နှမ်းစိုက်တောင်သူများ အထွက်နှုန်း သိသိသာသာ တိုးတက်စေမည့် “ကောမက်အားကောင်း” ရွက်ဖျန်းမြေသြဇာ
နှမ်းစိုက်တောင်သူများအတွက် နှမ်းအထွက်နှုန်း သိသိသာသာတိုးတက်စေဖို့ဆိုရင် ပန်းပွင့်ချိန်နဲ့ အစေ့အဆန်တည်ချိန်မှာ အာဟာရဓာတ် ပြည့်စုံစွာရရှိဖို့က အလွန်အရေးကြီးပါတယ်။
အထူးသဖြင့် ရာသီဥတုဖောက်ပြန်မှုဒဏ်ကြောင့် ပန်းပွင့်ကြွေတာ၊ အစေ့မအောင်တာမျိုးတွေဟာ တောင်သူဦးကြီးတွေအတွက် အဓိကစိန်ခေါ်မှုဖြစ်ပါတယ်။
ဒါကြောင့် အခုလိုပြဿနာတွေကို ဖြေရှင်းပေးနိုင်ပြီး နှမ်းပင်ရဲ့ လိုအပ်ချက်ကို အကောင်းဆုံးဖြည့်ဆည်းပေးနိုင်မယ့် ကောမက်အားကောင်း (နှမ်း) ရွက်ဖျန်းမြေသြဇာရဲ့ အသုံးဝင်ပုံတွေကို ဖော်ပြပေးလိုက်ရပါတယ်ခင်ဗျာ။
နှမ်းစိုက်ခင်းမှာ ကောမက်အားကောင်းကို ဘာကြောင့် သုံးသင့်တာလဲ။
နှမ်းပင်ဟာ ရာသီဥတုဒဏ် (အထူးသဖြင့် မိုးခေါင်ခြင်း) ဒဏ်ကို အခြားသီးနှံတွေထက် ပိုမိုထိရှလွယ်လေ့ရှိတဲ့ သီးနှံမျိုးဖြစ်ပါတယ်။ဒါကြောင့် နှမ်းပင်အတွက် ရေရရှိမှုကို အမြဲ ထိန်းညှိပေးနိုင်ရန် လိုအပ်ပါတယ်။ ကောမက်အားကောင်း (၂၁-၁၀-၂၁) မှာ ပါဝင်တဲ့ အာဟာရအချိုးအစားတွေက နှမ်းပင်ရဲ့ ခံနိုင်ရည်အားအတွက် အောက်ပါအတိုင်း အထောက်အကူပြုပါတယ် –
- နှမ်းပင်ကို လျင်မြန်စွာ အရွက်ဝေဆာစေပြီး အစာချက်လုပ်မှု အားကောင်းစေပါတယ်။
- အမြစ်စနစ်ကို သန်မာစေပြီး ပန်းပွင့်နှုန်းကို သိသိသာသာ မြှင့်တင်ပေးပါတယ်။
- မိုးခေါင်မှု သို့မဟုတ် ရာသီဥတု ဖောက်ပြန်မှုကြောင့် ပန်းပွင့်များ ကြွေကျခြင်းမှ ထိရောက်စွာ ကာကွယ်ပေးပါတယ်။
နှမ်းအထွက်တိုးစေရန် အသုံးပြုရမည့် ကာလ
နှမ်းခင်းမှာ အာနိသင် အထိရောက်ဆုံးရရှိဖို့အတွက် အောက်ပါအချိန်တွေမှာ ၂ ကြိမ်မှ ၃ကြိမ်အထိ ပုံမှန်ဖျန်းပေးဖို့ လိုအပ်ပါတယ် –
- ပန်းမပွင့်မီ (၁၀) ရက်အလို အပင်ကို သန်စွမ်းစေပြီး ပန်းပွင့်များများပွင့်လာစေရန်အတွက် အထောက်အကူပေးပါတယ်။
- ပန်းပွင့်ချိန် အပွင့်များ ဝေဝေဆာဆာ ပွင့်စေပြီး နှမ်းအစေ့အဆံဖြစ်တည်မှုကို အားပေးပါတယ်။
- ပန်းပွင့်ပြီး နောက်ပိုင်းမှာ နှမ်းစေ့များ အဆံပြည့်ဝစေပြီး အလေးချိန်စီးစေရန်အတွက် အထောက်အကူပေးပါတယ်။
အသုံးပြုရမည့် နှုန်းထားနှင့် နည်းစနစ်
နှမ်းပင်ရဲ့ အရွက်တွေကနေတစ်ဆင့် အာဟာရကို တိုက်ရိုက်စုပ်ယူနိုင်ဖို့ ရွက်ဖျန်းမြေဩဇာပုံစံ အသုံးပြုနိုင်တာ ဖြစ်ပါတယ်
- ဆေးနှုန်းထား: ဆေးဖျန်းပုံး (၂၀ လီတာ) တစ်ပုံးလျှင် ၃ – ၅ ဇွန်း (မြင်းခေါင်းစတီးဇွန်း)ထည့်ပေးနိုင်ပါသည်
- တစ်ဧကလျှင် ဆေးဖျန်းပုံး ၅ ပုံးမှ ၇ ပုံးခန့်သာ ကုန်ကျတာကြောင့် တောင်သူဦးကြီးများအတွက် ငွေကုန်ကြေးကျ သက်သာစေပါတယ်
ကောမက်အားကောင်းကြောင့် ရရှိနိုင်မည့် အဓိက အကျိုးကျေးဇူးများ
- နှမ်းအဆစ်တိုင်းမှာ အပွင့်တွေ ပိုမိုတင်စေပြီး အသီးများ ပြည့်နှက်စေပါတယ်။
- နှမ်းစေ့များ ပိန်ခြင်း၊ နွမ်းခြင်း မရှိဘဲ အလေးချိန် စီးစေတဲ့အတွက် ဈေးကွက်မှာ ဈေးကောင်းရစေပါတယ်။
- ဆေးပျော်ဝင်မှု အားကောင်းတဲ့အတွက် ဖျန်းပြီးနောက် အပင်ရဲ့ တုံ့ပြန်မှုကို လျင်မြန်စွာ မြင်တွေ့ရမှာပါ။
- ရောဂါနဲ့ ပိုးမွှားဒဏ်ကို ခံနိုင်ရည်ရှိစေလို့ အပင်သေနှုန်းကို လျှော့ချပေးပါတယ်။
အကြံပြုချက်
နေပြင်းချိန်မှာ ဆေးဖျန်းခြင်းကို ရှောင်ကြဉ်ပါ။
အစိုဓာတ်ရှိတဲ့ မနက်စောစော သို့မဟုတ် ညနေခင်း အချိန်တွေမှာ ဖျန်းပေးခြင်းက အပင်အတွက် အာဟာရစုပ်ယူမှု အကောင်းဆုံး ဖြစ်စေပါတယ်။
ကောမက်အားကောင်းကို စနစ်တကျ အသုံးပြုခြင်းဖြင့် “စရိတ်သက်သာ၊ အပင်သန်မာပြီး နှမ်းအထွက်နှုန်း တိုးတက်လာ စေမှာ ဖြစ်ပါတယ်။ တောင်သူဦးကြီးတို့ မှန်းချက်နဲ့ နှမ်းထွက် ကိုက်ပြီး မိသားစုဝင်ငွေ တိုးပွားဖို့ဆိုရင် ကောမက်အားကောင်းကို ယုံကြည်စွာ လက်တွဲနိုင်ပါတယ်။
အသေးစိတ် သိရှိလိုပါက Myanma Awba Facebook Page Messenger မှာ ဆက်သွယ်မေးမြန်း ဆွေးနွေးနိုင်ပါတယ်ခင်ဗျာ။
