ကောမက်ဟိုင်းကေ

အသေးစိတ်ဖော်ပြချက်

မြေဩဇာအမည် ကောမက်Hi-K
ပါဝင်သော အာဟာရဓာတ်များ ပိုတက်ဆီယမ် (K2O) 60%
အသုံးပြုရမည့်ပုံစံ ကြဲပက်
အာဟာရဓာတ် တန်ဖိုးများ
  • သီးနှံအရည်အသွေးမြင့်မားစေရန်အတွက် မရှိမဖြစ်လိုအပ်သော ပိုတက်ဆီယမ်သီးသန့်မြေဩဇာဖြစ်သည်။
  • ပိုတက်ဆီယမ် ၆၀% အပြည့်အဝ ပါဝင်သည်။
သုံးစွဲနိုင်သော သီးနှံ သီးနှံမျိုးစုံတွင် အသုံးပြုနိုင်သည်။
သုံးစွဲရမည့် အချိန်
  • သီးနှံများ မစိုက်ပျိုးမီ မြေခံမြေဩဇာအဖြစ်အသုံးပြုနိုင်သည်။
  • သီးနှံအဆင့်အလိုက်အပင်ကြီးထွားချိန်၊ ပန်းပွင့်ချိန်နှင့် အသီးအနှံများကြီးထွားဖွံ့ဖြိုးချိန်တွင်လည်း အသုံးပြုနိုင်သည်။
နှုန်းထား သီးနှံများ၏ လိုအပ်ချက်အရ တစ်ဧက ၅၀ ကီလိုဂရမ်မှ ၁၀၀ ကီလိုဂရမ်အထိ အသုံးပြုနိုင်သည်။
အဓိကအကျိုးကျေးဇူးများ
  • ပိုတက်ဆီယမ်ဓာတ်မြင့်မားစွာပါဝင်သောကြောင့် အရည်သွေးမြင့် စိုက်ပျိုးသီးနှံထွက်ကုန်များကို ရရှိစေသည်။
  • သီးနှံထွက်ကုန်များ အစေ့အဆံအောင်ခြင်း၊ အရောင်အသွေးလှခြင်း နှင့် အလေးချိန်စီးခြင်းများကို ရရှိစေသည်။
  • ပိုးမွှားရောဂါနှင့်ရာသီဥတုဆိုးရွားမှုပြဿနာများကိုခံနိုင်ရည်မြင့်မားစေသည်။
  • သီးနှံပင်များ၏ အမြင့်မားဆုံးအထွက်နှုန်းနှင့် အကောင်းဆုံး အရည်အသွေးကို ရရှိစေသည်။

ဆက်စပ်ထုတ်ကုန်များ