ပင်မစာမျက်နှာ သတင်းနှင့်ဆောင်းပါး
2023-11-08
Share to
မိုးရွာပြီးချိန် ကြက်သွန် အပင်ပြုစုနည်း

မြန်မာနိုင်ငံ အနှံ့အပြားတွင်မိုးများ ရွာသွန်းလျှက်ရှိပြီး ကြက်သွန်စိုက်တောင်သူကြီးများလည်း မိုးရွာပြီးချိန် မှိုရောဂါများ ဝင်မည်ကိုစိုးရိမ်နေကြမည်ထင်ပါတယ်။
ဒါကြောင့် ကြက်သွန်ခင်းများတွင်မိုးရွာပြီးချိန်တိုင် ခါးရိ၊ မှည့်ပြောက်စွန်း(ဂျိုလိမ်)၊ ဒေါင်းနီးနှင့် ဘက်တီးရီးယားပျော့ပုပ်ရောဂါများ အဖြစ်များတတ် သည့်အတွက် အထူးဂရုစိုက်ရမည်ဖြစ်ပါတယ်။

ပေါင်းမြက်ရှင်းလင်းခြင်း

မိုးရွာပြီးသည့်အခါ သီးနှံပင်ထက် အရင် သန်မာ ထွားကြိုင်မည့်သူကတော့ ပေါင်းပင်များဖြစ်ပါတယ် ဒါကြောင့် မိုးရွာပြီးချိန်မှာ ပေါင်းစထွက်ကတည်းက ပေါင်းနှိမ်နင်းထားဖို့ အရေးကြီးပါတယ်။
ဒါမှသာ အအစာအာဟာရများကို ကြက်သွန်ပင်မှ ပြည့်ပြည့်ဝဝရယူပြီး ကောင်းစွာကြီးထွားနိုင်ပါမည်။

ပေါင်းများ ပေါက်မလာစေရန် ပေါင်းအုပ်ဆေးသုံးခြင်း၊ လက်ပေါင်းလိုက်ခြင်းများကို မဖြစ်မနေလုပ်ဆောင်သင့်ပါသည်။ (အရွက်များစတင် ကျချိန်တွင် ပေါင်းရှင်းရန် မလိုတော့ပါ။)

အစာကျွေးခြင်း

မိုးရွာပြီးချိန် အစိုကောင်းနေတုန်း ကောမက်ဗိုက်တာ + ကောမက်ထွက်တိုး ဂျီ ၄၅ ကိုထည့်ပေးနိုင်ပါက ကြက်သွန်ပင် အလက်သန်ခြင်း မန်တုတ်ခြင်းများအပြင် ဥ ကြီးထွားစေနိုင်ပါတယ်။

မြေအလွန်ကြပ်နေပါက နွားချေး၊ မြေဆွေး၊ ထပ်မံထည့်ပေးပါ။

ရွက်ဖျန်းအားဆေး အသုံးပြုလိုပါက တင်ပို + ကောမက်အားကောင်း ရွက်ဖျန်းအားဆေးအသုံးပြုပေးနိုင်ပါတယ်။

ရေပေးခြင်း

မိုးရွာပြီးနောက်ပိုင်း ရေပေးခြင်းနည်းစနစ်များမှာ အရေးကြီးပါတယ်။ ကြက်သွန်ခင်းသည် မစိုလွန်း၊ မခြောက်လွန်းသော အခြေအနေတွင် အမြဲရှိနေရန် ရေသွင်းချိန်ရောက်၊ မရောက်ကို ကြက်သွန်ပင် အခြေအနေကိုကြည့်၍ သိနိုင်သည်။

ကြက်သွန်ပင် ရေငတ်ပါက အရွက်များ ပြာမှိုင်းပြီး နွမ်းခွေလာသည်။

မြေအလွန် ခြောက်အောင်ထားပြီး ရေသွင်းက ကြက်သွန်ခွံ အက်ကွဲတတ်သည်။

ပုံမှန်အားဖြင့် တစ်ပတ်လျှင် တစ်ကြိမ် ရေသွင်ပေးရသည်။

ရာသီပူပြင်းပါက (၄-၅)ရက်ခြား တစ်ကြိမ်ရေပေးသွင်းရန်လိုသည်။

မြေသားပေါ် မူတည်ပြီး ရေသွင်းချိန် (၅)ကြိမ်မှ (၈)ကြိမ်ထိရှိရပါမည်။

(အရွက်များ စတင်ကျလာချိန်တွင် ရေပေးသွင်းခြင်းကို ရပ်လိုက်ရမည်။)

မှိုရောဂါကျရောက် နိုင်သည့်မိုးအုံ့ခြင်း၊ မိုးဖွဲဖွဲရွာခြင်း စသော ရာသီဥတု ဖောက်ပြန်မှုရှိပါက သင့်တော်သော မှိုသတ်ဆေးများ အသုံးပြုပြီးကြိုတင်ကာကွယ်ခြင်းက အကောင်းဆုံးဖြစ်သည်။

News

ဆက်စပ်သတင်းများ