ကောမက်ပရီမို

အသေးစိတ်ဖော်ပြချက်

မြေဩဇာအမည် ကောမက်ပရီမို
ပါဝင်သော အာဟာရဓာတ်များ နိုက်ထရိုဂျင် (N) 15% + ဖော့စဖောရပ် (P) 15% + ပိုတက်ဆီယ် (K) 15% : + အနည်းလိုအာဟာရဓာတ်များ (Ca, Mg, Fe, Mn, B, Zn)
အသုံးပြုရမည့်ပုံစံ ကြဲပက်
အာဟာရဓာတ် တန်ဖိုးများ
  • မြေဩဇာ အစေ့အဆံ အလုံးတိုင်းတွင် ဖော်ပြပါ အာဟာရဓာတ်အချိုးအတိုင်း ပါဝင်သည်။
  • အနည်းလိုအာဟာရဓာတ်များ အချိုးမျှတစွာ ပါဝင်သည်။
  • သီးနှံပင်များမှ တိုက်ရိုက် စုပ်ယူစားသုံးနိုင်သော နိုက်ထရိတ်နိုက်ထရိုဂျင် နှင့် တဖြည်းဖြည်းစားသုံးနိုင်သော အမိုနီယမ်နိုက်ထရိုဂျင် ၂ မျိုးစလုံးပါဝင်သည်။
  • ရေတွင်ပျော်ဝင်မှုမြန်ဆန်ပြီး အပင်မှ စုပ်ယူစားသုံးနိုင်သော အရည်အသွေးမြင့် ဖော့စဖိတ်အမျိုးအစားကို အသုံးပြုထားသည်။
သုံးစွဲနိုင်သော သီးနှံ ဖရဲ၊ သခွား၊ စပျစ်၊ ကြက်သွန်၊ ငရုတ်၊ ခရမ်းချဉ်၊ သရက်၊ ကျွဲကော ၊ ဟင်းသီးဟင်းရွက်၊ ဆီထွက်သီးနှံများ နှင့် ပန်းမျိုးစုံ။
သုံးစွဲရမည့် အချိန်
  • သီးနှံများ မစိုက်ပျိုးမီ မြေခံ မြေဩဇာအဖြစ်အသုံးပြုနိုင်သည်။
  • သီးနှံအဆင့်အလိုက်အပင်ကြီးထွားချိန်၊ ပန်းပွင့်ချိန် နှင့် အသီးအနှံများကြီးထွားဖွံ့ဖြိုးချိန်တွင်လည်း အသုံးပြုနိုင်သည်။
နှုန်းထား သီးနှံများ၏ လိုအပ်ချက်အရ တစ်ဧက ၅၀ ကီလိုဂရမ် မှ ၁၀၀ ကီလိုဂရမ် အထိ အသုံးပြုနိုင်သည်။
အဓိကအကျိုးကျေးဇူးများ
  • အရည်သွေးမြင့် Complex Fertilizer ဖြစ်သောကြောင့် သီးနှံပင်များ ညီညွတ်မျှတသော အာဟာရဓာတ်များကို ရရှိစေသည်။
  • အပင်ကြီးထွားမှုညီညာစေပြီး ရင့်မှည့်ချိန်ကို ညီညာစေသည်။
  • သီးနှံပင်များ၏ အပင်ပိုင်းနှင့် အသီးအပွင့် အပိုင်းများကို ဟန်ချက်ညီညီ ဖွံ့ဖြိုးစေပြီး အမြင့်ဆုံးအထွက်နှုန်းကို ရရှိစေသည်။
  • အရည်သွေးမြင့်မြေဩဇာဖြစ်သောကြောင့် သီးနှံပင်များအတွက် အကောင်းဆုံးဖြစ်သည်။

ဆက်စပ်ထုတ်ကုန်များ