လှေးပိုး (သရစ်ပိုး) ဆိုသည်မှာ အလွန်သေးငယ်သည့် အင်းဆက်ဖြစ်ပြီး ကမ္ဘာတစ်ဝန်းရှိ အပင်ပေါင်းများစွာကို စားသောက်ဖျက်ဆီးလျက်ရှိပါသည်။ အကောင်၏ အရောင်သည် အဝါမှ အညို၊ အနက်ရောင်ထိ ရှိနိုင်သည်။
လှေးပိုးသည် စုပ်စားပိုးဖြစ်ပြီး အပင်ကို တိုက်ရိုက်ထိခိုက်နိုင်သလို၊ ဗိုင်းရပ်စ် သယ်ဆောင်လာခြင်းအားဖြင့်လည်း ထိခိုက်စေနိုင်ပါသည်။
လှေးပိုး၏ ဘဝစက်ဝန်းသည် မျိုးရိုးဗီဇ၊ တည်နေရာ၊ လက်ခံပင်နှင့် အခြားသော အကြောင်းအရာများပေါ် မူတည်၍ ပြောင်းလဲနိုင်သည်။ ပုံမှန်ဘဝစက်ဝန်းသည် ၂၂ ရက် ကြာနိုင်ပါသည်။
လှေးအရွယ်ရောက်အကောင်ကြီးများသည် အပင်အကြွင်းအကျန်များ ၊ ပင်စည်အခေါက်များကြားတွင် ဆောင်းခို၍ နေထိုင်ကြသည်။ လှေးပိုးများသည် တစ်နှစ်တွင် မျိုးဆက် ၁၅ ဆက်ထိ ပြန့်ပွားနိုင်ပြီး အရွယ်ရောက်အကောင်ကြီးတစ်ကောင်သည် ၁လလောက်ထိ ရှင်သန်နိုင်ပါသည်။
လှေးပိုးသည် စိုက်ခင်းပေါ်တွင် သေးသွယ်၍ ငွေရောင်တောက်တောက်အရောင်ရှိသည်။ မှန်ဘီလူးမပါဘဲ ကြည့်လျှင် ၎င်းတို့၏ ခန္ဓာကိုယ်ကို မြင်နိုင်ရန် ခဲယဉ်းသော်လည်း အသေးစိတ် အနားကပ်ကြည့်မှ ထင်ထင်ရှားရှားမြင်နိုင်သည်။ လှေးပိုးကို သေချာမြင်နိုင်ရန် အဖြူရောင်အခင်းပေါ်တွင် ခါချ၍လည်း ကြည့်နိုင်ပါသည်။
ဖျက်ဆီးမှု လက္ခဏာများ
ကာကွယ်နှိမ်နင်းနည်း
အသုံးပြုနိုင်သောဆေးများ