက်ခဲ့ရာ  ဇွန်လ ၁၁ ရက်နေ့ တွင် ပိဿာ ၂၀ ဝင် တစ်အိတ် လျှင် ၈၈၀၀၀ အထိ  မြင့် တက်လာကြောင်း အောင်လံ ကုန်စည်ဒိုင် မှ သိရသည်။ 

ယင်အပြင် ကုလားပဲခြမ်း တပိဿလျှင် ယခင် ၅၅၀၀ မှ အခု ၅၇၅၀ အထိ  မြင့်တက်လာကြောင်း မန္တလေး ကုန်စည်ဒိုင်မှ သိရသည်။

“ ကုလားပဲ က ပြည်တွင်းစား တာများတယ်။   ပြည်တွင်းစားသုံး တဲ့ ပဲတွေ စျေးကျ လဲ အများကြီး မကျဘူး။ မတ်ပဲ တို့ လိုပြည်ပ တင် ပို့ မှု မရှိလဲ  သိပ်မထိခိုက်ဘူး ။ပြည်တွင်း စားသုံးမှု ရှိ တော့  အဆင်ပြေတယ် ” ဟု မန္တလေး ပဲကုန်သည်တစ်ဦး ကပြောသည်။

ပြီးခဲ့တဲ့ မေလ မှ စတင်ကာ မြန်မာကျပ်ငွေတန်ဖိုးကျပြီး ဒေါ်လာငွေလဲနှုန်း မြင့်တက်နေသော ကြောင့် ကုလားပဲ အပါအဝင် ပဲမျိုးစုံဈေး စျေးများ မြင့်တက်လာကြောင်း ဈေးကွက် မှ သိရသည်။ 

တောင်သူအများစု အနေဖြင့် ကုလားပဲမျိုးကို မျိုးချန်စနစ်ဖြင့် စိုက်ပျိုးကြပြီး နှစ်စဉ် ကုလားပဲကို အောက်တို ဘာလနှင့် နိုဝင်ဘာလများတွင် မိုးရေအစိုဓာတ်ဖြင့် လည်းကောင်း၊ ရေစက် များဖြင့် ရေတင်၍ လည်းကောင်း ယာမြေများ၌ စိုက်ပျိုးကြကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် နှစ်စဉ်ပဲမျိုးစုံ စိုက် ဧက ၁၁ သန်းကျော်ရှိပြီး ကုလားပဲ ၈ရာခိုင်နှုန်းထိ စိုက်ပျိုး ထုတ်လုပ်လျက်ရှိကြောင်းသိရသည်။

ဖိုးချဲ(AMIA)

News

ဆက်စပ်သတင်းများ