ပင်မစာမျက်နှာ သတင်းနှင့်ဆောင်းပါး
2024-04-22
Share to
စားဆီဖူလုံဖို့ ဆီထွက်သီးနှံဇုန် ဧက ၃ သန်းဖော်ဆောင်မယ်

ဧပြီ ၂၂

ယခုနှစ် ဘဏ္ဍာနှစ်ထဲမှာ ဆီထွက်သီးနှံကို အထူးဇုန်တွေအ‌‌နေနဲ့ ဖော်ဆောင်ပြီး  စိုက်ဧက ၃ သန်းစိုက်ပျိုးသွားမယ်လို့စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနကသိရပါတယ်။


ဆီထွက်သီးနှံထဲကမှ မြေပဲ ၊နှမ်း ၊နေကြာ ကိုအဓိကစိုက်ပျိုးမှာဖြစ်ပြီး မကွေးတိုင်းဒေသ ကြီး၊ မန္တလေးတိုင်းဒေသကြီး၊ နေပြည်တော်၊ ဧရာဝတီတိုင်းဒေသကြီးနဲ့  ရှမ်းပြည်နယ်တို့မှာ  အထူးဇုန်တွေ သတ်မှတ်လုပ်ဆောင်မှာဖြစ်တယ်လို့သိရပါတယ်။


" အခု ဇုန်တွေသတ်မှတ်တာမျိုးစလုပ်နေပြီ၊အဓိကပြည်တွင်းမှာ စားဆီလုံလောက်မှုရှိအောင်ရည်ရွယ်လုပ်နေတာပါ၊ကိုယ့်ပြည်တွင်းကထွက်တာသာလုံလောက်ရင် ပြည်ပကနေ ဆီတင်သွင်းမှုကို လျှော့ချနိုင်မယ့်အခြေအနေရှိတာပေါ့ " လို့ မကွေးတိုင်းက မြေပဲကုန်သည်တစ်ဦးကပြောပါတယ်။


ဆီထွက်သီးနှံအထူးဇုန်တွေဖော်ဆောင်ရာမှာ ဆီထွက်သီးနှံ တောင်သူ တွေကို  မျိုးစေ့နဲ့ သွင်းအား စုရရှိအောင်စီစဥ်ပေးမယ့်အပြင် မြေဆီလွှာ ပပညာရှင်တွေ ၊ မျိုးစေ့ပညာရှင်တွေနဲ့  ပိုးမွှားရောဂါကာကွယ် ရေးပညာရှင်တွေ၊ အထူးအရာရှိတွေ ပါဝင်တဲ့ ပညာရှင်အဖွဲ့က ဒေသအလိုက် မြေပဲ၊ နှမ်း၊ နေကြာ စတဲ့   အသိပညာပေး စည်းရုံးဟော ပြောမှာဖြစ်တယ်လို့သိရပါတယ်။


နောက်ပြီး အထူးဇုန်အတွင်း ပါဝင်မယ့် တောင်သူတွေကိုမိရိုးဖလာ စိုက်ပျိုး နည်းစနစ်ထက် သွင်းအားစု လိုအပ်ချိန်မှာ သွင်းအားစု  အချိန်မှန်ထည့်သွင်းရန်၊ ရောဂါပိုးမွှားများ ကျရောက် သောအခါ အချိန်မီကာကွယ်နိုင် ရန်၊ ရေလိုအပ်ချိန် စိုက်ပျိုး ရေများ ဖြည့်ဆည်းပေးနိုင်စေ ရန် ပေါင်းစပ်ဆောင်ရွက်ခြင်း နည်းလမ်းတွေနဲ့ အထွက်နှုန်းပြည့်မှီအောင် ဆောင်ရွက်ပေးမှာဖြစ်တယ်လို့သိရပါတယ်။


မြန်မာနိုင်ငံမှာ ဆီထွက်သီးနှံစိုက်ပျိုးဧက ၈ ဒသမ ၃ သန်း ခန့်ရှိတဲ့ အနက်  ဧက ၃ သန်းကို ကနဦးအနေနဲ့  ဆီထွက်သီးနှံ အထူးဇုန်အဖြစ်စတင်အကောင်ထည်ဖော်ဆောင်ရွက်ခြင်းဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ မြန်မာနိုင်ငံမှာ  စားသုံးဆီ လိုအပ်ချက်ရှိ​ေနတဲ့အတွက်  ပြည်ပမှ နှစ်စဥ် စားအုန်းဆီ တန်ချိန် ၅၀၀၀၀ တင်သွင်းနေပြီး အခုနှစ်မှာတော့ တန်ချိန် ၇၀၀၀၀ ကျော်အထိ ပိုတိုးမြှင့်တင်သွင်းဖို့ သက်ဆိုင်ရာဝန်ကြီးဌာနက စီစဥ်‌ေနပါတယ်။


ပြည်တွင်းမှာ စားသုံးဆီသုံးစွဲမှုက နှစ်စဥ်တန်ချိန် (၁ ဒသမ ၁)သန်းခန့်ရှိတယ်လို့မြန်မာ နိုင်ငံဆီလုပ်ငန်းရှင်များအသင်းကနေ သိရပါတယ်။


လက်ရှိပြည်တွင်းမှာ မြေပဲဆီ တစ်ပိဿာကို ၁၈၀၀၀ ကျပ်အထိရှိပြီး နှမ်းဆီကလည်း ၁၈၀၀၀ ဝန်းကျင်ရှိနေပါတယ်။ စားအုန်းဆီက‌ေတာ့ တစ်ပိဿာကို ၉၀၀၀ ကျော်ရှိတာကြောင့် ပဲဆီ၊နှမ်းဆီ၊ပဲနှမ်းအရောကို သုံးစွဲသူများလာပေမယ့် နေကြာဆီကတော့ ပြည်တွင်းသုံးစွဲမှုနည်းသလို စိုက်ပျိုးမှုလည်းနည်းနေပါသေးတယ်။

 ချစ်ခွန်းချို(AMIA)

News

ဆက်စပ်သတင်းများ

May 6, 2024