အတက်ခ်

ပြောင်းရွေးချယ်ပေါင်းသတ်ဆေး

အသေးစိတ်ဖော်ပြချက်

ဆေးအမည် အတက်ခ် ၅၀ အက်စ်စီ
အစွမ်းရှိပစ္စည်း (AI) Atrazine 50%
ဆေးအမျိုးအစား ပင်လုံးပြန့် ရွေးချယ်ပေါင်းသတ်ဆေး
‌ဆေးအာနိသင်ပြန့်နှံ့ပုံ အခြေခံအားဖြင့်ပေါင်းပင်၏ အမြစ်မှစုပ်ယူပြီး အစာရေကြောစီးမှပြန့်နှံ့ကာ အပင်၏ အညွန့်နှင့် အရွက်များကို ဖျက်ဆီးသော ပေါင်းသတ်ဆေးဖြစ်သည်။
‌သုံးစွဲ၍ရသောသီးနှံ ပြောင်း၊ ကြံ၊ နာနတ်။
‌နှိမ်နှင်းနိုင်သောပေါင်း မြက် နှင့် ရွက်ပြန့်ပေါင်းအားလုံး။
သုံးစွဲရမည့်အချိန်
  • မျိုးစေ့ချပြီး ၁ – ၃ ရက်အတွင်းပေါင်းမပေါက်မီ အုပ်ဆေးအဖြစ်ကြိုတင်ပက်ဖျန်းသင့်သည်။
  • အပင်ပေါက်ပြီး ၇ – ၁၀ ရက်အတွင်းပေါင်းနုချိန်တွင်လည်းပင်ဖျန်းနိုင်သည်။
နှုန်းထား ရေ ၂၀ လီတာဝင် ဆေးဖျန်းပုံး ၁ ပုံးလျှင် မြင်းခေါင်း စတီးဇွန်း ၂၀-၂၅ ဇွန်း ( ၁ – ၁.၂၅ လီတာ/ဧက) နှုန်း ဖြင့် ၁ ဧကလျှင် ဆေးဖျန်းပုံး ၅- ၁၀ ပုံး အသုံးပြုပါ။
သီးနှံမရိတ်မီနောက်ဆုံးဆေးဖျန်းရက် ၆၀ – ၉၀ ရက်။
အဓိကအကျိုးကျေးဇူးများ
  • မြက်၊ ရွက်ပြန့်အားလုံးကို ထိရောက်ဆုံးတစ်ပြိုင်နက်ထဲ သတ်နိုင်သည့် ပင်လုံးပြန့်ဆေးဖြစ်သည်။
  • သီးနှံပင်လောင်ကျွမ်းမှုနည်းခြင်း‌၊ ပေါင်းမပေါက်မီအသုံးပြုနိုင်သည်။
  • လက်ပေါင်း လိုက်ခြင်းနှင့်ယှဉ်လျှင်ကုန်ကျစရိတ်သက်သာသည်။

ဆက်စပ်ထုတ်ကုန်များ