ပင်မစာမျက်နှာ စိုက်ပျိုးရေး ဗဟုသုတ
2023-10-10
Share to
မတ်ပဲ၊ ပဲတီစိမ်းဖျက်ပိုးအန္တရာယ် အထူးကာကွယ်

ငမြှောင်တောင် (ဖျက်ဆီးမှုလက္ခဏာ)

ပဲပင်တစ်ပင်လုံးကို နွားစားထားသကဲ့သို့ ငုတ်တိုရိုးပြတ်များ ဖြစ်အောင်ဆိုးဝါးစွာ ဖျက်ဆီးသည်။ အပင်ကြီးမှာကျလျှင် ဥမြုံတစ်ခုမှ ပေါက်သည့်လောက်ကောင်ငယ် (၁၀၀-၃၀၀) သည် အရွက်၏ အစိမ်းရောင်အပိုင်းကို ခြစ်၍ စားသောက်သည်။ လောက်ကောင်ကြီးလာပါကအရွက်၊ အပွင့်၊ အသီး၊ အစေ့များကို ကိုက်ဖြတ်စားသောက်သည်။ဖျက်ဆီးမှုလက္ခဏာ စတွေ့သည်နှင့် ဆေးဖျန်းပါ။

သီးတောင့်ထိုးပိုး (ဖျက်ဆီးမှုလက္ခဏာ)

အဖူးအပွင့်ဝင်ချိန်မှ စတင်ကျရောက်၍ ပဲသီးတောင့်များကို ထိုးဖောက်၍ ဖျက်ဆီးစားသောက်သည်။ အဖူး၊ အပွင့်ဝင်ချိန်တွင် စတင်ဆေးဖျန်းပေးပါ။

ငမြှောင်တောင်နှင့် သီးတောင့်ထိုးပိုးများအတွက် အလန်း၊ ငှက်ကြီးတောင် ၊ ဇိုင်ကလုံး ကဲ့သို့သော ပိုးသတ်ဆေးများ သုံးပေးခြင်းဖြင့် ကာကွယ်နှိမ်နင်းနိုင်ပါတယ်။

ပျ (ဖျက်ဆီးမှုလက္ခဏာ)

အရွက်အောက် မျက်နှာပြင်မှနေ၍ ပင်ရည်ကို စုပ်ယူစားသောက်သဖြင့် အရွက်များ တွန့်ကုပ်ပြီး အချိုရည်ထုတ်သဖြင့် အပင်တွင်စေးကပ်ကပ် ဖြစ်နေတတ်သည်။ အမည်းရောင် ကျပ်ခိုးမှို ထပ်ဆင့်ကျလျှင်၊ အရွက်မည်းသွားသည်။ အရွက်အောက်မျက်နှာပြင်ရှိပျပိုးများကို ဆေးနှင့် ထိတွေ့အောင် နှံ့စပ်စွာ ဆေးဖျန်းပေးပါ။

ပျပိုးအတွက် အကောင်းဆုံးဆေး ပိုင်ဒီသုံးပေးနိုင်ပါတယ်။

ယင်ဖြူ (ဖျက်ဆီးမှုလက္ခဏာ)
အပင်ငယ်စဉ်မှစ၍ ကျရောက်သည်။ သစ်ရည်ကို စုပ်ယူဖျက်ဆီးသဖြင့်အရွက်များ တွန့်သွားသည်။ ယင်ဖြူကျရောက်ပါက ခရမ်းချဉ်တွင်ဗိုင်းရပ်စ်ရောဂါများကို ဖြစ်ပွားစေသည်။ ယင်ဖြူ စတင်ကျရောက်သည်ကို တွေ့သည်နှင့် ဆေးဖျန်းပါ။

ယင်ဖြူအတွက် အကောင်းဆုံးသောဆေး ပိုင်ဒီအသုံးပြုပြီး စိုက်ခင်းအတွင်း ရွှေဝါရောင်မိုစေ့ ရောဂါ ဖြစ်ပွားမှုကို ကြိုတင်ကာကွယ်နိုင်ပါတယ်။

ပဲပင်စည်ထိုးယင် (ဖျက်ဆီးမှုလက္ခဏာ)
အပင်ပေါက်ပြီး (၃) ရက်မှ စတင်ကျရောက်သည်။ မြေကြီးနှင့် နီးစပ်ရာပဲပင်စည်အတွင်း ထိုးဖောက်၍ နေထိုင်စားသောက် ဖျက်ဆီးသဖြင့်အရွက်များ ဝါလာကာ မကြာမီ တစ်ပင်လုံး ခြောက်သွေ့သွားသည်။
အပင်ကြီးများ၏ ရွက်ညှာနှင့်ကိုင်းနုများတွင် ကျတတ်သဖြင့် အရွက်နှင့်အကိုင်းများ ဝါပြီး ခြောက်သွေ့လေ့ရှိသည်။ ဖျက်ဆီးမှုလက္ခဏာစတွေ့သည်နှင့် ဆေးဖျန်းပေးပါ။

ဘက်တား ၊ ဖိုင်းရားကဲ့သို့သော ပိုးသတ်ဆေးများ အသုံးပြုနိုင်ပါတယ်။

ခူမွေးရှည် (ဖျက်ဆီးမှုလက္ခဏာ)
အကောင်ငယ်စဉ်တွင် အစုလိုက်အပြုံလိုက်နေ၍ အရွက်၏အစိမ်းရောင် တစ်သျှူးသားများကိုခြစ်၍ စားသောက်သဖြင့်ရွက်ကြောများသာ ကျန်နေတတ်သည်။ လောက်ကောင်ကြီးလာပါကတစ်ပင်ချင်းဆီသို့ ဖြန့်၍ အရွက်များကို ကိုက်ဖြတ်ဝါးစားသည်။ခူကောင်များ စတွေ့သည်နှင့် ဆေးဖျန်းပါ။

အလန်း၊ ငှက်ကြီးတောင် ၊ဇိုင်ကလုံးဆေးများဖြင့် ကာကွယ်နှိမ်နင်းနိုင်ပါသည်။

လှေးပိုး (ဖျက်ဆီးမှုလက္ခဏာ)
အပင်ငယ်စဉ်မှစ၍ ပန်းပွင့်ချိန်အထိ ကျရောက်သည်။ အပင်ရည်ကိုစုပ်ယူဖျက်ဆီးသဖြင့် အရွက်များ တွန့်ကုပ်သွားသည်။ အပွင့်တွင်ကျရောက်ပါက အသီးမတင်ခြင်း၊ အသီးတောင့်များ ပုံပျက်ခြင်းများဖြစ်ပေါ်သည်။ ဖျက်ဆီးမှုလက္ခဏာ စတွေ့သည်နှင့် ဆေးဖျန်းပါ။

တော်ပီဒို ဆေးအသုံးပြုပြီး လှေးပိုးများကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။

အသုံးပြုရမည့် ဆေးများကို အောက်တွင်လေ့လာနိုင်ပါတယ်။

ဆက်စပ်ထုတ်ကုန်များ