ကောမက်ပရီမိုလိုက်

အသေးစိတ်ဖော်ပြချက်

မြေဩဇာအမည် ကောမက်ပရီမိုလိုက်
ပါဝင်သော အာဟာရဓာတ်များ နိုက်ထရိုဂျင် (N) 16% + ဖော့စဖောရပ် (P) 16% + ပိုတက်ဆီယမ် (K) 16% + အနည်းလိုအာဟာရဓာတ်များ ( Ca, Mg, Fe, S, Mn, B, Cu, Zn)
အသုံးပြုရမည့်ပုံစံ ကြဲပက်
အာဟာရဓာတ် တန်ဖိုးများ
  • သီးနှံအာဟာရငွေ့ရည်များကို ပြန်လည်အေးခဲ၍ ထုပ်လုပ်ထားသည်။
  • အများလိုအာဟာရဓာတ်များ အချိုးမြင့်မားမျှတစွာ ပါဝင်သည်။
  • သီးနှံပင်မှ တိုက်ရိုက် စုပ်ယူစားသုံးနိုင်သော နိုက်ထရိတ်နိုက်ထရိုဂျင် နှင့် တဖြည်းဖြည်းစားသုံးနိုင်သော အမိုနီယမ်နိုက်ထရိုဂျင် ၂ မျိုးစလုံးပါဝင်သည်။
  • အနည်းလိုအာဟာရဓာတ်များလည်း အချိုးမျှတစွာပါဝင်သော အာဟာရစုံဓာတ်မြေဩဇာဖြစ်သည်။
သုံးစွဲနိုင်သော သီးနှံ
  • ဖရဲ၊ သခွား၊ စပျစ်၊ ကြက်သွန်၊ ခရမ်းချဉ်၊ သရက်၊ လိမ္မော်၊ ကျွဲကော၊ ဟင်းသီးဟင်းရွက်၊ဆီထွက်သီးနှံနှင့် ပန်းမျိုးစုံ။
သုံးစွဲရမည့် အချိန်
  • သီးနှံများ မစိုက်ပျိုးမီ မြေခံ မြေဩဇာအဖြစ်အသုံးပြုနိုင်သည်။
  • သီးနှံအဆင့်အလိုက်အပင်ကြီးထွားချိန်၊ ပန်းပွင့်ချိန် နှင့် အသီးအနှံများကြီးထွားဖွံ့ဖြိုးချိန်တွင်လည်း အသုံးပြုနိုင်သည်။
နှုန်းထား
  • သီးနှံများ၏ လိုအပ်ချက်အရ တစ်ဧက ၅၀ ကီလိုဂရမ် မှ ၁၀၀ ကီလိုဂရမ် အထိ အသုံးပြုနိုင်သည်။
အဓိကအကျိုးကျေးဇူးများ
  • အာဟာရဓာတ်များ အချိုးမြင့်မား မျှတစုံလင်စွာ ပါဝင်သောကြောင့် သီးနှံပင်များအတွက် ပြီးပြည့်စုံသော အာဟာရဓာတ်ထောက်ပံ့မှုကို ရစေသည်။
  • သီးနှံပင်များ၏ အပင်ပိုင်းနှင့် အသီးအပွင့် အပိုင်းများကို ဟန်ချက်ညီညီ ဖွံ့ဖြိုးကြီးထွားစေပြီး အမြင့်ဆုံးအထွက်နှုန်းကို ရရှိစေသည်။
  • ၁၀၀ % ရေတွင်ပျော်ဝင်သောကြောင့် သွင်းရေနှင့်အတူ အာဟာရဓာတ်များကို တစ်ခါတည်း ကျွေးနိုင်သည်။
  • အရည်အသွေးမြင့်မားသောကြောင့် သီးနှံပင်များ၏ အနာဂတ်အတွက် အကောင်းဆုံးသောမြေဩဇာဖြစ်သည်။

ဆက်စပ်ထုတ်ကုန်များ