ပင်မစာမျက်နှာ စိုက်ပျိုးရေး ဗဟုသုတ
2023-05-05
Share to
နှမ်းသီးနှံတွင် ပိုးမွှားရောဂါကျရောက်မှု သက်သာစေရန် ကြိုတင်ကာကွယ်ခြင်း

နှမ်းသီးနှံတွင် ပိုးမွှားရောဂါကျရောက်မှု သက်သာစေရန် ကြိုတင်ကာကွယ်ခြင်း

သီးနှံများ အထွက်တိုးစေရန်အတွက် ပိုးမွှားရောဂါ ကင်းရှင်းရန်နှင့် ရာသီဉတုကောင်းမွန်ရန် အထူးလိုအပ်ပါသည်။ လူဉီးရေတိုးပွားလာမှုနှင့်အတူ သီးနှံဈေးကွက် ကြီးထွားလာမှုတို့ကြောင့် သီးနှံများ၏ အထွက်နှုန်းသည်လည်း တိုးတက်စေရန် အထူးလိုအပ်ပါသည်။ နှမ်းသီးနှံတွင်လည်း ပိုးမွှားရောဂါ ကင်းရှင်းစေရန်အတွက် ဘက်စုံကာကွယ်ရန် လိုအပ်ပါသည်။

နှမ်းသီးနှံ မစိုက်မီ ပိုးမွှားရောဂါကို ဘယ်လိုကာကွယ်ရမလဲ။

  • သီးနှံစိုက်ချိန်မှန်ကန်ရပါမယ်။
  • သီးလှည့်စိုက်ပေးရမယ်။
  • နွေရာသီတွင် ထယ်ရေးနက်နက်ထိုးပေးရပါမယ်။
  • ပိုးမွှားရောဂါများ ခိုအောင်းနေထိုင်သော လက်ခံပင်များကို ရှင်းလင်းပေးရပါမယ်။
  • ပိုးမွှားရောဂါဒဏ် ခံနိုင်ရည်ရှိပြီး အထွက်ကောင်းသော မျိုးများကို အသုံးပြုရပါမည်။
  • မြေကြီးထဲသို့ ပိုတက်စီယမ်နှင့် ကယ်လ်စီယမ်ပါသော မြေဩဇာများကို ကြိုတင် ထည့်ကျွေးရပါမည်။
  • စိုက်သောအခါ မျိုးစေ့လူးနယ်ဆေး သုံးရပါမယ်။
  • နှမ်းသီးနှံ ပင်ပိုင်းကြီးထွားချိန်တွင် ပိုးမွှားရောဂါကျရောက်မှုမှ ဘယ်လိုကာကွယ်ရမလဲ။
  • ရေဝပ်ဒဏ်မှ ကြိုတင်ကာကွယ်ထားရပါမယ်။
  • စိုက်ပြီး ၁၅ ရက်မှ ၂၅ ရက်အတွင်း ပေါင်းမြက်ကို ကင်းစင်အောင် ထားရပါမယ်။
  • နိုက်ထရိုဂျင်များသော မြေဩဇာများကို ထည့်ကျွေးရပါမယ်။
  • နှမ်းသီးနှံ ပန်းပွင့်ချိန်တွင် ပိုးမွှားရောဂါကျရောက်မှုမှ ဘယ်လိုကာကွယ်ရမလဲ။
  • ပန်းပွင့်ချိန်တွင် ရေပြတ်လပ်မှု မဖြစ်စေရန် ရေကို စနစ်တကျပေးရပါမယ်။
  • ရင့်မှည့်ချိန်တွင်လည်း လိုအပ်သော အနည်းလို အဟာရဓာတ်များကို အချိန်မှန် ကျွေးပေးရပါမည်။
  • ကျေးဇူးရှင် တောင်သူဉီးကြီးများ နှမ်းသီးနှံတွင် အရည်အသွေးကောင်းပြီး ဈေးကောင်းရရှိကြပါစေ။