ပင်မစာမျက်နှာ စိုက်ပျိုးရေး ဗဟုသုတ
2023-05-09
Share to
ငရုတ်အသီးတင်စေမည့် လျို့ဝှက်ချက်

• ငရုတ်စိုက်တောင်သူကြီးများ 🌸ငရုတ်ပန်းပွင့်ချိန်တွင် အသီးမတင်ပဲ ကြွေကျသည့်ပြသနာကို ဆိုးရွားစွာ ရင်ဆိုင် ကြုံတွေ့နေကြရသည်။ ၎င်းပြသနာကို အလွယ်ကူဆုံးနည်းလမ်းသုံးပြီး အမြန်ဆုံး ဖြေရှင်းနိုင်ရန် နည်းလမ်းများကိုပြောပြသွားပါမည်။
တော်ပီဒို+ ကောမက်ပီဖိုလန် အတွဲသည် ငရုတ်ခင်းတွင်ကျရောက်သည့် စုပ်စားပိုးများကို ကာကွယ်နှိမ်နင်းနိုင်ယုံသာမက အမြစ်ဖွဲ့စည်းမှုအားကောင်းပြီး အပင်ပိုမိုသန်စွမ်းစေခြင်းကြောင့် အသီးအပွင့်အားကောင်းပြီး အထွက်တိုးစေမည်ဖြစ်ပါသည်။
• ငရုတ်အပွင့်ကြွေရသည့်အကြောင်းအရင်းများအနက် ပိုးမွှားကြောင့်မဟုတ်ဘဲ ရာသီဥတု အပူအအေး မမျှတခြင်း ၊ ရေငတ်ခြင်း၊ ရေများခြင်းနှင့် အခြားသောအကြောင့်အရင်းများကြောင့်လဲ ဖြစ်တတ်ပါသည်။ ထိုအခြေအနေများဖြစ်လျှင်လည်း ကောမက်ပီဖိုလန် ရွက်ဖျန်းအားဆေးကို အသုံးပြုပြီး ဖြေရှင်းနိုင်သည်။ ကောမက်ပီဖိုလန် သုံးပေးခြင်းအားဖြင့် 🌿အပင်ရေငတ်ဒဏ်ခံနိုင်ခြင်း၊ ဆားပေါက်ဒဏ်ခံနိုင်ခြင်း၊ ရောဂါဒဏ် ပိုမိုခံနိုင်ရည်ရှိစေခြင်း၊ ရေဝပ်၍ အပင်ဝါခြင်း မဖြစ်အောင် ကာကွယ်ပေးနိုင်ပါသည်။

🔰တော်ပီဒို + ကောမက်ပီဖိုလန် အတွဲ၏ အားသာချက်များမှာ

• ငရုတ်တွင် လှေးပိုးကျရောက်မှုကို အထူးကာကွယ်နှိမ်နင်းနိုင်ခြင်း
• အပင်၏ဇီဝကမ္မ ဖြစ်စဉ်များကို ချောမွေ့စေပြီး အာဟာရဖွဲ့မှု မြန်ဆန်ထိရောက်စေခြင်း
• သီးနှံပင်လိုအပ်သော အာဟာရဓာတ်မျာကို အချိန်တိုအတွင်း ဖြည့်ဆည်းပေးနိုင်ခြင်း
• ပန်းစောစောပွင့်ပြီး အသီးအပွင့် များပြားစေခြင်း
• အကြောင်းအမျိုးမျိုးကြောင့် အပွင့်ကြွေကျခြင်းများကို ကာကွယ်ပေးရုံသာမက အသီးအရည်အသွေးပိုမိုကောင်းမွန်စေခြင်း စသည့် ကောင်းကျိုးများစွာဖြစ်ပေါ်စေပါသည်။
သို့ဖြစ်ပါ၍ ငရုတ်စိုက်တောင်သူကြီးများ ပိုးမွှားကင်စင်ပြီး အရည်အသွေးကောင်မွန်သော ငရုတ်များထွက်ရှိနိုင်ဖို့ တော်ပီဒို+ကောမက်ပီဖိုလန် ကို အမြန်ဆုံးသာ အပြေးသုံးလိုက်ကြပါစို့။