တောင်သူကြီးများ အသုံးပြုလိုက်သော အစာအာဟာရများကို ကြက်သွန်ပင်မှ ပြည့်ပြည့်ဝဝ စားသောက်ပြီး ကောင်းစွာကြီးထွားနိုင်စေရန်အတွက် ပေါင်းနှိမ်နှင်းရန် အထူးလိုအပ်ပါသည်။
စိုက်ပြီးကတည်းက ပေါင်းမပေါက်နိုင်စေရန် ပေါင်းအုပ်ဆေးသုံးခြင်း၊ လက်ပေါင်းလိုက်ခြင်းများကို မဖြစ်မနေလုပ်ဆောင်သင့်ပါတယ်။
အရွက်များစတင် ကျချိန်တွင် ပေါင်းရှင်းရန် မလိုတော့ပါ။ မြေအလွန်ကြပ်နေပါက နွားချေး၊ မြေဆွေး၊ ထပ်မံထည့်ပေးပါ။ ကြက်သွန် ပန်းဖူးများကို အပတ်စဉ် ချိုးပေးပါ။
ကြက်သွန်ခင်းသည် မစိုလွန်း၊ မခြောက်လွန်းသော အခြေအနေတွင် အမြဲရှိနေရန် လိုအပ်ပြီး ရေသွင်းချိန်ရောက်၊ မရောက်ကို ကြက်သွန်ပင် အခြေအနေကိုကြည့်၍ သိနိုင်သည်။
ကြက်သွန်ပင် ရေငတ်ပါက အရွက်များ ပြာမှိုင်းပြီး နွမ်းခွေလာသည်။ မြေအလွန် ခြောက်အောင်ထားပြီး ရေသွင်းက ကြက်သွန်ခွံ အက်ကွဲတတ်သည်။
ပုံမှန်အားဖြင့် တစ်ပတ်လျှင် တစ်ကြိမ် ရေသွင်းပေးရသည်။ ရာသီပူပြင်းပါက (၄-၅)ရက်ခြား တစ်ကြိမ်ရေပေးသွင်းရန်လိုသည်။ အရွက်များ စတင်ကျလာချိန်တွင် ရေပေးသွင်းခြင်းကို ရပ်လိုက်ရမည်။
မြေသားပေါ် မူတည်ပြီး ရေသွင်းချိန် (၅)ကြိမ်မှ (၈)ကြိမ်ထိရှိရပါမည်။
လှေးပိုး၊ပျပိုး၊ ခါးရိရောဂါ၊ဂျိုလိမ်၊ တောက်တဲ့မြီးရောဂါ၊ ဒေါင်းမြီးရောဂါတိုတို့ ကျရောက်တတ်သည်။ အပင်ပိုး ကျရောက်မှု အခြေအနေပေါ် မူတည်ပြီး ပင်လုံးပြန့် ပိုးသတ်ဆေးဖြင့် ပက်ဖျန်းကာကွယ် နှိမ်နှင်းပါ။ မှိုရောဂါကျရောက်နိုင်သည့် မိုးအုံ့ခြင်း၊ မိုးဖွဲဖွဲရွာခြင်း စသော ရာသီဥတု ဖောက်ပြန်မှုရှိပါက သင့်တော်သော မှိုသတ်ဆေးဖြင့် ကြိုတင်ကာကွယ်ပါ။
ယခုရက်ပိုင်းထဲ မိုးတွေ ဆက်တိုက်ရွာသွန်းနေတဲ့အတွက် မြစ်သားနယ်ဘက်က စိုက်ခင်းများတွင် ခါးရိရောဂါများ ကျရောက်လျက်ရှိပါတယ်။
အပင်ထိပ်ဝါ ခါးရိရောဂါကျနေသောအခင်းများတွင် ရေ ၂၀ လီတာဝင် ဆေးတစ်ပုံးလျှင် သမားတော် ၁၀၀ ဂရမ် + ရီဗိုက် ၁၀ စီစီ + ကျူပရောက်ဆက် ၅၀ စီစီ ထည့်ကာ နှံ့စပ်အောင် ဖျန်းပေးပါ။
ရောဂါထပ်မံပြန့်ပွားမှု မဖြစ်စေရန် ရောဂါကျရောက်ပြီးသားပျိုးပင်များကို ချက်ချင်းဖယ်ရှား၍ ဖျက်ဆီးပစ်ပါ။
ကြက်သွန်သိုလှောင်ချိန်တွင် အထားခံစေရန်အတွက် ကယ်လ်ဆီယမ် ဘိုရွန်ပါသော မြေသြဇာများအသုံးပြုသင့်ပါတယ်။
ရွက်ဖျန်းအားဆေးနှင့် မြေသြဇာများကို ကုန်ကျစရိတ်အသက်သာဆုံးနှင့် အထိရောက်ဆုံးဖြစ်စေရန် စနစ်တကျ ရွေးချယ်အသုံးပြုနိုင်ပါတယ်။
ကြက်သွန်အတွက် အသုံးပြုရမည့် ဆေးများကို အောက်တွင် လေ့လာနိုင်ပါတယ်။