တောင်သူကြီးတို့၏ စိုက်ခင်းတွေမှာ ဒီပိုးကို မကာကွယ်နိုင်ခဲ့ရင် အထွက်နှုန်း ၉၀ %ကျော်ထိ ထိခိုက်နိုင်တဲ့ နှိမ်နင်းဖို့ ခက်ခဲသော ပိုးစေးနှဲအကြောင်း လေ့လာကြည့်ကြရအောင်လားဗျ
ပိုးစေးနှဲသည်
နူးညံ့ပျော့ပျောင်းပြီး ဘဲဥပုံသဏ္ဍာန်ရှိကာ အပေါ်ယံတွင် အဖြူရောင်ဖယောင်းလွှာ ဖုံးအုပ်ထားသည်။ ခန္ဓာကိုယ်ဘေးဘက်တွင် ဖယောင်းလွှာအမျှင်များ ရှိသည်။
ထိုးဖောက်စုပ်စားသော အင်းဆက်အမျိုးအစားဖြစ်ကာ အစုအဖွဲ့လိုက်တွေ့ရတတ်သည်။
ဥ၊ သားလောင်း၊ အရွယ်ပေါက်ကောင်ဆိုသည့် ဘဝစက်ဝန်းကို ပိုင်ဆိုင်ထားပြီး ဘဝစက်ဝန်းတစ်ပတ်ပြည့်ရန် (၆-၈)ပတ်ခန့် ကြာနိုင်သည်။
ရာသီဥတု ပူနွေးသောအချိန် (သို့) အိမ်တွင်းစိုက်အပင်များတွင် ကြီးထွားမှုအဆင့်တိုင်းကို တစ်နှစ်ပတ်လုံး တွေ့နိုင်ပြီး မျိုးစိပ်နှင့် ပတ်ဝန်းကျင်အခြေအနေပေါ်မူတည်၍ တစ်နှစ်တွင် မျိုးဆက် (၆-၈)ဆက် ရှိနိုင်သည်။
ဖျက်ဆီးပုံ
ပိုးစေးနှဲကို အသီးနှစ်လုံး ထိစက်နေသော နေရာ၊ အပင်၏ ကန်တော့ နေရာ၊ ကိုင်းဆက်နေရာ၊ မြေကြီးနှင့် နီးစပ်နေသော ပင်စည်၊ အရွက်နှင့် ထိစပ်နေသော ပင်စည်များတွင် အစုလိုက်အပြုံလိုက် စားသောက်ဖျက်ဆီးနေသည်ကို တွေ့ရတတ်သည်။ အချို့သော ပိုးစေးနှဲများသည် အမြစ်ပေါ်တွင် စားသောက်ဖျက်ဆီးသည်။
ပိုးစေးနှဲသည် အပင်၏ ရေကြောမှတစ်ဆင့် ပင်စည်များကို စုပ်ယူပြီး အပင်ကို ခံနိုင်ရည် နည်းစေသည်။
Honeydew ဟုခေါ်သော စေးကပ်သော အစေးများ၊ ဖယောင်းများထုတ်လုပ်ကာ ၎င်းအပေါ်တွင် black sooty mold ဟုခေါ်သော အမည်းရောင် ကျပ်ခိုးမှိုများ ပေါက်လာပြီး အပင်နှင့် အသီး အရည်အသွေးကို ကျစေသည်။
အရွက် (သို့) ပင်စည်ပေါ်တွင် ပမာဏများစွာ ကျရောက်ပါက အပင်ကြီးထွားမှု ရပ်တန့်ပြီး အရွက်များ ကြွေကျနိုင်သည်။ သို့သော် ခံနိုင်ရည်ရှိသော အပင်များသည် ပမာဏာအနည်းငယ်ကျရောက်မှုကို ခံနိုင်ရည်ရှိပြီး သိသာထင်ရှားသော လက္ခဏာများ မပြပါ။
ကာကွယ်နည်းများ