ပင်မစာမျက်နှာ စိုက်ပျိုးရေး ဗဟုသုတ
2024-05-15
Share to
နှမ်းစိုက်တောင်သူကြီးတိုင်း အထူးသတိထားရမည့် နှမ်းရိုးမဲရောဂါ

နှမ်းရိုးမဲရောဂါဟာဆိုရင် နှမ်းစိုက်တောင်သူတိုင်း ကြောက်ကြတဲ့ နှမ်းရောဂါတွေထဲက တစ်မျိုးဖြစ်တာမို့ နှမ်းရိုးမဲရောဂါအကြောင်း တင်ပြပေးလိုက်ရပါတယ်။

နှမ်းရိုးမဲရောဂါသည်

  • စတင်စိုက်ပျိုးပြီးချိန်မှ စ၍ ကျရောက်လေ့ရှိသည်။
  • အစေ့မှ အညှောင့်ထွက်ကာစ အပင်ငယ်မှာ အညိုရောင် ပြောင်းသွား၍ ပုပ်သွားသည်။
  • အပင်ငယ်စဉ်တွင် အမြစ်များ ညို၍ ပုပ်သွားသဖြင့် အပင်သေသွားသည်။
  • အပင်ကြီးများ၏ ပင်စည်အရင်းပိုင်းတွင် ရောဂါကျလေ့ရှိရာ အရွက်များနှင့် အပင်ထိပ်ပိုင်းသည် အောက်သို့ ငိုက်ကျသွားသည်။
  • အပင်ကြီးထွားမှုနှေးသွားပြီး ပုသွားသည်။
  • ရောဂါဖြစ်စေသော မှိုမျှင်များသည် ပင်စည်အတွင်းပိုင်းတစ်လျှောက် အပေါ်သို့ တက်သွားပြီး ပင်စည်မှာ ခြောက်သွားသည်။
  • ပင်စည်ပေါ်တွင် သေးငယ်သည့် ပစ်ကနီးဒီးယား (Pycnidia) ခေါ် အမည်းအဖုကလေးကို တွေ့ရသည်။
  • ပင်စည်ကျိုးကျသွားပြီး ရိုးမဲအစင်းသည် ပင်စည်အပေါ်ပိုင်းသို့ ပျံ့နှံသွားသည်။
  • သီးတောင့်များမှာ မရင့်မှည့်မီ ပွင့်အာသွား၍ အစေ့များ အရောင်ပျက်နေတတ်သည်။
  • အစေ့များပေါ်တွင် စကလိုးရှားခေါ် မှိုမျိုးစေ့ကို တွေ့ရသည်။ မှိုသည် အခြားသီးနှံများစွာတွင်လည်း ကျနိုင်သည်။
  • မြေကြီးထဲတွင်လည်းကောင်း၊ မျိုးစေ့ထဲတွင်လည်းကောင်း နေထိုင်ရှင်သန်နိုင်သည်။

ကာကွယ်နှိမ်နင်းနည်း

  • ရေသွင်းပြီး၊ မိုးရွာသွန်းပြီးချိန်တွင် အပင်ခြေ ရေမဝပ်စေရန် ဂရုစိုက်ပါ။
  • ရေ အလွယ်တကူ ထုတ်နိုင်ရန် ရေနုတ်မြောင်းများကို စိုက်ချိန်မှစ၍ ထယ်ကြောင်းပေး၍ ပြုလုပ်ထားပါ။
  • ပုလဲ မြေဩဇာ များများကျွေးမှုကို ရှောင်ပါ။
  • ပိုတက်ရှ် မြေဩဇာကို အချိုးကျ သုံးစွဲပါ။
  • ဆေးသုံးမည်ဆိုပါက မြန်မာ့ဩဘာမှ ယူနတီ သုံးပေးနိုင်သည်။