မဟာမိတ်

ပြောင်း‌ရွေးချယ်ပေါင်းသတ်ဆေး(မြက်ယားအထူး)

အသေးစိတ်ဖော်ပြချက်

ဆေးအမည် မဟာမိတ်
အစွမ်းရှိပစ္စည်း (AI) Atrazine 48% + Nicosulfuron 4%
ဆေးအမျိုးအစား ရွက်ဖျန်း နှင့် မြေပြင်ပေါင်းအုပ်ဆေး။
‌အသုံးပြုရမည့်ပုံစံ ပေါင်းပင်မပေါက်မီ မြေပြင်အုပ်ရန် နှင့် ပြောင်းမျိုးစေ့ချပြီး ၁၂ ရက်အတွင်းအသုံးပြုရန်။
‌ဆေးအာနိသင်ပြန့်နှံ့ပုံ
  • ပေါင်းပင်၏အမြစ်မှစုပ်ယူပြီး အစာကြောစီး၊ ရေကြောစီး မှတစ်ဆင့် အပင်ကြီးထွားစေသောအစိတ်အပိုင်းနှင့်အရွက်များဆီသို့ ပြန့်နှံ့ရောက်ရှိသည်။
  • Nicosulfuron – ပေါင်းပင်ကြီးထွားမှုနှင့်ရှင်သန်မှုအတွက်လိုအပ်သော အမိုင်နိုအက်စစ်ထုတ်လုပ်ခြင်းကို ဟန့်တားခြင်းဖြင့် ပေါင်းပင်ကိုသေစေသည်။
  • Atrazine – ပေါင်းပင်၏အစာချက်လုပ်ခြင်းကိုဟန့်တားခြင်းဖြင့် အပင်ကိုသေစေသည်။
‌သုံးစွဲ၍ရသောသီးနှံ ပြောင်း။
ကာကွယ်နှိမ်နင်းနိုင်သောပေါင်းများ မြက်ယား၊ မှိုချဉ်၊ ဝက်ကျွတ်၊ ဟင်းနုနယ်၊ မြေထောက်ပင်၊ ဗောက်ပင်အပါအဝင် ၁ နှစ်ခံရွက်ပြန့်ပေါင်းများနှင့် ၁ နှစ်ခံမြက်များ အပါအဝင်တချို့သောနှစ်ရှည်ခံပေါင်းများ။
သုံးစွဲရမည့်အချိန်
  • ပြောင်းမျိုးချစိုက်ပြီး ၁၂ ရက်အတွင်းအသုံးပြုနိုင်သည်။
  • ပေါင်းမပေါက်မှီအုပ်ဆေးအဖြစ်လည်း အသုံးပြုနိုင်သည်။
နှုန်းထား ရေ ၂၀ လီတာဝင်ဆေးဖျန်းပုံးတစ်ပုံးလျှင် မြင်းခေါင်း စတီးဇွန်း ၅ ဇွန်း (၂၅၀ စီစီ/ ဧက ) ထည့်ပြီး ၁ ဧကလျင် ၆ ပုံးနှုန်းဖျန်းပါ။
မှတ်ချက် သတ်မှတ်နှုန်းထားထက်ပိုသုံးပါက ပြောင်းပင်လောင်ကျွမ်းစေနိုင်သည်။
သီးနှံမရိတ်သိမ်းမီနောက်ဆုံးဆေးဖျန်းရက် ၉၀ ရက်။
အဓိကအကျိုးကျေးဇူးများ
  • ဆေးတစ်မျိုးထဲဖြင့် ရွက်ပြန့်ပေါင်းမျိုးစုံ နှင့် သတ်ရခက်သော မြက်ယားမြက်အပါအဝင်၊ မြက်ပျော့ ကိုနှိမ်နင်းနိုင်ခြင်း။
  • ဆေးနှုန်းထားများစွာသုံးစွဲရန်မလိုခြင်း၊ ၁ ကြိမ်သုံးရုံနှင့် ပြောင်းပင်သက်တမ်း တစ်လျှောက် ပေါင်းမပေါက်နိုင်တော့ခြင်း။

ဆက်စပ်ထုတ်ကုန်များ