ကောမက်ဗိုက်တာ ၉-၉-၉

အသေးစိတ်ဖော်ပြချက်

မြေဩဇာအမည် ကောမက်ဗိုက်တာ 9-9-9
ပါဝင်သော အာဟာရဓာတ်များ နိုက်ထရိုဂျင် (N)9 % + ဖော့စဖောရပ် (P) 9% + ပိုတက်ဆီယမ် (K) 9%
အသုံးပြုရမည့်ပုံစံ ကြဲပက်
အာဟာရဓာတ် တန်ဖိုးများ
  • သီးနှံပင်များအတွက် အများဆုံးလိုအပ်သော အာဟာရဓာတ်များ ညီမျှစွာပါဝင်သည်။
  • အာဟာရဓာတ် ၃ မျိုးကို ညီမျှစွာ ရောစပ်ထုတ်လုပ်ထားသော ကွန်ပေါင်းမြေဩဇာဖြစ်သည်။
သုံးစွဲနိုင်သော သီးနှံ စပါး၊ ကြံ၊ ဂျုံ၊ ပြောင်းနှင့် ဟင်းသီးဟင်းရွက်စသည့်သီးနှံမျိုးစုံ။
သုံးစွဲရမည့် အချိန်
  • သီးနှံများ မစိုက်ပျိုးမီ မြေခံ မြေဩဇာအဖြစ်အသုံးပြုနိုင်သည်။
  • သီးနှံအဆင့်အလိုက်အပင်ကြီးထွားချိန်၊ ပန်းပွင့်ချိန်နှင့် အသီးအနှံများကြီးထွားဖွံ့ဖြိုးချိန်တွင်လည်း အသုံးပြုနိုင်သည်။
နှုန်းထား သီးနှံများ၏ လိုအပ်ချက်အရ တစ်ဧက ၅၀ ကီလိုဂရမ် မှ ၁၀၀ ကီလိုဂရမ် အထိ အသုံးပြုနိုင်သည်။
အဓိကအကျိုးကျေးဇူးများ
  • အချိုးညီအာဟာရဓာတ်များကြောင့် သီးနှံများ ညီညွှတ်မျှတသော အာဟာရဓာတ်များကို ရရှိစေသည်။
  • သီးနှံပင်များ၏ အပင်ပိုင်းနှင့် အသီးအပွင့်များကို ဟန်ချက်ညီညီ ကြီးထွားစေပြီး အမြင့်မားဆုံး အထွက်နှုန်းကို ရရှိစေသည်။
  • ပျော်ဝင်မှုမြန်ဆန်သော ဖော့စဖိတ်ကို အသုံးပြုထားသောကြောင့် အမြစ်ဖွဲ့စည်းအားကောင်းပြီး အသီးအပွင့်များကို ဖြစ်ပေါ်စေသည်။
  • သီးနှံစုံအတွက် ဈေးနှုန်းသက်သက်သာသာဖြင့် အကျိုးကျေးဇူးများများ ရရှိစေနိုင်သည်။

ဆက်စပ်ထုတ်ကုန်များ