ပွင့်ထွေးပိုးဟာဆိုရင်....
- ဥ၊ သားလောင်း(လောက်ကောင်)၊ ရုပ်ဖုံး၊ အကောင်ကြီးဟူ၍ အဆင့် ၄ ဆင့်ရှိသည်။
- ပင်စည်၊ အရွက်နု၊ အပွင့်၊ အသီးတွေပေါ်မှာ ဥ ချပြီး သားလောင်းမှာ အသီးအပွင့်အပင်များကို စားသောက် ဖျက်ဆီးသည်။
ဖျက်ဆီးမှုလက္ခဏာ
- အပွင့်အဖူးများတွင် ချဉ်မျှင်ရက်ပြီး ဖျက်ဆီးသည်။
- လောက်ကောင်ဟာ ပန်း ၄-၆ ပွင့်ထိ ဖျက်ဆီးစားသောက်နိုင်သည်။
- ပင်စည် ၊ အညွန့်ထိပ်၊ သီးတောင့်တွေကို ထိုးဖောက်စားသည်။
- ပဲတောင့်မှာ ၉ စေ့လောက်ပါရင် ၂စေ့လောက် ကျန်သည်အထိ စားသောက်သည်။
- ပန်းစပွင့်ကတည်းက ဖျက်ဆီးမှုကြောင့် သီးတောင့်တွေပုံပျက်နေခြင်း၊ အစေ့အဆံအရည်အသွေးကျဆင်းခြင်း၊ အပင်ပေါ်တွင်အညစ်အကြေးများကို တွေ့ရှိရမည်။
ကာကွယ်နှိမ်နင်းနည်း
- နှံစားပြောင်း ပဲလွန်း ပြောင်း သီးနှံများဖြင့် သီးညှပ်စိုက်ပေးခြင်း။
- ဖျက်ပိုးများမခိုအောင်းနိုင်စေရန် စိုက်ခင်းအတွင်း ပေါင်းများရှင်းပေးခြင်း။
- အလင်းထောင်ချောက်များ ပြုလုပ်ခြင်း။
- ဥမြုံများနှင့်လောက်ကောင်များအားလက်ဖြင့်ကောက်ယူဖျက်ဆီးခြင်း။
- ပန်းမပွင့်ခင် တစ်ပတ်အကြိုကတည်းက ဆေးဖျန်း ကာကွယ်သင့်ပါတယ်။
- ပိုးကျရောက်မှုအပေါ်မူတည်ပြီး ဆေးတစ်ပုံးလျှင် အလန်း ၂၀ ဂရမ် ၊ ဇိုင်ကလုံး ၄၀ စီစီ ၊ ငှက်ကြီးတောင် ၂၀ စီစီ တစ်လှည့်စီ အလှည့်ကျသုံးနိုင်သည်။
- မြန်မာ့ဩဘာပဲစိုက်တောင်သူကြီးများ ပွင့်ထွေးပိုးကို ကောင်းစွာ နှိမ်နင်းနိုင်ပြီး အထွက်ကောင်းတွေ ရကြပါစေခင်ဗျာ...
လှေးပိုးအတွက် အသုံးပြုရမည့် ပိုးသတ်ဆေးများ