ဒီတစ်ပတ်မှာတော့ စပါးခင်းတွေမှာ အဖြစ်များလာသော စပါး ဘက်ရီးယား ရောဂါ ၂ မျိုးအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။
၁။ စပါး ဘက်တီးရီးယား ရွက်ခြောက်ရောဂါ
ရောဂါဖြစ်စေသော သက်ရှိမှာ Xanthomonas oryzae pv. oryzae ဖြစ်သည်။
ရောဂါ ပင်ပြလက္ခဏာ
- အပင်ငယ်စဉ် (ပျိုးပင်) မှ ရွှေ့စိုက်ပြီး ၂-၄ ပတ် တွင် အပင်ရိပြီး ရွက်ဖျား၊ ရွက်နားတွင် ရေစိုနာကွက်ဖြစ်ခြင်း၊ အရွက်ဝါ ခြောက်ကာ ညှိုးသေခြင်း၊
- ပင်ပွားချိန်နောက်ပိုင်း အဓိကကျရောက်ပြီး အရွက်ဖျားမှ ရွက်လယ်ကြောသို့ V- shape ပုံသဏ္ဍာန် လှိုင်းတွန့်များဖြစ်ပေါ်၍ ကောက်ရိုးခြောက်ရောင် ဝါခြောက်သွားခြင်း၊
- စပါးပင်၏ အပေါ်ရွက်များတွင် ရောဂါလက္ခဏာ ပိုတွေ့ရပြီး ဘက်တီးရီးယားမှ အပင်အောက်ခြေရှိ အစာကြော၊ ရေကြောများကိုပိတ်ဆို့ လိုက်ခြင်းကြောင့်လည်း စပါးဝါနိုင်ခြင်း၊
- ရေသွင်းရေထုတ်ခြင်းနှင့် စပါးအရွက်များ ထိခိုက်ဒဏ်ရာရပြီး ကူးစက်ခံရနိုင်ခြင်း၊ ပုလဲမြေဩဇာ အလွန်အကျွံသုံးစွဲခြင်းနှင့် မြေဩဇာချို့တဲ့ခြင်းတို့ကြောင့် ရောဂါပိုကျစေခြင်း စသည့် လက္ခဏာများကို တွေ့ရမည်ဖြစ်သည်
ကာကွယ်နှိမ်နင်းနည်း
- ဘက်တီးရီးယားရွက်ခြောက်ရောဂါဒဏ် ခံနိုင်သောစပါးမျိုးကို ပြောင်းလဲ စိုက်ပျိုးခြင်း၊
- ရောဂါကျဖူးသည့် စပါးခင်းတွင် သီးလှည့်စိုက်ပျိုးခြင်း၊ ပေါင်းရှင်းခြင်း၊
- စပါးမစိုက်ခင် တမန်းပြင်ချိန်တွင် ပိုတက်စီယမ်ဓာတ်မြေဩဇာ၊ စက်ဖွဲပြာ၊ တီစူပါဓာတ်မြေဩဇာ များကိုထည့်သွင်းခြင်း၊
- ကောက်ကွက်လိုအပ်သည် ထက်ပို၍ စိပ်စိပ်မစိုက်ခြင်း၊ အပင်ဖြစ်မှုကောင်းသည့် နိုက်ထရိုဂျင်ဓာတ်မြေဩဇာကို လိုအပ်သည် ထက်ပိုမသုံးခြင်း၊
- ရောဂါဖြစ်မှ ဆေးသုံးခြင်းထက် မဖြစ်ခင်ကတည်းကကြိုတင်ကာကွယ်ခြင်း
- ဘီလီယံ ကာဆူဂါ ကျူပရောက်ဆက်ကဲ့သို့ ဘက်တီးရီးယားဆးများအသုံးပြုနိုင်ခြင်း စသည်တို့ကို ဆောင်ရွက်ခြင်းဖြင့် ကာကွယ်နှိမ်နင်းနိုင်သည်။
၂။ စပါးဘက်တီးရီးယားရွက်စင်းရောဂါကို ဘယ်လိုကာကွယ်ကြမလဲ
- ဘက်တီးရီးယားရွက်စင်းရောဂါဟာ ရောဂါကျ အပင်တွေမှာ အရွက်များ အညိုရောင်ပြောင်းခြင်း၊
- ခြောက်သွေ့ခြင်းတို့ ဖြစ်ပေါ်သည်။ ရောဂါ ပြင်းထန်စွာ ဖြစ်ပွားလျှင် အရွက်မှ အစာချက်လုပ်မှုလျော့နည်းသောကြောင့် ထွက်သည့် ဆန်အလေးချိန်လည်း လျော့နည်း နိုင်ပါသည်။
- စပါးဘက်တီးရီးယား ရွက်စင်းရောဂါသည် အပူချိန်နှင့် စိုထိုင်းဆ မြင့်မားသောဒေသတွင် ဖြစ်ပွားသည်။
- မျိုးစေ့မှ တစ်ဆင့်သော်လည်းကောင်း၊ ရောဂါကျ အပင်၏ ရိုးပြတ်များမှ တဆင့်သော်လည်းကောင်း ကူးစက်နိုင်သည်။ ဘက်တီးရီးယားသည် အရွက်များပေါ်တွင် ရှိနေလျှင် (သို့မဟုတ်) ရေထဲ၊ ပင်ကြွင်း ပင်ကျန် အစိတ်အပိုင်းထဲတွင် ရှိနေလျှင် ထိုစပါးခင်းထဲ၌ ရောဂါဖြစ်ပွားနိုင်သည်။ ဘက်တီးရီးယားရောဂါသည် အပင်ငယ်စဉ်တွင် အနည်းငယ်သာကျရောက်နိုင်ပြီး ပင်ပွား ထွက်ချိန်မှ အနှံ စတင်ထွက်ချိန်တွင် အများဆုံးကျရောက်နိုင်သည်။
- ရောဂါခွဲခြားနည်း
ရောဂါလက္ခဏာတွေဟာ ကနဦးအနေနဲ့ ရွက်ကြောတွေကြားမှာ သေးငယ်တဲ့ ရေစိုနာကွက်ပုံစံ အတန်းလိုက်ဒဏ်ရာတွေ အဖြစ်ပေါ်လာကြပါတယ်။ ဒီစင်းကြောင်းတွေဟာ ကနဦးက စိမ်းရင့်ရောင်ရှိကြပြီး နောင်မှာ ညိုနုရောင်ကနေ မီးခိုးဝါရောင်ပြောင်းသွားကြပါတယ်။
- ဒဏ်ရာတွေဟာ အလင်းကို ဆန့်ကျင်ပြီး ကိုင်ကြည့်ပါက အလင်းဖောက်နိုင်ပါတယ်။
- စပါးရွက်တစ်ရွက်လုံး အညိုရောင်ပြောင်းသွားနိုင်ကာ ရောဂါပြင်းထန်ရင် သေသွားပါတယ်။
- စိုထိုင်းတဲ့အခြေအနေမှာဆိုရင် ဘက်တီးရီးယားဆဲလ် အစုအဝေးတွေပါနိုင်တဲ့ ဘက်တီးရီးယားစိမ့်ထွက်ရည်ရဲ့ အဝါရောင်အစက်များကို စပါးရွက်တွေရဲ့ မျက်နှာပြင်ပေါ်မှာ တွေ့ရပါတယ်။
ကာကွယ်နှိမ်နင်းခြင်း
- ရောဂါဒါဏ်ခံနိုင်ရည် ရှိသော စပါးမျိုးကိုစိုက်ပျိုးပါ။
စပါးမျိုးစေ့များကို ရေနွေးနဲ့ စိမ်ပါ။
- လက်ခံပင်များ ဖြစ်သော(ရောဂါကျရောက်တတ်သော) ပေါင်းမြက်များ ဖယ်ရှားပါ။
- စပါး ရိုးပြတ်၊ ကောက်ရိုး၊ ရိုးပြတ်မှပေါက်လာသော လမိုင်းပင်များ၊ ယခင်နှစ်မှ ကျန်ခဲ့သော မျိုးစေ့များ မှပေါက်လာသည့် အပင်ငယ်များကို ထယ်ထိုးမြေလှန် ဖျက်ဆီးပစ်ပါ။
- အထူးသဖြင့် နိုက်ထရိုဂျင်မြေသြဇာကို အချိုးညီသုံးစွဲပါ။
- ဆိုးဝါးစွာရေလွှမ်းသော စပါးခင်းအား ရေကို ထုတ်ပစ်ပါ။
- ရောဂါဆိုးရွားစွာ ကျရောက်ပြီဆိုပါက ဘီလီယံ(၁၀၀)ဂရမ် သို့မဟုတ် ကျူပရောက်ဆက်(၆၀-၈၀)စီစီ အထိ အသုံးပြုနိုင်ပါသည်။
အသုံးပြုနိုင်သောဆေးများ