ပင်မစာမျက်နှာ သတင်းနှင့်ဆောင်းပါး
2024-09-30
Share to
စက်တင်ဘာ ၂၄ ရက်  နေ့ မှ ၃၀ရက်နေ့ အထိ တစ်ပတ်စာ ‌ဈေးကွက်သုံးသပ်ချက်

ပြည်တွင်းဈေး ကျဆင်းတဲ့ မတ်ပဲ နဲ့ အတက်အကျ တည်ငြိမ်မှု မရှိတဲ့ ပဲစင်းငုံ

 

ပြီးခဲ့တဲ့အပတ်က အနည်းငယ်တက်လာတဲ့ မတ်ပဲက ဒီတစ်ပတ်မှာတော့ ဈေး အနည်းငယ်ပြန်ကျဆင်းပါတယ်။ပြည်တွင်း မတ်ပဲ လက်ကျန်နည်းတာ ၊မတ်ပဲ အဝင်နည်းတာ၊အပြင် ရန်ကုန် ဝယ်လက်သွက်နေတဲ့ အတွက်ကြောင့် ဈေးက သွက်နေပေမယ့် ပြည်တွင်း ငွေလဲလှယ်နှုန်းဈေး ကျသွားတဲ့အတွက် ဈေးက ကျဆင်းနေတဲ့ အခြေအနေ ဖြစ်နေတာပါ။ FOB ဈေးနှုန်းကလည်း တစ်တန်ကို ၉၂၅ မှ ၉၃၅ ဒေါ်လာ ရှိပြီး ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင် တစ်တန်ကို ဒေါ်လာ ၃၀လောက်ဈေးမြင့်တက်လာပါတယ်။

 

ရန်ကုန်ဈေးကွက်မှာ မတ်ပဲ (FAQ )က တစ်တန်ကို ၃၉၇၅၀၀၀ ‌ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင် တစ်တန်ကို ၃၅၀၀၀ ကျပ်ဈေးကျဆင်းပါတယ်။ မန္တလေးစျေးကွက်မှာတော့ မတ်ပဲ ပိဿာ ၆၀ တစ်အိတ်ကို ၃၇၀၀၀၀  မှ ၃၈၅၀၀၀ ကျပ်ရှိလို့အရင်တစ်ပတ်ကထက် ၅၀၀၀ ကျပ်အတက်ပြ ပါတယ်။

 

ပဲစင်းငုံ ကတော့ ပထမနှစ်ရက်မှာ စျေးနှုန်း အတက်ပြခဲ့ပေမယ့်နောက်ရက်တွေမှာ ဆက်တိုက်ပြန် ကျဆင်းသွားခဲ့ပါတယ်။

 

ပဲစဥ်းငုံကို ပြည်ပ တင်ပို့မှုရှိပြီး FOB စျေး လည်းငြိမ်နေမေပယ့် နိုင်ငံခြားငွေ စျေးကျဆင်းခြင်း၊ အရောင်း ဝယ်အေး တဲ့အခြေအနေတွေကြောင့် စျေးပြန်ကျလာတာပါ။ပဲလက်ကျန်ကလည်း မရှိသ လောက်နည်း တယ်လို့သိရပါတယ်။

 

ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲစဥ်းငုံနီ တစ်တန်ကို တနင်္လါနေ့က ၄၉၅၀၀၀၀ ၊အင်္ဂါနေ့က ၄၈၉၅၀၀၀ ၊ဗုဒ္ဓဟူးနေ့မှာ ၄၈၅၀၀၀၀ ၊ ကြာသပတေးနေ့မှာ ၄၈၀၀၀၀၀ ကျပ်၊သောကြာနေ့မှာ ၄၇၉၅၀၀၀ ကျပ်ရှိပါတယ်။

 

မန္တလေးစျေးကွက်မှာတော့ အခုတစ်ပတ်မှာ ပဲစဥ်းငုံနီကို စျေးဖွင့်ထားခြင်းမရှိတာတွေ့ရပါတယ်။

 

ဆက်တိုက်ဈေးကျဆင်းနေတဲ့ မြေပဲ

မြေပဲကတော့ ဩဂုတ်လတတိယပတ်ကနေ စတင်ပြီး  စျေးတွေဆက်တိုက်ကျဆင်းခဲ့တာ ဒီတစ်ပတ်မှာလည်း ထပ်ပြီး ဈေးကျဆင်းပါတယ်။

 

စျေးကွက်ထဲကို မြေပဲအသစ်တွေလှိုင်လှိုင် ဝင်ရောက်နေတဲ့အပြင်ဆီစက်တွေကလည်း စျေးချဝယ်နေ တာကြောင့် မြေပဲစျေးကွက်ကျနေတာဖြစ်ပါတယ်။

 

မန္တလေးစျေးကွက်မှာ S1 လုံးဆံက ၈၁၀၀ မှ ၈၅၀၀ ကျပ်၊ မြေပဲအနီလုံးဆံက ၈၀၀၀ မှ ၈၂၀၀ ကျပ်၊ S1 ဆီဆံက ၇၀၀၀ မှ ၇၅၀၀ ကျပ်ရှိပါတယ်။ ဒါကြောင့် မြေပဲဆံစျေးကွက်က အရင်တပတ်နဲ့ယှဥ်ရင်   တစ်ပိဿာကို အမျိုးအစားနဲ့အရည်အ သွေးပေါ်လိုက်ပြီး ၅၀၀ မှ ၇၀၀ ကျပ် စျေးထပ်ကျသွားပါတယ်။

 

ဈေးပြန်ကျဆင်းလာတဲ့ ကြက်သွန်နီ နဲ့ ကြက်သွန်ဖြူ

နှစ်ပတ်ဆက်တိုက် အမြင့်ဈေးနဲ့ ရှိနေတဲ့ ကြက်သွန်နီက ဒီတစ်ပတ်မှာတော့ ဈေးက ပြန်ကျဆင်းသွား ပါတယ်။နေ့စဉ် ကုန်အဝင် ပိဿာ တစ်သိန်းအထပ်မှာလည်း ရှိနေပါတယ်။ ဝယ်လိုအား ကတော့ အနည်းငယ်ရှိနေတယ်လို့ သိရပါတယ်။

 

ရန်ကုန်ဈေးကွက်မှာတော့ ကြက်သွန်နီက (ဆိပ်ဖြူ)က တစ်တန်ကို ၁၂၅၀ မှ ၂၄၀၀ ပေါက်ဈေးရှိပြီး တစ်တန်ကို ၃၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ အခြား မုံရွာ၊မြင်းခြံ၊ပခုက္ကူတို့ကလည်း တစ်ပိဿာကို ၁၃၀၀ မှ ၂၅၀၀ ကြား ရှိပြီး တစ်ပိဿာကို ၃၀၀ လောက်ဈေးကျဆင်းသွားပါတယ်။

 

ကြက်သွန်ဖြူက (ကြူကုတ်) ရော ရှမ်းရော နေ့စဉ် ပိဿချိန် ၂ သောင်းအထက် အဝင်ရှိနေတဲ့အတွက် ဈေးကျဆင်းသွားပါတယ်။

 

ရန်ကုန်ဈေးကွက်မှာ ကြက်သွန်ဖြူ(ကြူကုတ်)က တစ်ပိဿာကို ၁၅၈၀၀ မှ ၁၆၂၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၂၃၀၀ ကျပ်ဈေးကျဆင်းသွားပါတယ် ။ကြက်သွန်ဖြူ(ရှမ်း)ကတော့ တစ်ပိဿာကို ၉၅၀၀ မှ  မှ ၁၁၈၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၂၀၀ ကျပ်ဈေး ကျဆင်းပါတယ်။

 

မေမီမောင်(AMIA)

 

 

 

 

News

ဆက်စပ်သတင်းများ

Myanma Awba App

Install
×