ပင်မစာမျက်နှာ စိုက်ပျိုးရေး ဗဟုသုတ
2023-02-24
Share to
ပိုးမွှားနှင့် ရောဂါဖျက်ဆီးမှုလက္ခဏာကို ခွဲခြားခြင်း

တောင်သူဦးကြီးများရဲ့ သီးနှံစိုက်ခင်းများတွင် ဖြစ်ပေါ်နေသောပိုးမွှားနှင့်ရောဂါပြဿနာများတွင် လက္ခဏာကိုကြည့်၍ တိကျသေချာစွာခွဲခြားနိုင်မှသာ မှန်ကန်သောဆေးအသုံးပြုနိုင်ပြီး အနာနှင့်ဆေးတည့်မည်ဖြစ်သည်။ အောက်ဖော်ပြပါ လက္ခဏာများကို ကြည့်ခြင်းဖြင့် ပိုးမွှားဖျက်ဆီးမှု နှင့် ရောဂါကျရောက်မှုကို ခွဲခြားသိရှိနိုင်သည်။

ပိုးမွှားဖျက်ဆီးမှုလက္ခဏာမှာ
၁) အပင်အစိတ်အပိုင်းများပေါ်တွင် ပိုးကောင်များ၊ ပိုးချေးများ၊ ပိုးဥများကို တွေ့ရသည်။
၂) အပင်အစိတ်အပိုင်းများပေါ်တွင် ကျိုးပဲ့၊ ပေါက်ပြဲနေသော ဒဏ်ရာများတွေ့ရသည်။
၃) စိုက်ခင်းတစ်ခုလုံးအား လျှင်မြန်စွာ ဖျက်ဆီးသည်။
၄) ပိုးဖျက်ဆီးမှုခံရသော စိုက်ခင်းအား ယူရီးယားဓာတ်မြေသြဇာကျွေးပေးပါက အပင်များပြန်လည်ကြီးထွား ရှင်သန်လာသည်။

ရောဂါဖျက်ဆီးမှုလက္ခဏာမှာ
၁) အပင်အစိတ်အပိုင်းများပေါ်တွင် အဖြူရောင်၊ အဝါရောင်၊ အမည်းရောင် အမှုန်အမျှင်များ တွေ့ရသည်။
၂) အပင်အစိတ်အပိုင်းများပေါ်တွင် အညို၊ အမည်း၊ အဝါကွက်များရှိပြီး ညှိုးခြောက်ပုပ်ရိနေသည်။
၃) စိုက်ခင်းတွင် အကွက်လိုက်၊ ဝါခြောက်ညှိုးနေသည်ကိုတွေ့ရပြီး စိုက်ခင်းတစ်ခုလုံး တဖြည်းဖြည်းကူးစက်ပျံ့နှံ့သွားသည်။
၄) ယူရီးယားဓာတ်မြေသြဇာ ကျွေးပေးပါက ရောဂါပိုမိုဆိုးရွားပြီး အပင်များသေဆုံးသွားစေသည်။