ပဲမျိုးစုံတွင် သတိထားရမည့် ဘတ်တီးရီးယား ရွက်ခြောက်ရောဂါ
ပဲပင်များတွင် ဘက်တီးရီးယားကျရောက်ခြင်းသည် ပဲပင်များကို ထိခိုက်စေသည့် အဓိက ရောဂါဖြစ်ပြီး အထွက်နှုန်းနှင့် မျိုးစေ့အရည်အသွေး သိသိသာသာ ဆုံးရှုံးသွားနိုင်သည်။
ပဲ ဘတ်တီးရီးယားရွက်ခြောက်ရောဂါသည် Xanthomonas campestris pv. phaseoli ကြောင့် ဖြစ်ပြီး ပူနွေးစိုစွတ်သော ရာသီတွင် ကျရောက်လေ့ရှိသည်။
ရေစိုနာ လက္ခဏာသည် ရွက်ကြောများအကြား ဒေါင့်ချွန်ပုံ အစက်အပြောက်များ အဖြစ်တွေ့ရလေ့ ရှိသည်။
အစက်အပြောက်များသည် အစိမ်းဖျော့ရောင်ရှိပြီး ကြီးထွားလာသည်နှင့်အမျှ အဝါရောင် အရစ်ဖြင့် ဝိုင်းရံကာ အညိုရောင်ပြောင်းသွားပါသည်။
ရောဂါ ပြင်းထန်သော အခြေအနေ များတွင် အရွက်များသည် မီးလောင်နေသကဲ့သို့ တွေ့ရသည်။
အရွက်အောက်မျက်နှာပြင်တွင် ရေစိုနာ ဆီစွန်း ကွက်များကိုလဲ တွေ့ရမည်။
ဘတ်တီးရီးယားရောဂါသည် လျင်မြန်စွာ ကူးစက်တတ်သောကြောင့် အချိန်မီ ကာကွယ်ကုသရန် လိုအပ်ပါသည်။
ကာကွယ်နှိမ်နင်းနည်းများ
ရောဂါဒဏ် ခံနိုင်ရည်ရှိသော/ ရောဂါကင်းသော မျိုးစေ့ကို စိုက်ပျိုးခြင်း
ရောဂါလက်ခံပင်များ၊ ပေါင်းပင်များကို ရှင်းလင်းခြင်း
မျိုးစေ့လူးနယ်ဆေး အသုံးပြု၍စိုက်ပျိုးခြင်း
၃ နှစ်တစ်ကြိမ် သီးလှည့် စိုက်ပျိုးခြင်း တို့ဖြင့် ကြိုတင်ကာကွယ်ထားနိုင်ပါသည်။
ဓာတုဆေးအသုံးပြုမည်ဆိုပါက ကြိုတင်ကာကွယ်ရန် မြန်မာ့ဩဘာမှ အပြာရည် ကို ရေ ၂၀ လီတာဝင် ဆေးတစ်ပုံးလျှင် ၄၀-၈၀ စီစီ ဖြင့် တစ်ဧကလျှင် ၂၀၀-၄၀၀ စီစီ ဖျန်းပေးပါ။
ရောဂါကျရောက်ပါက ရာဇဖွား ကို ဆေးတစ်ပုံးလျှင် ၂၅-၅၀ ဂရမ် ဖြင့် တစ်ဧကလျှင် ၂၀၀-၄၀၀ ဂရမ် ဖျန်းပေးနိုင်ပါသည်။
အပင်ရောဂါများနှင့် ပတ်သတ်၍ အသေးစိတ်သိရှိလိုပါက Myanma Awba Facebook Page တွင် လာရောက်မေးမြန်းနိုင်ပါသည်ခင်ဗျာ
