ပင်မစာမျက်နှာ စိုက်ပျိုးရေး ဗဟုသုတ
2023-10-23
Share to
ကွမ်းစိုက်ပျိုးနည်း

မျိုး
ကွမ်းနုဝါ၊ ကွမ်းစိမ်း၊ ကွမ်းကြွပ်မျိုးများကို မိမိဒေသအလိုက် ရွေးချယ်စိုက်ပျိုးပါ။ ရောဂါကင်းသော ပျိုးခင်းမှ အညွန့်များကိုသာ မျိုးအဖြစ်အသုံးပြုပါ။

မြေ
နုန်းတင်မြေနုကို ကြိုက်နှစ်သက်သည်။ နုန်းတင်မြေနု မဟုတ်ပါက နုန်းမြေ ထည့်ပေးခြင်း၊ မြေသစ် ဖြည့်ပေးခြင်းဖြင့် မြေပြုပြင်ပေးနိုင်သည်။

မြေပြင်ခြင်း
စိုက်ပျိုးမည့်မြေအား ကြိုတင်၍ မဖောက်ထုံး ထည့်ပါ။ ထယ်ထိုး၊ ထွန်မွှေ၍ ပေါင်းမြက်ကင်းစင်အောင် ဆောင်ရွက်ထားပါ။ စိုက်ဘောင်များကို၂.၅ ပေ - ၃ ပေ ဘောင်များ ပြုလုပ်ပါ။ ဘောင်ပေါ်တွင် သမားတော် ရောဂါသတ်ဆေး ကွမ်း အပင် (၁၀၀၀) ကို သမားတော် (၅၀) ဂရမ်နှုန်းဖြင့်(၄) ဂါလန် ၂ ပုံး ဖျန်းကာ ဖစ်ပရိုနေး - ၃ ဂျီ (သို့) သြဘာ ကာဘိုဖျူရန်နှင့် ကောမက်ဂျစ်ပဆန်ကို ဖြူးပေး၍ ဘောင်ကို ညီညာဖြောင့်တန်းအောင်ဆောင်ရွက်ပါ။

ကွမ်းခြံတိုင်ထောင်ခြင်း
စိုက်ပျိုးမည့် မျိုးပေါ်တွင် မူတည်၍ စိုက်ဘောင်ပေါ်တွင် ၁.၅ ပေ မှ ၂ ပေ ခြား၍ ဝါးတိုင်များကို မျက်နှာချင်းဆိုင် ထောင်ပါ။ တိုင်များကို ခါးတန်းများချည်ပါ။ သစ်သားတိုင်များကို ၁၀ ပေခြား တစ်တိုင်နှုန်းဖြင့် ထောင်ပါ။

အပင်စိုက်ပျိုးခြင်း
ပျိုးပင် (အညွန့်) များကို ဒေသပေါ်မူတည်၍ မြေဆင်းစိုက်၊ ယှက်စိုက်၊ အနွယ်ခွေ စိုက်နည်း အမျိုးမျိုးဖြင့် စိုက်နိုင်ပါသည်။ အပင်များကိုတိုင်ခြေတွင် ကပ်၍ စိုက်ပါ။ ရေလောင်းပါ။ မျိုးညွန့်များကို မိုရယ်လ်မုန်း (၁) ဇွန်း+ ရေ (၁) ဂါလန် ဖျော်ရည်တွင် (၃) နာရီ စိမ်ပြီးမှ စိုက်ပါ။

အရိပ်ပေးခြင်း
အပင်စိုက်ပြီးလျှင် အပင်၏အထက် ၂ ပေ - ၃ ပေ အကွာတွင် တန်းပစ်၍ အရိပ်များ ပြုလုပ်ပေးပါ။ အပင်မြင့် ၂ ပေ - ၃ ပေ ခန့် ရှိလာလျှင်(ပထမ)အရိပ်ကို ဖယ်၍ ၈ ပေ × ၁၀ ပေခန့်တွင် အရိပ်များ ပြုလုပ်ပါ။ ကွမ်းခြံ ဘေးပတ်လည်ကို ကာရံထားပါ။

အညွန့်ချည်ခြင်း
အပင်သက် ၄ လ - ၆ လတွင် ခေါင်ညွန့်နှိမ်ပေးပါ။ ပင်စည်မှ ထွက်လာသော အငေါက် (အညွန့်) များကို တိုင်တွင် ချည်ပေးပါ။ တိုင်မှကွာကျသောအညွန့်များကို အမြဲကြည့်ရှု၍ ကြိုးချည် ပေးရပါမည်။ ကြိုးချည်ရာတွင် တင်းကျပ်စွာ ချည်နှောင်ခြင်း မပြုရပါ။

မြေသြဇာကျွေးခြင်း
အပင်စိုက်ပြီး ၁ လသားမှစ၍ ကောမက်ဗိုက်တာ + ကောမက် G-21 ကို (၁၅) ရက်ခြား တစ်ကြိမ် ကျွေးပါ။ ၃ လသားတွင် ကောမက် Hi - Kကျွေးပါ။
၃ လ ကျော်လျှင် ကောမက်ဗိုက်တာ ကို ပြန်ကျွေးပါ။ နောက်ထပ် ၃ လကြာလျှင် ကောမက်ဗိုက်တာ + ကောမက်Hi - K ကို ပြန်ကျွေးပါ။ ကွမ်းသား တက်၍ အထွက်ပိုမည် ဖြစ်ပါသည်။

စိုက်ပျိုးပြီး (၁၅) ရက်သားမှစ၍ ကောမက် အားကောင်းနှင့် မိုရယ်လ်မုန်းကို(၇-၁၀) ရက်ခြား တစ်ကြိမ် အရွက်များ နှံ့စပ်အောင် ဖျန်းပေးပါ။ ဝမ်းဒါး ကပ်ဆေး၊ ပြန့်ဆေးကို တွဲ၍ သုံးပါ။

ကွမ်းပင်များ သန်မာကြီးထွားခြင်း၊ ရောဂါပိုးမွှားဒဏ် ခံနိုင်ခြင်း၊ ကွမ်းရွက်အရောင်အသွေး စိမ်းစိုတောက်ပခြင်း၊ အလေးချိန်စီးခြင်း စသည့် အကျိုးကျေးဇူးများ ရရှိမည် ဖြစ်ပါသည်။

ကွမ်းခူးခြင်းစလင်းခံရွက်ကို ချန်၍ ခူးပါ။ ဈေးကွက်အရ အရွက်များများခူးလျှင် သတိထားရမည်မှာ အညွန့်နှင့် ကပ်လျှက် အရွက်တစ်ရွက်ကို ချန်၍ ခူးပါ။

ပိုးမွှားရောဂါကာကွယ်ခြင်း
ကွမ်းတွင် မှိုရောဂါ၊ ဘက်တီးရီးယားရောဂါ ကျရောက်ပါက အခင်းလိုက် ပျက်စီးတတ်သဖြင့် ကြိုတင်ကာကွယ်ရန် ဆင်နာဂျီ၊ ကျူပရောက်ဆက်(သို့) ကာဆူဂါများကို ဖျန်းပါ။ စုပ်စားပိုးများကျရောက်၍ ကွမ်းအရည်အသွေးများ ကျဆင်းနိုင်သဖြင့် ဆေးကြွင်း အာနိသင်နည်းသော၊ PHI (သီးနှံ မရိတ်သိမ်းမီ နောက်ဆုံးဆေးဖျန်းရက်) နည်းသော ဆေးများဖြင့် ကာကွယ်ပါ။

ကွမ်းစိုက်တောင်သူကြီးများ အရည်သွေးမြင့် ကွမ်းများ စိုက်ပျိုးနိုင်ပြီး ဈေးကောင်းရကြပါစေ။

ဆက်စပ်ထုတ်ကုန်များ