ပင်မစာမျက်နှာ စိုက်ပျိုးရေး ဗဟုသုတ
2024-05-15
Share to
ငမြောင်တောင်အကြောင်းသိကောင်းစရာများ

ငမြှောင်တောင်ဆိုသည်မှာ...

တောင်သူကြီးတို့၏ စိုက်ခင်းတွေမှာ အထွက်နှုန်းကျအောင် ဆိုးရွားစွာ ဖျက်ဆီးကြတဲ့ ပိုးပဲဖြစ်ပါတယ်
လိပ်ပြာဖလံမျိုးရင်းဝင်ဖြစ်ပြီး သီးနှံအတော်များများကို စားသောက်ဖျက်ဆီးသည့် ဖျက်ပိုးပေါ့ဗျာ...
ငမြှောင်တောင်၏ ဖလံအကောင်ကြီးများသည် ညထွက်ကောင်များ ဖြစ်ကြသည်။

မြေကြီးမှ ထွက်လာပြီးနောက် ဖလံများသည် (၁-၃)ရက်အကြာတွင် စတင်မိတ်လိုက်ပြီး ပုံမှန်အားဖြင့် နေဝင်ပြီး (၄-၇) နာရီအတွင်း မိတ်လိုက်ကြသည်။

ဖလံအမများသည် ဥများကို အရွက်ပေါ်အရိပ်ရနေရာများ၌ (၂-၃)တန်း အစုလိုက် ဥကြသည်။ တစ်ခါတစ်ရံတွင် ရွက်ဖုံးနှင့်ရွက်လိပ်များကြားတွင် ဥဥသည်။
ဥ၏အရောင်သည် အဖြူရောင် (သို့) အဝါရောင် ရှိပြီး အကောင်ပေါက်အဆင့်မရောက်ခင်တွင် မီးခိုရောင်သို့ ပြောင်းသွားသည်။

သားလောင်းအဆင့်သည် ပုံမှန်အားဖြင့် ၆ဆင့်ရှိပြီး ၉ဆင့် အထိ တွေ့ရတာလည်း ရှိသည်။ အနက်ရောင်ဦးခေါင်နှင့် အရောင်ဖျော့သော ပထမသားလောင်းအဆင့်မှလွဲ၍ ကျန်သော သားလောင်းအဆင့်များသည် ၎င်းတို့၏ ဖွံဖြိုးကြီးထွားမှုကို ကန့်လန့်ဖြတ် အစင်းကြောင်းများဖြင့် အမှတ်အသားပြုကြသည်။

ခန္ဓာကိုယ်၏အရောင်သည် မီးခိုးစိမ်းရောင် (သို့) မီးခိုညိုရောင်ရှိပြီး ကျောဘက်၏ ဘေးဘက်တစ်ချက်စီတွင် ကျယ်ပြန့်သော အနက်ရောင်စင်းကြောင်းများ တွေ့ရသည်။

အပူချိန်ပေါ်မူတည်၍ သားလောင်းများ၏ ကြီးထွားမှု အဆင့်များသည် ပြောင်းလဲနိုင်သည်။ နွေရာသီတွင် သားလောင်းအဆင့်ပြီးမြောက်ရန် ရက် ၂၀ ခန့် ကြာသော်လည်း ဆောင်းရာသီတွင် ရက် ၃၀ ခန့်ထက် ကြာမြင့်နိုင်ပါသည်။

ဖျက်ဆီးပုံ
သားလောင်းများသည် အရွက်များကို ရိုးပြတ်ငုတ်တိုများဖြစ်အောင် ဖျက်ဆီးသည်။

တတိယအဆင့်ရှိ သားလောင်းများသည် အရွက်များကို အပေါက်များဖြစ်အောင် စားပြီး နောက်ပိုင်းတွင် အရွက်တစ်ရွက်လုံး ကုန်အောင် စားသောက်ဖျက်ဆီးသည်။

အကောင်ကြီးများသည် ပန်းပွင့်များ၏ ဝတ်မှုန်တွေကို စားသောက်ပြီး တစ်ခါတစ်ရံတွင် အချိုဓာတ်ရှိသည့် မှည့်သော ပျက်ဆီးနေသော အသီးများပေါ်တွင် စားသောက်လေ့ရှိသည်။

ငမြှောင်တောင်သည် မြက်များနှင့် အစေ့အဆန်အပင်များကို ပို၍ စားသောက်ဖျက်ဆီးသည်ဟု ဆိုသော်လည်း အခြားအပင်များသို့ ကူးပြောင်း စားသောက်နိုင်ပြီး ဆိုးရွားစွာ ကျရောက်လျှင် ၎င်း၏ ဖျက်ဆီးမှုကို အပင်များ ခံနိုင်ရည်မရှိပါ။

ကာကွယ်နှိမ်နင်းနည်းများ

  • ငမြှောင်တောင် အရေအတွက်ကို စစ်ဆေးနိုင်ရန် အနက်ရောင်မီးထောင်ချောက်များနှင့် ဖီရယ်မုန်းများကို အသုံးပြုပေးပါ။
  • စိုက်ခင်းဝန်းကျင်ရှိ ပေါင်းမြက်များကို နှိမ်နင်းပေးပါ။
  • မိတ်ဆွေပိုးများကို ထိန်းသိမ်းပေးပါ။
  • သီးလှည့်စိုက်ပျိုးပါ။
  • ဥမြှုံများကို ကောက်ယူဖျက်ဆီးပေးပါ။
  • ပိုတက်ရှ်မြေဩဇာကျွေးပေးပါ။
  • ပိုးသတ်ဆေးများအား မနက်စောစောနှင့် ညနေပိုင်းတွင် ဖျန်းပေးပါ။
  • ပိုးသတ်ဆေး အသုံးပြုလိုပါက မြန်မာ့ဩဘာမှ အလန်းဇိုင်ကလုံးငှက်ကြီးတောင်ကို တစ်လှည့်စီ အလှည့်ကျ သုံးပေးပါ။