ကောမက်ဗိုက်တာ ၁၅-၁၅-၁၅

အသေးစိတ်ဖော်ပြချက်

မြေဩဇာအမည် ကောမက်ဗိုက်တာ 15-15-15
ပါဝင်သော အာဟာရဓာတ်များ နိုက်ထရိုဂျင် (N)15 % + ဖော့စဖောရပ် (P) 15% + ပိုတက်ဆီယမ် (K) 15%
အသုံးပြုရမည့်ပုံစံ ကြဲပက်
အာဟာရဓာတ် တန်ဖိုးများ
  • သီးနှံပင်များအတွက် အများဆုံးလိုအပ်သော အာဟာရဓာတ်များ ညီမျှစွာပါဝင်သည်။
  • အာဟာရဓာတ် ၃ မျိုးကိုညီမျှစွာထုတ်လုပ်ထားသော Blended Compound Fertilizer ဖြစ်သည်။
  • ပျော်ဝင်မှုမြန်ဆန်ပြီး အပင်မှ လွယ်ကူစွာစုပ်ယူနိုင်သော DAP ( Diammonium Phosphate) ဖော့စဖိတ်အမျိုးအစားကိုအသုံးပြုထားသည်။
သုံးစွဲနိုင်သော သီးနှံ စပါး၊ ကြံ၊ ဂျုံ၊ ပြောင်းနှင့် ဟင်းသီးဟင်းရွက် စသည့်သီးနှံမျိုးစုံ။
သုံးစွဲရမည့် အချိန်
  • သီးနှံများ မစိုက်ပျိုးမီ မြေခံ မြေဩဇာအဖြစ်အသုံးပြုနိုင်သည်။
  • သီးနှံအဆင့်အလိုက်အပင်ကြီးထွားချိန်၊ ပန်းပွင့်ချိန်နှင့် အသီးအနှံများကြီးထွားဖွံ့ဖြိုးချိန်တွင်လည်း အသုံးပြုနိုင်သည်။
နှုန်းထား သီးနှံများ၏ လိုအပ်ချက်အရ တစ်ဧက ၅၀ ကီလိုဂရမ် မှ ၁၀၀ ကီလိုဂရမ် အထိ အသုံးပြုနိုင်သည်။
အဓိကအကျိုးကျေးဇူးများ
  • အချိုးညီအာဟာရဓာတ်များကြောင့် သီးနှံများ ညီညွတ်မျှတသော အာဟာရဓာတ်များကို ရရှိစေသည်။
  • သီးနှံပင်များ၏ အပင်ပိုင်းနှင့် အသီးအပွင့်များကို ဟန်ချက်ညီညီ ကြီးထွားစေပြီး အမြင့်မားဆုံး အထွက်နှုန်းကို ရရှိစေသည်။
  • ပျော်ဝင်မှုမြန်ဆန်သော ဖော့စဖိတ်ကို အသုံးပြုထားသောကြောင့် အမြစ်ဖွဲ့စည်းအားကောင်းပြီး အသီးအပွင့်များကို ဖြစ်ပေါ်စေသည်။
  • သီးနှံမျိုးစုံအတွက်ကုန်ကျစရိတ် သက်သာစွာဖြင့် အကျိုးကျေးဇူးများစွာရရှိစေနိုင်သည်။

ဆက်စပ်ထုတ်ကုန်များ