ပင်မစာမျက်နှာ သတင်းနှင့်ဆောင်းပါး
2023-11-08
Share to
တောင်သူတိုင်းသတိထားသင့်တဲ့ အပင်ခြေမှိုစွဲရောဂါ

အခုရက်ပိုင်း တောင်သူကြီးတို့ ပဲ၊ ငရုတ်အပင်တွေရဲ့ အပင်ခြေမှာ အဖြူရောင်မှိုမျှင်လေးတွေ အဖြစ်များတာကို တွေ့ရပါတယ်။ အပင်ခြေမှိုစွဲရောဂါလို့ ခေါ်တာပေါ့။ ဒီနေ့ အပင်ခြေမှိုစွဲရတဲ့ အကြောင်းရင်းကို လေ့လာကြည့်ကြရအောင်ဗျာ...

• အပင်ခြေမှာ မှိုစွဲရတာဟာ အများအားဖြင့် Sclerotinia Sclerotiorum ဟုခေါ်သော မှိုကြောင့် ဖြစ်ပါတယ်။

• ၎င်းသက်ရှိသည် ကူးစက်ခံရသော အပင်အကြွင်းအကျန်များတွင် Sclerotia အနေဖြင့် ရှင်သန်နိုင်ပြီး မျိုးစေ့၊ မြေကြီးထဲမှာ ရှင်သန်၍ ကူးစက်နိုင်သည်။

• စိုက်နည်းစနစ်နှင့် ပတ်ဝန်းကျင်အခြေအနေပေါ် မူတည်၍ မြေကြီးထဲတွင် (၃-၅)နှစ်အထိ ရှင်သန်နေနိုင်သည်။

• တစ်ခါတစ်ရံတွင် Sclerotia မှ အညှောင့်ပေါက်လာပြီး Mycelium ဟုခေါ်သော မှိုမျှင်လေးများ ထွက်လာကာ မြေကြီးနဲ့ နီးကပ်သော အပင်အစိတ်အပိုင်းများကို တိုက်ရိုက်တိုက်ခိုက်နိုင်သည်။

• မှိုမျှင်လေးမှတစ်ဆင့် မှိုမျှင်စုကြီးဖြစ်လာကာ ခံနိုင်ရည်မရှိသော အပင်များကို ဝင်ရောက်တိုက်ခိုက်ပြီး တစ်ပင်မှတစ်ပင်သို့ တိုက်ရိုက်ထိတွေ့ခြင်းဖြင့် ဖြစ်စေ၊ စိုက်ခင်းသုံးကိရိယာများမှတစ်ဆင့် ဖြစ်စေ ကူးစက်ပျံ့နှံ့နိုင်သည်။

• အစိုဓာတ်များလျှင် ရောဂါကူးစက်နိုင်မှု ပိုများပါသည်။

လက္ခဏာများအနေဖြင့်

• ဦးစွာ ပင်စည်နှင့် အသီးပေါ်တွင် ရေစိုနာကွက် ဒဏ်ရာများကို တွေ့နိုင်သည်။

• ရောဂါဖြစ်စေသက်ရှိသည် မြေကြီးနဲ့ ကပ်လျက်ရှိသော ပင်စည်ကို ဦးစွာ တိုက်ခိုက်သည့်အတွက် အပင်ကို မြန်ဆန်စွာ ညှိုးသွားစေကာ တစ်ပင်လုံး သေသည်အထိပါ ဖြစ်နိုင်သည်။

• Acetic acid ထုတ်လုပ်ကာ ရောဂါကူးစက်ခံရသော ပင်စည်နဲ့ သီးတောင့်များသည် ထုံးခြောက်ရောင်မှ အဖြူရောင် ဖြစ်သွားသည်။ အတွင်းရော အပြင်ဘက် မျက်နှာပြင်မှာပါ sclerotia များ ရှိနေတတ်သည်။

• အသစ်ဖြစ်ပေါ်လာသော မှိုလုံးလေးများသည် အဖြူရောင်ဖြစ်ပြီး နောက်ရက်အနည်းငယ်ကြာပြီးနောက် အနက်ရောင်သို့ ပြောင်းလဲသွားသည်။

• အခြားသော မှိုများသည်လည်း မှိုမျှင်များထုတ်လုပ်ကာ ပင်ကြွင်းပင်ကျန်များတွင် ရှင်သန်နေနိုင်သည့်အတွက် ခွဲခြားရန် ခက်ခဲနိုင်သည်။

ကာကွယ်နှိမ်နင်းနည်းများ

• ခံနိုင်ရည်ရှိသော မျိုးများကို စိုက်ပျိုးပါ။

• အပင်အနီးတစ်ဝိုက်နှင့် စိုက်ခင်းအတွင်း စိုထိုင်းဆများ လျော့ချပါ။

• စိုက်ခင်းအတွင်း ရောဂါဖြစ်စေသက်ရှိများ မရှင်သန်နိုင်အောင် ပေါင်းပင်များ၊ အမှိုက်သရိုက်များ ရှင်းလင်းပါ။

• အပင်ဒဏ်ရာမရအောင် ဂရုစိုက်ပါ။

• ဆေးသုံးမည်ဆိုပါက မြန်မာ့ဩဘာမှ နီဗိုစူပါကို အပင်ခြေ ရွှဲနေအောင် ဖျန်းပေးပါ။

News

ဆက်စပ်သတင်းများ