မြက်မုန်ညင်းဥနက် (Purple nut sedge)

 

မြက်မုန်ညင်းဥနက် (Purple nut sedge)
မြက်မုန်ညင်းဥနက် (Purple nut sedge) 

သိပ္ပံအမည် – Cyperus rotundus L.

Common name – Purple nut sedge

Family – Cyperaceae

ရှင်သန်နိုင်စွမ်းအားမြင့်မားသော နှစ်ရှည်ခံ မုန်ညင်းမျိုးဖြစ်ပြီး အမြစ်သည် မြစ်မွှာစနစ်ဖြစ် သည်။

ဥနှင့်မြေအောက်ပင်စည်များ ဆက်တွဲ၍ တွေ့ရသည်။ ပန်းပွင့်နေသော ပင်စည်သည် ၆၀ စင်တီ မီတာအထိ ရှည်သည်။ မြေပေါ်ပိုင်းပင်စည်သည် ထောင်မတ်ပြီး ကိုင်းမဖြာပေ။ ပွင့်ကိုင်းရိုးတံသည် ချောမွေ့ပြီး တြိဂံပုံရှိသည်။

မြေအောက်ပိုင်း ပင်စည်သည် ဘေးသို့ ဖြာထွက်သည်။ ပန်းခိုင်သည် ရင်းတူ ထိပ်ညီပန်းခိုင် ဖြစ်သည်။ တစ်ပင်မှ မြစ်ဥအမြောက်အမြား ထုတ်နိုင်ပြီး မြစ်ဥသည် အညိုရင့်ရောင် သို့မဟုတ် အနက်ရောင်ရှိပြီး ပုံမမှန် ဖြစ်သည်။

 အသီး သို့မဟုတ် အစေ့သည်လည်း အညိုရင့်ရောင် သို့မဟုတ် အနက်ရောင်ရှိသည်။ မြေလျှောက်ပင်စည်၊ မြစ်ဥနှင့် အစေ့အားဖြင့် မျိုးပွားသည်။

ယာသီးနှံခင်းများ၊ နှစ်ရှည်ပင်များ၊ ဟင်းသီးဟင်းရွက်ခင်းများတွင် တွေ့ရသည်။