မြစ်ခြောက်ဆွေးကာကွယ်ရန်

အသေးစိတ်ဖော်ပြချက်

လူးနယ်ဆေးအမည် မြစ်ခြောက်ဆွေး လူးနယ်ဆေး
အကြံပြုချက် မြစ်ခြောက်ဆွေး ရောဂါဟာ ရောဂါဖြစ်မှ ကာကွယ်ခြင်းထက် မဖြစ်ခင်ကတည်းက ကြိုတင်ကာကွယ်ထားမှသာ ဆိုးရွားစွာမကျရောက်နိုင်မှာ ဖြစ်သည်။ ထို့ကြောင့် သီးနှံမစိုက်ပျိုးမီ မျိုးစေ့ကို လူးနယ်ဆေးလူးပြီးမှ စိုက်ပျိုးသင့်သည်။
အသုံးပြုရမည့်ပုံစံ မြစ်ခြောက်ဆွေးကြိုတင်ကာကွယ်နိုင်ရန် ဘလိတ်၊ ရီဗိုက်၊ ဘင်ဂို၊ လောင် ပါဝင်သည့် မျိုးစေ့လူးနယ်ဆေးကို အသုံးပြုနိုင်သည်။
သုံးစွဲနည်း
  • မျိုးစေ့လူးနယ်ဆေးတစ်ထုပ်လျှင် မျိုး(၂)တင်း လူးနယ်နိုင်ပါသည်။
  • ဆေးဖျန်းပုံးတစ်ပုံး (သို့) သင့်တော်ရာ ထည့်စရာတစ်ခုတွင် ရေနို့ဆီဗူး ၄ဗူးထည့်ပါ။
  • မျိုးစေ့လူးနယ်ဆေး (၄)မျိုးစလုံးကို ထည့်၍ သမအောင်မွှေပါ။
  • သမအောင်မွှေထားသောဆေးရည်များကို မျိုးစေ့အပုံပေါ်သို့ ညီညာစွာပက်ဖျန်း၍ လက်အိတ်(သို့) ထွန်ခြစ်ဖြင့် ပြန့်နှံ့အောင်မွှေပါ။
  • မျိုးစေ့လူးနယ်မှုပြန့်နှံ့သွားလျှင် အရိပ်ထဲတွင် ခေတ္တလေသလပ်ခံထားပြီးမှ မျိုးချစိုက်ပျိုးပါ။
အကျိုးကျေးဇူးများ
  • ပင်လုံးပြန့်မှိုသတ်ဆေး ၂မျိုးပါဝင်သောကြောင့် အခြားလူးနယ်ဆေးများထက် ရောဂါကာကွယ်မှုပိုပေးနိုင်ခြင်း၊
  • အပင်ပေါက်နှုန်းမြင့်မားပြီး အပင်ကြီးထွားသန်စွမ်းမှုကောင်းခြင်းကြောင့် မျိုးစေ့နှုန်းကို ပုံမှန်စံချိန်စံညွှန်းအတိုင်း သုံးနိုင်ခြင်း၊
  • အပင်သေ၊ အပင်ဆုံးရှုံးမှုလျော့နည်းခြင်း၊
  • အပင်ငယ်စဉ်ကျရောက်တတ်သော ရောဂါများကို ကာကွယ်နိုင်ခြင်း၊
  • ပိုးမွှားရောဂါကာကွယ်နှိမ်နင်းမှုအပြင် အမြစ်ဖွံ့ဖြိုးမှုမြန်ဆန်ခြင်း၊ အကိုင်းအလက် စောစီးမြန်ဆန်စွာ ဖြစ်ပေါ်ခြင်း၊ အရွက်များစိမ်းစိုတောက်ပမှုကြာရှည်ခံခြင်း အစရှိသည့်သီးနှံအရည်အသွေးတိုး တက်မှုကိုပါ ရရှိစေပါသည်။

ဆက်စပ်ထုတ်ကုန်များ