ပေါင်းကေလာပလပ်စ်

ရွေးချယ်မဲ့ ပေါင်းအမြန်သတ်ဆေး

အသေးစိတ်ဖော်ပြချက်

ဆေးအမည် ပေါင်းကေလာပလပ်စ်
အစွမ်းရှိပစ္စည်း (AI) Glyphosate -24% + 2,4-D Amine -12%(SL)
ဆေးအမျိုးအစား ရွေးချယ်မဲ့ပေါင်းသတ်ဆေး
‌‌အသုံးပြုရမည့်ပုံစံ ရွက်ဖျန်း
‌‌ဆေးအာနိသင်ပြန့်နှံ့ပုံ
  • ပင်လုံးပြန့် အာနိသင် ရှိခြင်းကြောင့် ပေါင်းပင်အမြစ်ထိရောက်ရှိပြီး သေစေနိုင်သည်။
  • Glyphosate -24% သည် ပေါင်းပင်များအားကြီးထွားမှု ရပ်တန့်စေပြီး၊ အမြန်သေစေနိုင်သည့် ပင်လုံးပြန့် အာနိသင်ရှိသည်။
  • 2,4 – D Amine မှာ ပေါင်းပင်များ လျင်မြန်စွာကြီးထွားပြီး သေစေသည့် အာနိသင်ရှိသည်။
‌သုံးစွဲ၍ရသောသီးနှံ ဥယျာဉ်ခြံ သီးနှံ နှင့် အခြားသီးနှံများ။
‌နှိမ်နှင်းနိုင်သောပေါင်းမြက်များ ရွက်ပြန့်၊ မုံညင်း၊ မြက်အုပ်စု၊ နွယ်အုပ်စုဝင် ရွက်ပြန့်ပေါင်းများကိုပါ နှိမ်နင်းနိုင်သည်။
သုံးစွဲရမည့်အချိန်
  • ပေါင်းကြမ်များနှိမ်နှင်းရန် ပဲမျိုးစုံ၊ ဝါ၊ ပြောင်း၊စပါးနှင့် အခြားဟင်းသီးဟင်းရွက်သီးနှံ များတွင် သီးနှံ မစိုက်မီ ၂၀ရက် မှ ၃၀ရက်ကြိုတင်ပက်ဖျန်းပါ။
  • ဥယျာဉ်ခြံ သီးနှံ များတွင် (အပင်ကြီး)ပေါင်းပင်ငယ်စဉ် မှ သက်တမ်းတစ်လျောက် အသုံးပြုနိုင်သည်။
နှုန်းထား ရေ ၂၀ လီတာဝင် ဆေးဖျန်းပုံး ၁ ပုံးလျှင် ၂၅၀စီစီ မှ ၃၅၀ စီစီ ထည့်ပြီး ( ၁၂၅၀စီစီ – ၁၇၅၀ စီစီ/ဧက) ဆေးဖျန်းပုံး ၅ – ၇ ပုံး အသုံးပြုပါ။
သီးနှံမစိုက်မီနောက်ဆုံးဆေးဖျန်းရက် ၂၀-၃၀ ရက်
အဓိကအကျိုးကျေးဇူးများ
  • မတူညီသော ဆေးအုပ်စု ၂ မျိုး ပေါင်းစပ်ထားသောကြောင့် ပေါင်းအမျိုးစား မရွေးသေစေနိုင်သည်။
  • အခြား ပေါင်းသတ်ဆေးများနှင့် ရောစပ်စရာ မလို သောကြောင့် အချိန် ကုန်သက်သာစေပြီး ထိရောက်မှု ပိုမိုကောင်းမွန်စေသည်။
  • သီးနှံ မစိုက်မီ ကြိုတင်ပက်ဖျန်းခြင်းအားဖြင့် ပေါင်းပေါက်ရောက်မှု နည်းပြီး လုပ်သား ကုန်ကျစရိတ် သက်သာစေသည်။

ဆက်စပ်ထုတ်ကုန်များ