ပရိုဝမ်း

မှိုရောဂါများကာကွယ်ကုသနိုင်သောပင်လုံးပြန့်မှိုသတ်ဆေး

အသေးစိတ်ဖော်ပြချက်

ဆေးအမည် ပရိုဝမ်း ၂၅၀ အီးစီ
အစွမ်းရှိပစ္စည်း (AI) Propiconazole 25%
ဆေးအမျိုးအစား ပင်လုံးပြန့်မှိုသတ်ဆေး
‌ဆေးအာနိသင်ပြန့်နှံ့ပုံ ပင်လုံးပြန့်အာနိသင်ရှိပြီး မှိုမျှင်များ၏ ဆဲလ်နံရံများကို ဖျက်ဆီးပေးကာ ရောဂါဖြစ်ပွားမှုကို ကုသဟန့်တားပေးသည်။
သုံးစွဲ၍ရသောသီးနှံ ပဲမျိုးစုံ၊ မြေပဲ၊ စပါး၊ ငရုတ်၊ ကြက်သွန်နှင့် အခြားသီးနှံများ။
နှိမ်နှင်းနိုင်သော ရောဂါ ဖားဥမှို၊ သံချေး၊ ရွက်ပြောက်၊ မှဲ့ပြောက်စွန်း၊ အော်တာနေးရီးယား၊ စပါးမှိုသီး၊ ရွက်ဖုံးခြောက်။
‌ဆေးနှုန်းထား ရေ ၂၀ လီတာ ဝင်ဆေးဖျန်းပုံးတစ်ပုံးတွင် ၁၀ -၄၀ စီစီထည်သွင်းပြီး တစ်ဧကလျှင် ၅၀ – ၂၀၀ စီစီ ဖြင့် ၅-၈ ပုံးအသုံးပြုပါ။
အသုံးပြုရမည့်အချိန် ရောဂါစတင်ကျရောက်ချိန်မှာ အသုံးပြုပေးခြင်းဖြင့် ရောဂါ ပြန့်ပွားမှုကို ကာကွယ်ကုသနိုင်သည်။
သီးနှံ့မရိတ်သိမ်းမီ နောက်ဆုံးဆေးဖျန်းရက် ၁၄-၂၁ ရက် ( အသုံးပြုသည့် သီးနှံအလိုက် ပြောင်းလဲနိုင်သည်)။
အဓိကအကျိုးကျေးဇူးများ
  • မှိုရောဂါမျိုးစုံကာကွယ်ရုံမက အမြစ်ပြတ်သုတ်သင်နိုင်ပါသည်။
  • ရောဂါပုံမှန်ကျတတ်သော သီးနှံများတွင် ပုံမှန်သုံးစွဲပေးခြင်းဖြင့် ရောဂါမကျအောင်တားပေးပါသည်။
  • အပင်အစိတ်အပိုင်းတွင်းသို့ လျှင်မြန်စွာဝင်ရောက်နိုင်သည်။
  • အပင်အရောင်စိမ်းစေသည့် အာနိသင် နှင့် အပင်အတွက် လိုအပ်သော ဟော်မုန်း ဓာတ် ပါရှိသောကြောင့် ဆေးဖျန်းပြီး အပင်စိမ်းစိုစေပြီး အစာချက်လုပ်မှုအားကောင်းစေကာ သီးနှံပင်ပိုမိုကြီးထွားပြီး အထွက်တိုးစေသည်။

ဆက်စပ်ထုတ်ကုန်များ