ပင်မစာမျက်နှာ သတင်းနှင့်ဆောင်းပါး
2024-11-14
Share to
မိုးစပါးအသစ်တွေပေါ် နေလို့ အရင်နှစ်မိုးစပါးအဟောင်း စျေးကွက်ပျောက်ပြီး အရောင်းအဝယ်အေး

နိုဝင်ဘာ ၁၃

 

ပြည်တွင်း စပါးစျေးကွက်မှာ ယခင်နှစ်လက်ကျန်မိုးစပါး အဟောင်းတွေ စျေးကွက်ပျောက်ပြီး အရောင်း အဝယ်အေး နေတယ်လို့တောင်သူတွေဆီကသိရပါတယ်။

 

ယခုကာလက မိုးစပါးအသစ်တွေ ရိတ်သိမ်းနေကြပြီး စျေးကွက်ထဲကို စပါးအသစ်တွေ လိူင်လိူင်ဝင် ရောက်နေတဲ့အတွက်ကုန်သည်တွေနဲ့ စပါးဝယ်တဲ့ပွဲစားတွေ၊ဆန်စက်တွေက ယခင်နှစ်လက်ကျန်မိုးစပါး အဟောင်း ဝယ်ယူမှုမရှိသလောက်ဖြစ်နေပြီး အရောင်းအဝယ်အေးနေတာဖြစ်တယ် လို့သိရပါတယ်။

 

" အခုက မိုးအသစ်တွေပဲဝယ်နေတာ။အရင်နှစ်မိုးစပါးက မဝယ်သေးဘူးရပ်ထားတယ်။စျေးကလည်း အခုအသစ်စျေးနဲ့သိပ်မကွာဘူးဖြစ်နေတယ်လေ။ကျွန်တော်ကတော့ စက်တင်ဘာလ ကုန်လောက်ထဲ ကအဝယ်ရပ်ထားတာခုထိပဲ။" လို့ စပါးကုန်သည်တစ်ဦးကပြောပါတယ်။

 

ယခင်နှစ်မိုးစပါးအဟောင်းကို လက်ရှိမှာ ဝယ်ယူသူမရှိသလောက်ဖြစ်နေတဲ့အတွက် တောင်သူအချို့ ကတော့ ပြည်တွင်းစားသုံးမှု ရှိတဲ့စပါးကိုတော့ ဆန်ကြိတ်ခွဲပြီး ရောင်းချခြင်း၊ဆန်အမာကိုတော့ မုန့်လုပ်စက်တွေကို လိုက်လံရောင်းချတာမျိုးတွေလုပ်နေကြောင်း၊ အချို့တောင်သူတွေကတော့ စပါး အဝယ်လိုက်မယ့် အချိန်ကိုစောင့်နေကြတယ်လို့ သိရပါတယ်။

 

မိုးစပါးအဟောင်းလက်ကျန်က ဧရာဝတီတိုင်း နဲ့ပဲခူးတိုင်းအတွင်းက တောင်သူတွေလက်ထဲမှာ အများဆုံး ကျန်ရှိနေတာဖြစ်တယ်လို့သိရပါတယ်။

 

"စပါး၇၀၀လောက်ရှိသေးတယ်ဗျာ။အခုနှစ်ဝယ်သူရှားနေတယ်။ပွဲစားတွေကလည်းမဝယ်သေးဘူးဆိုတဲ့သူနဲ့စျေးနှိမ်ဝယ်သူပဲရှိတယ်။ကျွန်တော်တို့လှောင်ထားရတာတောင် စပါးစျေးနဲ့ အလုပ်သမားခ၊ စပါးအလျော့တွက်၊ ပီနံအိတ် အကုန်ဆို စပါးတစ်ရာကို သိန်း၂၀ လောက်ကျတယ်။" လို့ ပဲခူးတိုင်း တောင်သူတစ်ဦးကပြောပါတယ်။

 

မိုးစပါးအသစ်တွေ မရိတ်သိမ်းမီ စက်တင်ဘာလလောက်တုန်းက ယခင်နှစ်မိုးစပါးအဟောင်း တင်း၁၀၀ ကို ၂၃ သိန်းကျပ် အနိမ့်ဆုံးရှိပြီး လက်ရှိမှာက အနိမ့်ဆုံး ၂၁ သိန်း အထိစျေးတန်းပြုတ်ကျကာ အရောင်းအဝယ်အေးနေတာဖြစ်တယ်လို့သိရပါတယ်။

 

မနှစ်ကမိုးစပါးရိတ်သိမ်းချိန်တုန်းက မိုးစပါး ပေါက်စျေးမှာ ပေါင်၅၀ရှိ တင်း ၁၀၀ ကို ၁၇၅၀၀၀ ကျပ်အထိ စျေးတန်းရှိခဲ့တာဖြစ်ပါတယ်။

 

ချစ်ခွန်းချို(AMIA)

 

News

ဆက်စပ်သတင်းများ

December 10, 2024

Myanma Awba App

Install
×