ပင်မစာမျက်နှာ သတင်းနှင့်ဆောင်းပါး
2024-10-07
Share to
ဆက်တိုက် ကျဆင်းနေတဲ့ မတ်ပဲ နဲ့ အကျကြမ်းနေတဲ့ ပဲစင်းငုံ

အောက်တိုဘာ ၁ ရက်နေ့ မှ ၇ ရက်နေ့ အထိ

ဆက်တိုက် ကျဆင်းနေတဲ့ မတ်ပဲ နဲ့ အကျကြမ်းနေတဲ့ ပဲစင်းငုံ

မတ်ပဲကတော့ ဆက်တိုက် ဈေးကျဆင်းနေပါတယ်။ပြည်တွင်း ပဲ လက်ကျန်နည်းတာရန်ကုန်အဝယ် အေးတာ အိန္ဒိယနိုင်ငံတွင်း မတ်ပဲ ဈေး ကျဆင်းနေတာတွေကြောင့် ပြည်တွင်း မတ်ပဲက ဈေးဆက်တိုက် ကျဆင်းနေတာ ဖြစ်ပါတယ်။ဒါ့အပြင် ပြည်တွင်း ငွေလဲလှယ်ဈေးနှုန်း က တည်ငြိမ်သွား တဲ့အတွက်လည်း ပဲ ဈေးက အကျဘက်ကို ရောက်သွားတာလည်း ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံတွင်းမှာလည်း မိုးစိုက်မတ်ပဲ တွေ ဈေးကွက်ထဲ ဝင်ရောက်လာတဲ့အပြင် မုတ်သုံမိုး များတဲ့အတွက် ပဲတွေ ပျက်စီးမှု ရှိနေတယ်ဆိုတဲ့ သတင်းတွေကြောင့် ကြိုရောင်းကြိုဝယ် မှာလည်း ပဲဈေးတွေက ကျဆင်းနေတာ ဖြစ်တယ်လို့ အိန္ဒိယပဲသတင်းတွေ အရ သိရပါတယ်။လက်ရှိမှာ မတ်ပဲက အတက်ဘက်ကို ရောက်ဖို့ မရှိပေမယ့် ပဲအပျက်အစီး နဲ့ ပွဲတော်ကာလ အရောင်းအဝယ်ပေါ် မူတည်ပြီး ဈေးအပြောင်းအလဲ ဖြစ်နိုင်ခြေရှိတယ်လို့ အိန္ဒိယ ကုန်သည်တွေက သုံးသပ်ထားပါတယ်။

ရန်ကုန်ဈေးကွက်မှာ မတ်ပဲ (FAQ )က တစ်တန်ကို ၃၈၃၀၀၀၀ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့ အပတ်နဲ့ ယှဉ်ရင် တစ်တန်ကို ၁၄၅၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။မန္တလေးဈေးကွက်မှာတော့ သုံးတင်းဝင် တစ်အိတ်ကို မတ်ပဲ (အသစ်)က ၃၃၀၀၀၀ မှ ၃၃၅၀၀၀ ပေါက်ဈေးရှိပြီး အပြောင်းအလဲ မရှိပါ။အဟောင်း ကတော့ တစ်အိတ်ကို ၃၆၀၀၀၀ မှ ၃၇၀၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၀၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ FOB ဈေးနှုန်းကလည်း တစ်တန်ကို ၉၂၀ မှ ၉၃၀ ဒေါ်လာ ရှိပြီး ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင် တစ်တန်ကို ၅ ဒေါ်လာ ဈေးကျဆင်းသွားပါတယ်။

ပဲစင်းငုံနီကတော့ ဒီတစ်ပတ်မှာ အတော်ကို အကျကြမ်းတဲ့ အခြေအနေလည်း ဖြစ်ပါတယ်။တစ်ပတ်အတွင်း တစ်တန်ကို ငွေကျပ် ၅ သိန်းလောက်ဈေးကျဆင်းသွားခဲ့တာပါ။ ပြည်တွင်း ငွေလဲလှယ်နှုန်းဈေးကျဆင်းတာကလည်း ပဲဈေးကို ပိုပြီး ကျဆင်းသွားတာလည်း ဖြစ်ပါတယ်။

လက်ကျန်လျော့နည်းတာ အဝယ်အေးတာတွေကြောင့် ပဲဈေးက လက်ရှိအခြေအနေမှာတော့ အတက် ဘက်ကို ရောက်ရှိနိုင်မှာ မဟုတ်ဘူးလို့ ကုန်သည်အချို့က သုံးသပ်ထားပါတယ်။
ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ ပဲစင်းငုံနီက တစ်တန်ကို ၄၄၅၀၀၀၀ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့ အပတ်နဲ့ ယှဉ်ရင် တစ်တန်ကို ၅ သိန်း ဈေးကျဆင်းသွားပါတယ်။ မန္တလေးစျေးကွက်မှာတော့ အခုတစ်ပတ်မှာလည်း ပဲစဥ်းငုံနီကို စျေးဖွင့်ထားခြင်းမရှိတာတွေ့ရပါတယ်။FOB ဈေးကတော့ တစ်တန်ကို ၁၀၇၀ မှ ၁၀၈၀ ပေါက်ဈေးရှိပြီး ဈေးငြိမ်တဲ့ အခြေအနေ ဖြစ်ပါတယ်။

ပြောင်းအသစ်တွေ ဈေးကွက်ထဲ အဝင်ရှိနေပြီး ဈေးကျဆင်းနေ

ပြောင်းတွေကတော့ ဈေးကွက်ထဲ အသစ်တွေ အဝင်ရှိနေပါတယ်။ အဝင်ရှိနေသလောက် ဈေးက ဆက်တိုက် ကျဆင်းနေပါတယ်။မိုးရွာသွန်း ရေကြီးရေများတာတွေကြောင့် အရည်အသွေးပိုင်း မှာလည်း ပျက်စီးမှုတွေရှိနေတယ်လို့လည်း ကုန်သည်အချို့က ဆိုပါတယ်။

မန္တလေးဈေးကွက်မှာတော့ ပြီးခဲ့တဲ့ အပတ်ကတည်းက အသစ်တွေ အဝင်ရှိနေတာ ဖြစ်ပြီး စီပီပြောင်း တစ်အိတ်ကို ၇၃၅၀၀ မှ ၇၄၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၀၀၀ ကျပ်ဈေးကျဆင်းပါတယ်။ ရှမ်း ပြောင်းကလည်း တစ်အိတ်ကို ၇၃၅၀၀ မှ ၇၄၀၀၀ ရှိပြီး ၁၀၀၀ ကျပ်ဈေးကျဆင်းပါတယ်။

ရန်ကုန်ဈေးကွက်မှာတော့ ပြောင်းဆံက တစ်ပိဿာကို ၁၆၆၀ မှ ၁၆၈၀ ရှိပြီး အကျဈေး နဲ့ ငြိမ်နေပါတယ်။

ဈေးပြန်မြင့်တက်လာတဲ့ ကြက်သွန်နီ နဲ့ ဈေးဆက်တိုက် ကျဆင်းနေတဲ့ ကြက်သွန်ဖြူ

ဈေးကွက်ထဲကို အဝင်နည်းလာတဲ့အတွက် ကြက်သွန်နီကတော့ ဈေးပြန်မြင့်တက်လာပါတယ်။ ဈေးကွက် ထဲကို ပိဿာချိန် တစ်သိန်း နီးပါးသာ အဝင်ရှိနေပါတယ်။လပြည့် နေ့ အနီး ဝယ်ယူမှု သွက်လာတဲ့အတွက် အဝယ်ကတော့ ရှိနေတယ်လို့သိရပါတယ်။

ရန်ကုန်ဈေးကွက်မှာတော့ ကြက်သွန်နီက (ဆိပ်ဖြူ)က တစ်ပိဿာကို ၁၃၅၀ မှ ၂၅၅၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၅၀ ကျပ်ဈေးမြင့်တက်လာပါတယ်။
အခြား မုံရွာ၊မြင်းခြံ၊ပခုက္ကူတို့ကလည်း တစ်ပိဿာကို ၁၃၀၀ မှ ၂၇၅၀ ကြား ရှိပြီး တစ်ပိဿာကို ၂၅၀ ကျပ် လောက် ဈေးပြန်မြင့်တက်လာပါတယ်။

ကြက်သွန်ဖြူကတော့ ဈေးကွက်အတွင်း အနည်းပေမယ့် ဈေးကတော့ ဆက်တိုက် ကျဆင်း နေပါတယ်။မိုးကြောင့် အရည်အသွေးပိုင်းဆိုင်ရာ အားနည်းပြီး ဈေးကျဆင်းတာလို့သိရပါတယ်။အ ဝယ်ကတော့ လက်ရှိမှာ ပုံမှန်အခြေအနေမှာ ရှိနေတယ်လို့ ကုန်သည်အချို့ထံကနေ သိရပါတယ်။

ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ ကြက်သွန်ဖြူ(ကြူကုတ်)က တစ်ပိဿာကို ၁၅၈၀၀ မှ ၁၆၀၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၂၀၀ ကျပ်ဈေးကျဆင်းပါတယ်။
ရှမ်းကတော့ တစ်ပိဿာကို ၉၀၀၀ မှ ၁၁၃၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၅၀၀ ကျပ်ဈေးကျဆင်းပါတယ်။

မေမီမောင်(AMIA)

 

News

ဆက်စပ်သတင်းများ

Myanma Awba App

Install
×