အောက်တိုဘာ ၃၀
ပြည်တွင်းစျေးကွက်မှာ အာလူးက ဝယ်လိုအားကောင်းပြီး စျေးဆက်တိုက်မြင့်တက်လာတယ် လို့ ကုန်သည်တွေဆီကသိရပါတယ်။
တရုတ်အာလူးရော ရှမ်းပြည်နယ်ထွက်အာလူးစျေးကွက်ပါမြင့်တက်နေတာဖြစ်ပြီး ရန်ကုန် ဘုရင့်နောင် ကုန်စည်ဒိုင်မှာဆိုရင် တရုတ်အာလူးတစ်ပိဿာကို ၇၀၀၀ ကျပ်အထိရှိလာပြီး ရှမ်းအာလူးက အဝင်မရှိတာကြာပြီဖြစ်ပါတယ်။
တရုတ်အာလူးကို နယ်စပ်ဂိတ်တွေကနေအဓိကတင်သွင်းရတာဖြစ်ပြီး လက်ရှိမှာ ကလမ်းပန်းဆက် သွယ်ရေးအခက်အခဲ နဲ့ နယ်စပ်ဂိတ်တွေရဲ့ ကုန်သွယ်နိုင်မှု အခြေအနေတွေလျော့ကျတာကြောင့် အာလူး ကားဝင် ရောက်မှုနည်းနေတာဖြစ်ပါတယ်။
"အာလူးကား ၁၀ စီးလောက်ဝင်ရမှာကို ၅စီး၊ ၆စီး လောက်ပဲဝင်နေတော့ ဝယ်လိုအားများပြီး စျေးက တက်နေတဲ့သဘောရှိတယ်။ရှမ်းအာလူးတွေကလည်းမဝင်တာကြာပြီဆိုတော့ပိုဆိုးတာပေါ့။ရှမ်းအာလူးတက်ရင်လည်းတရုတ်ကလိုက်တက်တယ်။တရုတ်တက်ရင်လည်းရှမ်းကလိုက်တက်တဲ့သဘောရှိတယ် " လို့ ဘုရင့်နောင်ကုန်စည်ဒိုင်မှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
ရှမ်းပြည်နယ်အောင်ပန်းကုန်စည်စျေးကွက်မှာလည်း ရှမ်းထွက်အာလူးတွေထဲကမှ လုပ်ငန်းသုံး အကြော်သီးဆိုက်တွေဖြစ်တဲ့ မားကစ် S2/S1 နဲ့မျက်နီ S2/S1 လည်း ပစ္စည်း အဝင်မရှိကြောင်းသိရပါတယ်။
လက်ရှိ ပွဲရုံတွေကိုဝင်ရောက်နေတဲ့ အာလူးတွေကတော့ S-1-OK မျက်နီက တစ်ပိဿာ ၇၀၀၀ ကျပ်၊OK - မျက်နီက ၆၈၀၀ ကျပ်၊ A1- မျက်နီ ၅၅၀၀ ကျပ်၊ A1-ဆွဲ မျက်နီအဟောင်းက ၅၂၀၀ ကျပ် နဲ့ ဂေါ်လီ ဆိုဒ် - မျက်နီအဟောင်းကတစ်ပိဿာကို ၂၅၀၀ မှ ၃၀၀၀ ကျပ် စျေးတန်းရှိနေပါတယ်။
"အာလူးက အဝယ်လိုက်ပြီးပစ္စည်းအဝင်ကလည်းနည်းတော့စျေးကဆက်တိုက်ထိုးတက်လာတာ။ ရှမ်းတောင် မှာ ဆိုရင် အခု အသီးမဝင်တာ ကြာပြီ ပစ္စည်း မဝင်ပေမယ့်စျေးတန်းကအမြင့်ဆုံး၈၀၀၀ ကျော်ပဲ။အရင်က ဂေါ်လီဆိုက်သေးဆို ၁၅၀၀ အများဆုံးကိုအခု၃၀၀၀ အထိရှိလာတယ်။" လို့ ရှမ်း တောင် ကုန်သည်တစ်ဦးက ပြောပါတယ်။
ရှမ်းပြည်နယ်မှာလည်း ရေကြီးနစ်မြုပ်မှု တွေကြောင့် အာလူးစိုက်ခင်းတွေ ပျက်စီးမှုရှိခဲ့တဲ့ အတွက်အထွက်လျော့ကျပြီး ကုန်စိမ်းပွဲရုံတွေကို ပစ္စည်းဝင်ရောက်မှုနည်းနေတာကြောင့် အာလူးစျေး ကွက်တက်လာတာဖြစ် ပါတယ်။
အာလူးကိုတော့ ရှမ်းပြည်နယ်မှာအဓိကအများဆုံးစိုက်ပျိုးတာဖြစ်ပါတယ်။
ချစ်ခွန်းချို(AMIA)