မြက်မုန်ညင်းစိမ်း(Small flower nutsedge)

မြက်မုန်ညင်းစိမ်း(Small flower nutsedge)

မြက်မုန်ညင်းစိမ်း
မြက်မုန်ညင်းစိမ်း ( Small- flowered nutsedge)

သိပ္ပံအမည် – Cyperus difformis L.

Common name – small-flowered nutsedge

Family – Cyperaceae



တစ်နှစ်ခံပင်ဖြစ်ပြီး ၆-၈၀ စင်တီမီတာအထိ မြင့်သည်။ ပင်စည်သည် ချောမွေ့ပြီး တြိဂံပုံရှိသည်။

အမြစ်တွင် အနီရောင်မြစ်မွှာများစွာ ပါရှိသည်။ ရွက်ဖုံးများသည် အစိမ်းရောင်မှ နီညိုရောင်ရှိပြီး ရွက်ပြားမပါဘဲ ပြွန်ပုံစံဖြင့် ပင်ရင်းတွင် စုပေါင်းပေါက်သည်ပွင့်ကိုင်းရိုးတံထက်တိုသော ထပ်ဆင့်ပန်းခိုင် ၁၀-၆၀ အထိ ပြန့်ကျဲစွာတွေ့ရသည်။ ပန်းခိုင်တစ်ခုလျှင် ပန်းပွင့်ငယ် ၆ မှ ၃၀ အထိ ပါဝင်ပြီး အစိမ်းရောင်ရှိသည်။

 အသီးသည် ဝါညိုရောင်မှ အညိုဖျော့ရောင် တစ်စေ့သီးဖြစ်ပြီး လုံးဝိုင်းသည်။

 လယ်စပါးခင်းများတွင် အဓိကအားဖြင့် တွေ့ရသည်။