မြက်မုန်ညင်းအဝါ (Rice flat sedge/Umbrella sedge)

မြက်မုန်ညင်းအဝါ(Rice flat sedge/Umbrella sedge)

 

မြက်မုန်ညင်း အဝါ
မြက်မုန်ညင်း အဝါ (Rice flat sedge/UmbrellaSedge)

သိပ္ပံအမည် –  Cyperus iria L.

Common name- Rice flatsedge/ Umbrella Sedge

Family – Cyperaceae

တစ်နှစ်ခံ မြက်မုန်ညင်းမျိုးဖြစ်ပြီး ထောင်မတ်လျက်ပေါက်သည်။

အပင်အမြင့်မှာ ၈ မှ ၆၀ စင်တီ မီတာအထိရှိသည်။ ပွင့်ကိုင်းရိုးတံမှာ အစိမ်းရောင် သုံးထောင့်ပုံဖြစ်ပြီး သေးသွယ် ချောမွေ့သည်။ အရွက်သည် သေးသွယ်ရှည်လျားပြီး အပင်ထက်တိုသည်။ ရွက်ဖုံးသည် နီ၍ အပင်ရင်းကို ဖုံးအုပ်ထား သည်။

ပန်းခိုင်သည် ရင်းတူထိပ်ညီဖြစ်ပြီး မူလပွင့်ကိုင်းနှင့် ထပ်ဆင့်ပွင့်ကိုင်းပါရှိသည်။ ရွက်တူပွင့်ခံရွက် ၃ – ၅ ခုပါရှိသည်။ အနိမ့်ဆုံးပွင့်ခံရွက်သည် ပန်းခိုင်ထက် ရှည်လျားသည်။ ထပ်ဆင့်ပန်းခိုင်များစွာ ပါရှိပြီး ရွှေရောင် သို့မဟုတ် စိမ်းဝါရောင်ရှိသည်။

တစ်ပင်မှ အစေ့အရေအတွက် ၅၀၀၀ ခန့်ပါရှိသည်။ တစ်စေ့သီး ဖြစ်၍ မျက်နှာပြင်ချောမွေ့လုံးဝန်းပြီး ထောင့်သုံးထောင့်ပါရှိသည်။ အညိုရင့်ရောင် သို့မဟုတ် အများအား ဖြင့် အနက်ရောင် တွေ့ရသည်။ အစေ့အားဖြင့် မျိုးပွားသည်။

ရေသွင်းစိုက်သော လယ်စပါးခင်း၊ ယာသီးနှံနှင့် နှစ်ရှည်သီးနှံအချို့တွင် တွေ့ရသည်