ဈေးကျဆင်းနေဆဲ မတ်ပဲ နဲ့ ပဲစင်းငုံ
မတ်ပဲကတော့ ပြီးခဲ့တဲ့အပတ်ကတည်းက ဈေးက ဆက်တိုက် ကျဆင်းနေတာ ဖြစ်ပါတယ်။ပြည်ပ တင်ပို့ရောင်းချမှု နည်းတဲ့အပြင် ငွေလဲလှယ်ဈေးနှုန်းကျဆင်းတာကြောင့်လည်း ပဲဈေးက အတက် မရှိတာ ဖြစ်ပါတယ်။ FAQ/SQ ဈေးနှုန်းတွေ ကျဆင်းပေမယ့် RAW ဈေးကတော့ ကောင်းနေ ပါတယ်။ပြည်တွင်းမှာတော့ ပွဲတော်ကာလအနီး အရောင်းအဝယ်သွက်နေတယ်လို့ ကုန်သည်အချို့က ဆိုပါတယ်။
ရန်ကုန်ဈေးကွက်မှာ မတ်ပဲ (FAQ )က တစ်တန်ကို ၃၇၆၆၀၀၀ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့ အပတ်နဲ့ ယှဉ်ရင် တစ်တန်ကို ၆၄၀၀၀ ကျပ်ဈေးကျဆင်းပါတယ်။ မန္တလေးဈေးကွက်မှာတော့ သုံးတင်းဝင် တစ်အိတ်ကို မတ်ပဲ (အသစ်)က ၃၂၀၀၀၀ မှ ၃၃၀၀၀၀ ပေါက်ဈေးရှိပြီး ၅၀၀၀ ကျပ်ဈေးကျပါတယ်။ အဟောင်း ကတော့ တစ်အိတ်ကို ၃၄၀၀၀၀ မှ ၃၆၀၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၀၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ FOB ဈေးနှုန်းကလည်း တစ်တန်ကို ၉၂၅ မှ ၉၃၅ ဒေါ်လာ ရှိပြီး ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင် တစ်တန်ကို ၅ ဒေါ်လာ ဈေးပြန်တက်လာပါတယ်။
ပဲစင်းငုံနီကလည်း အကျကြမ်းပါတယ်။ တစ်ပတ်အတွင်း ငွေကျပ် ၅ သိန်းနီးပါးထပ်မံ ကျဆင်းသွားပြီး ၂ ပတ်အတွင်း တစ်တန်ကို ငွေကျပ် ၁၀ သိန်းနီးပါးဈေးကျဆင်းသွားခဲ့ပါတယ်။ FOB ဈေးနှုန်းတွေ လည်း ကျဆင်းသွားတာ အပြင် ငွေလဲလှယ်နှုန်းဈေးကလည်း အကျဈေးနဲ့ငြိမ်နေပါတယ်။လက်ရှိ မှာတော့ လက်ကျန်က မရှိသလောက် ဖြစ်နေပြီး အရောင်းအဝယ်ကလည်း မရှိသလောက် ဖြစ်နေတယ်လို့ကုန်သည်အချို့က ဆိုပါတယ်။
ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ ပဲစင်းငုံနီက တစ်တန်ကို ၄၀၄၇၀၀၀၀ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့ အပတ်နဲ့ ယှဉ်ရင် တစ်တန်ကို ၄ သိန်းကျော် ဈေးကျဆင်းသွားပါတယ်။
မန္တလေးစျေးကွက်မှာတော့ အခုတစ်ပတ်မှာလည်း ပဲစဥ်းငုံနီကို စျေးဖွင့်ထားခြင်းမရှိပါဘူး။
FOB ဈေးကတော့ တစ်တန်ကို ၁၀၄၀ မှ ၁၀၅၀ ပေါက်ဈေးရှိပြီး တစ်တန်ကို ဒေါ်လာ ၃၀ ဈေးကျဆင်းသွားပါတယ်။
ဂျင်းဈေးကွက်အေးနေ
ပြည်ပတင်ပို့မှု မရှိသေးတဲ့အတွက် ဂျင်းတက်အစိုက ဈေးကွက်အေးနေတယ်လို့ ဈေးကွက်အတွင်းမှ စုံစမ်းသိရပါတယ်။လက်ရှိမှာတော့ ပြည်တွင်း ဈေးကွက်ကို သာ မှီခိုနေရတာတယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ ဂျင်းဈေးကွက်က အရည်အသွေးပေါ် မူတည်ပြီး ဈေးနှုန်းအတက်အကျသာ ရှိနေပါ တယ်။
ဂျင်းတက်အများဆုံးထွက်တဲ့ ရှမ်းပြည်အောင်ပန်းကုန်စည်ဒိုင်စျေးကွက်မှာ ဂျင်းတက်စျေးက ဂျင်းဥမ မြေနီ အကြီး တစ်ပိဿာကိုမှ ၄၀၀၀ ကျပ်၊ ဂျင်းဥမမြေနီအလတ် တစ်ပိဿာကို ၃၅၀၀ ကျပ် သာ စျေးပေါက်နေပါတယ်။
လက်လီစျေးကွက်မှာက ဂျင်းတစ်ပိဿာကို အနိမ့်ဆုံး ၅၀၀၀ ကျပ် ရောင်းချမှုရှိပါတယ်။
ဈေးပြန်တက်လာတဲ့ အာလူး
အာလူးကတော့ လက်ရှိ ဈေးကွက်အတွင်း ဈေးပြန်မြင့်တက်လာပါတယ်။ နေ့စဉ် ဈေးကွက်အဝင်ပေါ် မူတည်ပြီး ဈေးအတက်အကျရှိနေတာ ဖြစ်ပါတယ်။ ဈေးကွက်အဝင် နည်းရင် ဈေးမြင့်တက်နေပြီး အဝင်များရင်တော့ ဈေးကျဆင်းပါတယ်။ ဒါပေမယ့် ပွဲတော်ကာလ နီးတာကြောင့် အရောင်းအဝယ် ကတော့ ကောင်းနေတယ်လို့သိရပါတယ်။
ရန်ကုန် ဘုရင့်နောင်စျေးကွက်မှာ တရုတ်အာလူးတစ်ပိဿာကို ၆၃၀၀ မှ ၆၅၀၀ ကျပ်ရှိပြီး ပြီးခဲ့တဲ့အပတ်က ထက် ၆၀၀ ကျပ် ဈေးတက်လာပါတယ်။ပြည်တွင်းထွက်အာလူးဖြစ်တဲ့ အောင်ပန်း ok က၅၂၀၀ နဲ့အောင်ပန်း S1က ၅၇၀၀ ကျပ်ရှိပြီး အရင်တပတ်ကထက် ၇၀၀ ကျပ်တက်လာပါတယ်။
ရှမ်းပြည်အောင်ပန်းကုန်စည်ဒိုင်စျေးကွက်မှာတော့ မျက်နီ S-2 /S1 က တစ်ပိဿာကို ၆၀၀၀ ကျပ်၊ A-1 က ၁၃၀၀ ကျပ်မှ ၁၈၀၀ ကျပ်၊ မျက်နီ S1/ OK က ၅၅၀၀ ကျပ်၊မားကစ် S2/ S-1 ၆၅၀၀ ကျပ် ၊မျက်နီ OK က ၅၀၀၀ ကျပ်၊မျက်နီ A1 က ၃၈၀၀ ကျပ်နဲ့ စျေးတန်းငြိမ်နေပါတယ်။
မေမီမောင်(AMIA)