ပင်မစာမျက်နှာ သတင်းနှင့်ဆောင်းပါး
2024-02-07
Share to
ယခု နှစ် ဇန်နဝါရီ လ အတွင်း ပြည်ပသို့ ဆန်နှင့် ဆန်ကွဲ တင်ပို့ မှု မတ်ထရတ်တန် ချိန် ၂၁သိန်းကျော် တင်ပို့ထား နိုင်သော်လည်း တင်ပို့မှုလျော့ ကျ နေဆဲဖြစ်



ယခု နှစ် ဇန်နဝါရီ လ အတွင်း ပြည်ပသို့ ဆန်နှင့် ဆန်ကွဲ တင်ပို့ မှု မတ်ထရတ်တန် ချိန် ၂၁သိန်းကျော် တင်ပို့ ထား နိုင်သော်လည်းတင်ပို့မှုလျော့ ကျ နေဆဲဖြစ် ကြောင်း သိရသည်။

သို့သော် အခုဘဏ္ဍာနှစ်အတွင်း ဇန်နဝါရီလမှာ ဆန်တင်ပို့မူ အမြင့်ဆုံး ဖြစ်ပြီး ဆန်နှင့် ဆန်ကွဲ တင်ပို့ခြင်း ကို ပြည်တွင်းကုမ္ပဏီ ၇၀ ကျော် မှ တင်ပို့ခဲ့ ခြင်း ဖြစ်ကြောင်းသိရသည်။

အဆိုပါ ကုမ္ပဏီများ မှ ဆန် တန်ချိန် ၁၃၇၁၄၄ တန် နှင့် ဆန်ကွဲ တန်ချိန် ၇၆၄၆၁ တန် အသီးသီးတင်ပို့ ခဲ့ ခြင်း ဖြစ်သည်။

ပြီးခဲ့ သည့် နှစ် ကာလတူ က ဆန် ကို တရုတ်နိုင်ငံ သို့ အများဆုံး တင်ပို့နိုင်ခဲ့သော်လည်း ယခုနှစ်ဇန်နဝါရီလမှာတော့ တရုတ်နိုင်ငံသို့ တင်ပို့ မှု လျော့ကျ ခဲ့ ကာ အင်ဒိုးနီးရှားနိုင်ငံ သို့ အများဆုံး တင်ပို့ နိုင်ခဲ့ကြောင်း လည်း သိရသည်။

“ ဇန်နဝါရီလ က တင်ပို့ မှု မြင့်တက်လာတယ်လို့ ပြောရမယ်။ ဒါပေမဲ့ ဆန် နဲ့ ဆန်ကွဲ တင်ပို့မှုက တော့ ကျနေဆဲပဲ ။ ပြည်ပဆန်တင်ပို့မှု လျော့နည်းကျဆင်းလာတာ က ပို့ကုန်ဆိုင်ရာ မူဝါဒ အားနည်းချက်နဲ့ ပြည်တွင်းဆန်ဈေး ကြီးမြင့်နေတာတွေလဲ ပါမယ်ထင်တယ်။ တရုတ်နိုင်ငံ ဆို သိသိသာသာ ကျ သွားတယ်
“ဟု ဆန်ကုန်သည်တစ်ဦး ကပြောသည်။

မြန်မာနိုင်ငံကနေ ပြည်ပကို ဆန်နဲ့ ဆန်ကွဲ တင်ပို့ရောင်းချမှုအနေဖြင့် ၂၀၂၃ ခုနှစ် ဧပြီလကနေ ၂၀၂၄ ခုနှစ် ဇန်နဝါရီအထိ ၁၀ လအတွင်း စုစုပေါင်း တန်ချိန် ၁ ဒသမ ၁ သန်းကျော်သာ ရှိခဲ့ကြောင်းသိရသည်။

ထို့ကြောင့် အရင်နှစ် အလားတူကာလတူ ဖြင့် နှိုင်းယှဉ်ပါက တန်ချိန် ၇၄၀၀၀၀ ကျော် လျော့ကျခဲ့ကြောင်း သိရသည်။

လက်ရှိ ပြည်တွင်းဆန် ဖူလုံမှု၊ ပိုလျှံမှုကအမှန်တကယ်ရှိသောကြောင့် ပြည်သူများစိုးရိမ်ဖို့မလိုအပ်ကြောင်း၊ ပြည်သူတွေအနေဖြင့် ဆန်စပါး ဝယ်ယူစုဆောင်းခြင်းများ မလုပ်ကြရန် နှင့် လိုအပ်သည့် ပမာဏကိုသာ ဝယ်ကြရန် ဆန်စပါးအသင်းချုပ်က ထုတ်ပြန်ထားသည်။

ဆန်ကုန်သည်အသင်း များ မှ ထုတ်ပြန် ထား သည့် စျေး ထပ် ​ မြေပြင်တွင် ဆန်စျေး နှုန်း များ မြင့်တက်နေ ကြောင်း သိရသည်။

“ ဆန်စျေးတွေ က တခါဝယ် တခါတက်နေတယ် ။ မြေပြင်တကယ့်လက်​တွေ့ဝယ်စား​နေရတာက​တော့ တက်​စျေး​တွေနဲ့ဝယ်​နေရတယ်။ “ ဟု စားသုံးသူတစ်ဦး ကပြောသည်။

ယင်းအပြင် ဆန် တင်ပို့သူများ အဆင်ပြေစေရန် ဆန်တင်ပို့သူ နှင့် စက်သုံးဆီ /စားသုံးဆီ ပြန်လည် တင်သွင်းမည့် သူတို့ ကို ချိတ်ဆက်ပေးနိုင်ရန် လုပ်ငန်းစဉ် များကို လုပ်ဆောင်သည့် အခါ တစ်ဆင့်ပြီးတစ်ဆင့် လုပ်ဆောင်ရမည် ကိစ္စ ရပ်များ ကို ရှင်းလင်းဖော်ပြထားသည့် လုပ်ထုံးလုပ်နည်းလမ်းညွှန်( system operating procedure )SOP ရေးဆွဲ ပြီးစီး ထားကြောင်းလည်း သိရသည်။

ဖိုးချဲ(AMIA)

News

ဆက်စပ်သတင်းများ

May 4, 2024