မိုးစပါးစိုက်ရန် ကြိုတင်ပြင်ဆင်ချိန်တွင် ပေါင်းမြက်နှိမ်နှင်းနည်း (၇) ချက်

မိုးစပါးစိုက်ရန် ကြိုတင်ပြင်ဆင်ချိန်တွင် ပေါင်းမြက်နှိမ်နှင်းနည်း (၇) ချက်

မိုးစပါးစိုက်ပျိုးရာတွင် စပါးခင်းများ၌ အဓိက ဒုက္ခပေးတတ်သော ပြဿနာမှာ ပေါင်းမြက်များပင်ဖြစ်သည်။ပေါင်းပင်များသည် စပါးခင်းတွင် ထည့်ကျွေးထားသော မြေဩဇာအာဟာရများကို စုပ်ယူစားသောက်‌ပြီး ရောဂါပိုးမွှားများ အလွယ်တကူခိုအောင်းစေသောကြောင့် စပါးစိုက်မည်ဆိုပါက ပေါင်းမြက်များကို သေချာရှင်းလင်းသင့်ပေးသည်။

ထို့ကြောင့် စပါးခင်းတွင် အစာအာဟာရ၊ ရေနဲ့ နေရောင်ခြည်ကို အပြည့်အဝ ရရှိစေပြီး ရောဂါကင်းစေရန် အောက်ပါအတိုင်း စနစ်တကျ ပြင်ဆင်နိုင်ပါတယ်။

၁။မြေပြုပြင်ခြင်းနှင့် ထွန်ယက်ခြင်း

စပါးမစိုက်ခင် ထွန်ရေးညက်အောင် ပြုလုပ်ခြင်းသည် ပေါင်းမြက်ပင်များကို အမြစ်မှ ဆွဲနှုတ်ပြီးသား ဖြစ်စေပါသည်။

  • အားသာချက်: မြေအောက်မှာ ရှိသော ပေါင်းစေ့များကို မြေပေါ်ရောက်လာစေပြီး နေပူရှိန်နဲ့ သေစေသလို၊ အပင်ပေါက်ပြီးသား ပေါင်းများကိုလည်း မြေမြှုပ်ပစ်နိုင်စေပါသည်။

၂။ ရေသွင်းရေထုတ် စီမံခန့်ခွဲခြင်း 

ရေသွင်းရေထုတ် စနစ်တကျ ပြုလုပ်ခြင်းက ပေါင်းမြက်မျိုးစေ့များ အပင်မပေါက်နိုင်ရန် တားဆီးပေးပါသည်။

  • အားသာချက်: စပါးခင်းတွင် ရေသွင်းထားခြင်းကြောင့် ပေါင်းမြက်အများစုမှာ လေထုထဲက အောက်ဆီဂျင်ကို မရနိုင်သောကြောင့် အပင်မပေါက်နိုင်တော့ပေ။

၃။ ပေါင်းသတ်ဆေးကို အချိန်ကိုက် အသုံးပြုခြင်း 

စပါးမစိုက်ပျိုးမီ သို့မဟုတ် စိုက်ပြီးစမှာ ပေါင်းမပေါက်ခင် သုံးစွဲရတဲ့ဆေး (Pre-emergence) ကို အသုံးပြုခြင်းက ပေါင်းမြက်ထူထပ်မှ ရှင်းလင်းခြင်းထက် ပိုကောင်းပါသည်။

  • သတိပြုရန်: မိမိနှိမ်နှင်းချင်တဲ့ ပေါင်းအမျိုးအစား (မြက်၊ ရွက်ဝိုင်း သို့မဟုတ် ရွက်ပြန့်) ပေါ်မူတည်ပြီး မှန်ကန်တဲ့ ဆေးအမျိုးအစားကို ရွေးချယ်ပါ။

၄။ကြမ်းတုံးရိုက်ခြင်း / မြေညှိခြင်း

လယ်ထဲတွင် မြေ မညီညာပါက ရေသွင်းပါက ကွက်၍လွတ်နေသောနေရာများတွင် ပေါင်းမြက်များပေါက်နိုင်ပါသည်။

  • အကျိုးကျေးဇူး: မြေမျက်နှာပြင် ညီညာရင် ရေကို တစ်ညီတည်းထိန်းထားနိုင်တဲ့အတွက် ပေါင်းမြက်ပေါက်နှုန်းကို ညီညာစွာ ထိန်းချုပ်နိုင်ပါသည်။

၅။ သီးလှည့်စိုက်ပျိုးခြင်း 

မိုးစပါး မစိုက်ခင် ပဲမျိုးစုံ သို့မဟုတ် အခြားသီးနှံတွေကို အလှည့်ကျ စိုက်ပျိုးခြင်းဟာ စပါးခင်းမှာ ကျရောက်တတ်သော ပေါင်းနှင့်် ရောဂါပိုးမွှားသံသရာကို ဖြတ်တောက်နိုင်ပါသည်။

၆။ မျိုးကောင်းမျိုးသန့်စပါးကို ရွေးချယ်ခြင်း 

အချို့သော ပေါင်းစေ့များဟာ စပါးမျိုးစေ့နှင့်အတူ ရောနှောပါလာတတ်သည်။

အကြံပြုချက်: ပေါင်ကင်းစင်ပြီး ယုံကြည်စိတ်ချရသူထံမှ မျိုးစပါးကို ဝယ်ယူအသုံးပြုပါ။

 

၇။ ဘက်စုံပေါင်းစည်းနှိမ်နှင်းရေးစနစ် (IPM)

နည်းလမ်းတစ်ခုတည်းကိုပဲ အားကိုးမနေဘဲ ထပ်ခါတလဲလဲ ပြုလုပ်ခြင်းမဟုတ်ဘဲ ထွန်ယက်ခြင်း၊ ရေသွင်းခြင်းနဲ့ ဆေးဖျန်းခြင်းတို့ကို စနစ်တကျ ပေါင်းစပ်လုပ်ဆောင်တာဟာ ရေရှည်အတွက် အကောင်းဆုံးနဲ့ လက်ပေါင်းလိုက်ခကို သက်သာစေမည်ဖြစ်သည်။

အကျဥ်းချုပ်

မိုးစပါးအတွက် ပေါင်းမြက်နှိမ်နှင်းရာမှာ အချိန်မှီ နှိမ်နင်းနိုင်ရန် အရေးကြီးပါသည်။ စပါးမစိုက်မီ မြေပြင်ချိန်မှာ အသေအချာ နှိမ်နှင်းထားနိုင်လေ၊ စပါးပင် ကြီးထွားလာတဲ့အခါ ပြုစုရ ပိုလွယ်ကူလေ ဖြစ်ပါသည်။ ပေါင်းသတ်ဆေးအသုံးပြုရန် Myanma Awba Facebook Page တွင် လေ့လာနိုင်ပါသည်။