ပင်မစာမျက်နှာ စိုက်ပျိုးရေး ဗဟုသုတ
2024-06-06
Share to
ငရုတ်စိုက်ခင်းမှာ သတိထားရမယ့် ငရုတ်ပင်ခြေပုပ်မှိုရောဂါ

ငရုတ်ပင်ခြေပုပ်မှိုရောဂါ

  • ငရုတ်ပင်ခြေပုပ်မှိုရောဂါသည် မြေဆောင်ရောဂါတစ်မျိုးဖြစ်ပြီး မြေကြီးအစိုဓာတ်များပြီး အပူချိန်မြင့်မားသည့်အချိန်များတွင် ဆိုးဝါးစွာဖြစ်တတ်သော မှိုရောဂါတစ်မျိုးဖြစ်သည်။
  • ငရုတ်ပင်တစ်ပင်လုံးရှိအရွက်များရုတ်တရက်ညိုးလာပြီး ရောဂါလက္ခဏာမပြပဲ သေဆုံးသွားသည်ကို တွေ့ရမည်ဖြစ်သည်။
  • အမြစ်များတွင်ရောဂါလက္ခဏာမပြပဲ အမြစ်နှင့်ပင်စည်ကြားတွင် ပုပ်နေသည်ကိုတွေ့ရှိရမည်။
  • အမြစ်ကိုနှုတ်ကြည့်ပါက အဖြူရောင်မှိုမျှင်များနှင့်သေးငယ်သောမှိုသီးလုံးများကို တွေ့ရမည်ဖြစ်သည်။
  • ယခုလက္ခဏာများတွေ့ရပြီဆိုလျှင် ငရုတ်ပင်ခြေပုပ်ရောဂါဖြစ်နေသည်ဟုယူဆလို့ရပါသည်။

ကာကွယ်နှိမ်နင်းနည်း

  • ရောဂါဖြစ်နေသော အပင်များကို နှုတ်ပြီး အခင်းနှင့်ဝေးရာတွင်ဖျက်ဆီးခြင်း
  • စိုက်ခင်းအတွင်း စိုက်ခင်းဘေး ပေါင်းရှင်းခြင်း၊ သီးလှည့်စိုက်ခြင်း
  • စိုက်ခင်းသုံးကိရိယာများမှတစ်ဆင့် ကူးစပ်နိုင်သဖြင့် သန့်ရှင်းအောင်ထားခြင်း
  • ရေသွင်းရေထုတ်မြောင်းများကို ကောင်းစွာပြုလုပ်ပေးခြင်း
  • ရောဂါဆိုးရွားနေချိန် ရေသွင်းခြင်းများကို ရှောင်ရှားခြင်း
  • ဆေးအသုံးပြုမည်ဆိုပါက နီဗိုစူပါကို ရောဂါဖြစ်နေသော အပင်ခြေကို နှင့် ပတ်ခြာလည် ၁၀ ပင်လောက်ကို အပင်ခြေ ရွှဲနေအောင်ဖျန်းပေးနိုင်သည်။
  • ရောဂါ သက်သာသွားပါက အပင်နလန်ထူမြန်ပြီး အသီးတင်အားကောင်းစေရန် ကောမက်ဗိုက်တာ + ကောမက်ထွက်တိုး ဂျီ ၄၅ ကျွေးပေးနိုင်ပါသည်။

အသုံးပြုနိုင်သောဆေးများ

ကောမက်ဗိုက်တာ

အာဟာရဓာတ် ၃ မျိုးကိုညီမျှစွာထုတ်လုပ်ထားသော Blended Compound Fertilizer

ကောမက်ထွက်တိုး

သီးနှံပင်များ ကြီးထွားဖွံ့ဖြိုးစေရန်အတွက် အာဟာရဓာတ် ၂ မျိုးပါဝင်သောမြေဩဇာ