ပေါင်းကေလာ

အမြစ်ပြတ် ပင်လုံးပြန့် ရွေးချယ်မဲ့ပေါင်းသတ်ဆေး

အသေးစိတ်ဖော်ပြချက်

ဆေးအမည် ပေါင်းကေလာ
အစွမ်းရှိပစ္စည်း (AI) Glyphosate – 48% SL
ဆေးအမျိုးအစား ရွေးချယ်မဲ့ပေါင်းသတ်ဆေး
‌‌အသုံးပြုရမည့်ပုံစံ ရွက်ဖျန်း
‌‌ဆေးအာနိသင်ပြန့်နှံ့ပုံ
  • Glyphosate – 48% သည် ပေါင်းပင်များအားကြီးထွားမှု ရပ်တန့်စေပြီး၊ အမြန်သေစေနိုင်သည့် ပင်လုံးပြန့်အာနိသင်ရှိသည်။
  • အပင်အရွက်မှ စုပ်ယူ၍ လျင်မြန်စွာပြန့်နှံ့နိုင်သော ပင်လုံးပြန့်အာနိသင်ရှိ ရွေးချယ်မဲ့ပေါင်းသတ်ဆေးဖြစ်သည်။
‌သုံးစွဲ၍ရသောသီးနှံ စပါးနှင့် ပဲ မစိုက်ပျိုးမီ ပေါင်းရှင်းရန်၊ ရာဘာခြံနှင့် အခြားနှစ်ရှည်သီးနှံခြံများ။
‌နှိမ်နှင်းနိုင်သောပေါင်းမြက်များ တစ်နှစ်ခံနှင့် နှစ်ရှည်ခံ မြက်၊ ကိုင်း၊ သက်ကယ်၊ မြေစာ၊ ရွက်ပြန့်နှင့် မုံညင်းအုပ်စုပေါင်းများ။
သုံးစွဲရမည့်အချိန် သီးနှံမစိုက်မီ မြေပြင်ချိန် ။
အသုံးပြုနည်း
  • ရွက်ဖျန်းစနစ်ဖြင့် ပက်ဖျန်းနိုင်သည်။
  • ပေါင်းကြီးနေပါက ပေါင်းပင်ကို အပေါ်ယံခုတ်ပြီး ပြန်ထွက်လာသည့် အရွက်သစ် အညွန့်များကို အသုံးပြုပါက ပိုထိရောက်သည်။
  • ရွှံရေ နှင့် မပက်ဖျန်းသင့်ပါ။
နှုန်းထား
  • တစ်နှစ်ခံ မြက်ပေါင်းများအတွက် – ရေ ၂၀ လီတာဝင် ဆေးဖျန်းပုံး ၁ ပုံးလျှင် ၂၀၀ စီစီ ထည့်ပြီး ၁ ဧကလျှင် ၅ – ၆ ပုံး ( ၁ လီတာ/ဧက) နှုန်းဖျန်းနိုင်သည်။
  • နှစ်ရှည်ပေါင်းများအတွက် ရေ ၂၀ လီတာဝင် ဆေးဖျန်းပုံး ၁ ပုံးလျှင် ၅၀၀ စီစီ ထည့်ပြီး ၁ ဧကလျှင် ၅ – ၆ ပုံး ( ၂.၅ လီတာ/ဧက) နှုန်းဖျန်းနိုင်သည်။
အဓိကအကျိုးကျေးဇူးများ
  • အစိမ်းရောင်ရှိသော ပေါင်းမျိုးစုံကို နှိမ်နင်းနိုင်ခြင်း၊ မြေပွစေ၍ မြေပြင်မှုလွယ်ကူခြင်း။
  • အသုံးပြုရလွယ်ကူခြင်း၊ ကုန်ကျစရိတ်သက်သာခြင်း။
  • ရာဘာခြံ ၊ နှစ်ရှည်သီးနှံ( သနပ်ခါး ၊ သရက်၊ ကြက်မောက် ၊ လိုက်ချီး) များတွင်အသုံးပြုနိုင်သည်။

ဆက်စပ်ထုတ်ကုန်များ