ကောမက်ကြီးထွား

အသေးစိတ်ဖော်ပြချက်

မြေဩဇာအမည် ကောမက်ကြီးထွား
ပါဝင်သော အာဟာရဓာတ်များ နိုက်ထရိုဂျင် (N)15% + ဖော့စဖောရပ် (P) 10% + ပိုတက်ဆီယမ် (K) 0%
အသုံးပြုရမည့်ပုံစံ ကြဲပက်
အာဟာရဓာတ် တန်ဖိုးများ
  • သီးနှံပင်များ အပင်ပိုင်းနှင့် အသီးအပွင့်များ ကြီးထွားဖွံ့ဖြိုးစေရန်အတွက် အရေးကြီးသော အာဟာရဓာတ် ၂ မျိုး ပါဝင်သည်။
  • သာမန်မြေအစိုဓာတ်တွင် ပျော်ဝင်မှုမြန်ဆန်ပြီး အပင်မှ အလွယ်တကူ စုပ်ယူစားသောက်နိုင်သော အရည်သွေးမြင့် DAP ( Diammonium Phosphate) ဖော့စဖိတ် အမျိုးအစားကို အသုံးပြုထားသည်။
သုံးစွဲနိုင်သော သီးနှံ စပါး၊ ကြံ၊ ဂျုံ၊ ပြောင်းနှင့် ဟင်းသီးဟင်းရွက်စသည့်သီးနှံမျိုးစုံ။
သုံးစွဲရမည့် အချိန်
  • သီးနှံများ မစိုက်ပျိုးမီ မြေခံ မြေဩဇာအဖြစ်အသုံးပြုနိုင်သည်။
  • သီးနှံအဆင့်အလိုက်အပင်ကြီးထွားချိန် ၊ ပန်းပွင့်ချိန် နှင့် အသီးအနှံများကြီးထွားဖွံ့ဖြိုးချိန်တွင်လည်း အသုံးပြုနိုင်သည်။
နှုန်းထား သီးနှံများ၏ လိုအပ်ချက်အရ တစ်ဧက ၅၀ ကီလိုဂရမ် မှ ၁၀၀ ကီလိုဂရမ် အထိ အသုံးပြုနိုင်သည်။
အဓိကအကျိုးကျေးဇူးများ
  • သီးနှံပင်များအတွက် မရှိမဖြစ်လိုအပ်သော အာဟာရဓာတ် ၂ မျိုးကို လွယ်ကူလျင်မြန်စွာထောက်ပံ့ပေးနိုင်သည်။
  • မြေဆီလွှာ၏ သာမန်အစိုဓာတ်မှာပင် ပျော်ဝင်မှုကောင်းမွန်သည့်အတွက် အာဟာရဓာတ်ဆုံးရှုံးမှုနည်းပါးသည်။
  • သီးနှံပင်များ အမြစ်ဖွဲ့စည်းမှုကောင်းစေပြီး အသီးအပွင့်များ အောင်မြင်ဖြစ်ထွန်းစေသည်။
  • ပင်ပွားများခြင်း၊ ကိုင်းတက်ကိုင်းခွများပြားစေခြင်းကြောင့် သီးနှံအထွက်နှုန်းကို တိုးတက်စေပါသည်။

ဆက်စပ်ထုတ်ကုန်များ