ကောမက်စပိ

အသေးစိတ်ဖော်ပြချက်

မြေဩဇာအမည် ကောမက်စပိ
ပါဝင်သော အာဟာရဓာတ်များ နိုက်ထရိုဂျင် (N) 20% + ဖော့စဖောရပ် (P) 10% + ပိုတက်ဆီယမ် (K) 10% + အနည်းလိုအာဟာရဓာတ်များ ( Ca, Mg, Zn, Cu, Fe, Mn, Mo, B)
အသုံးပြုရမည့်ပုံစံ ကြဲပက်
အာဟာရဓာတ် တန်ဖိုးများ
  • မြေဩဇာ အစေ့အဆံ အလုံးတိုင်းတွင် ဖော်ပြပါ အာဟာရဓာတ်အချိုးအတိုင်း ပါဝင်သည်။
  • အနည်းလိုအာဟာရဓာတ်များ အချိုးမျှတစွာ ပါဝင်သည်။
  • သီးနှံပင်များမှ တိုက်ရိုက် စုပ်ယူစားသုံးနိုင်သော နိုက်ထရိတ်နိုက်ထရိုဂျင် နှင့် တဖြည်းဖြည်းစားသုံးနိုင်သော အမိုနီယမ်နိုက်ထရိုဂျင် ၂ မျိုးစလုံးပါဝင်သည်။
  • ရေတွင်ပျော်ဝင်မှုမြန်ဆန်ပြီး အပင်မှ စုပ်ယူစားသုံးနိုင်သော အရည်အသွေးမြင့် ဖော့စဖိတ်အမျိုးအစားကို အသုံးပြုထားသည်။
သုံးစွဲနိုင်သော သီးနှံ ဖရဲ၊ သခွား၊ စပျစ်၊ ကြက်သွန်၊ ငရုတ်၊ ဂေါ်ဖီ၊ ပန်းမုံလာ၊ ကျွဲကော၊ လိမ္မော်၊ ဟင်းသီးဟင်းရွက်နှင့် ပန်းမျိုးစုံ။
သုံးစွဲရမည့် အချိန်
  • သီးနှံများ မစိုက်ပျိုးမီ မြေခံ မြေဩဇာအဖြစ်အသုံးပြုနိုင်သည်။
  • သီးနှံအဆင့်အလိုက်အပင်ကြီးထွားချိန်၊ ပန်းပွင့်ချိန် နှင့် အသီးအနှံများကြီးထွားဖွံ့ဖြိုးချိန်တွင်လည်း အသုံးပြုနိုင်သည်။
နှုန်းထား သီးနှံများ၏ လိုအပ်ချက်အရ တစ်ဧက ၅၀ ကီလိုဂရမ် မှ ၁၀၀ ကီလိုဂရမ် အထိ အသုံးပြုနိုင်သည်။
အဓိကအကျိုးကျေးဇူးများ
  • နိုက်ထရိုဂျင်ဓာတ် မြင့်မားစွာပါဝင်သောကြောင့် သီးနှံပင်များကို အရှိန်အဟုန်ဖြင့် ကြီးထွားဖွံ့ဖြိုးစေသည်။
  • အရည်သွေးမြင့် Complex Fertilizer ဖြစ်သည့်အတွက် သီးနှံပင်များတူညီသော အာဟာရထောက်ပံ့မှုကို ရရှိစေသည်။
  • ပျော်ဝင်မှုမြန်ဆန်သည့်အတွက် သီးနှံပင်များမှ မြန်ဆန်သော တုံ့ပြန်မှုကို တွေ့ရမည်။
  • သီးနှံပင်များ အပင်ပိုင်းကြီးထွားဖွံ့ဖြိုးစေရန်အတွက် အကောင်းဆုံးမြေဩဇာဖြစ်သည်။

ဆက်စပ်ထုတ်ကုန်များ