ကုလားပဲ ဖျူစေရီယမ် ပင်ညှိုးရောဂါ
ကုလားပဲ ဖျူစေရီယမ်ပင်ညှိုးရောဂါမှာ Fusarium oxysporum f. sp. ciceris ကြောင့်ဖြစ်သော မြေဆောင်မှိုရောဂါဖြစ်သည်။
စိုက်ပြီး ၃ပတ်အတွင်း အပင်ငယ် အဆင့်တွင်ရောဂါကျရောက်မှုကို တွေ့ရှိနိုင်သည်။
ရောဂါလက္ခဏာများ
စိုက်ပြီး ၃-၅ပတ်အကြာတွင် အပင်ငယ် တစ်ပင်လုံး မြေကြီးပေါ်တွင်နဂိုအစိမ်းရောင် မပြယ်ဘဲ ညှိုးကျ ယိုင်လဲနေမည်။
အမြစ်ကိုဆွဲနှုတ်ကြည့်သည့်အခါ အမြစ်နှင့် ပင်စည်ဆက်ထားသောနေရာ၏အပေါ်ပိုင်း နှင့်အောက်ပိုင်းသည် ရှုံ့တွနေမည်။
အပင်ကြီးတွင် ပင်စည်အတွင်းရှိရေကြော အဖွဲ့အစည်းသည် အညိုရောင်မှ အနက်ရောင်သို့ ပြောင်းသွားမည်။
ကူးစက်ခံရမှုများပါက တစ်ကွင်းလုံးကို ခြုံကြည့်လျှင်
အကွက်လိုက်ညှိုးခြောက်နေသည်ကို တွေ့ရမည်။
ထိုရောဂါကို ဖြစ်စေသော မှိုသည် မျိုးစေ့နှင့် မြေကြီးထဲတွင် ရှင်သန်နေထိုင်ကြသည်။
ကာကွယ်ကုသနည်း
• သန့်စင်သောမျိုးစေ့နှင့် ရောဂါကင်းသော မျိုးစေ့ကို အသုံးပြုသင့်ပါသည်။
• အပူချိန် မြင့်သောအချိန်တွင် မစိုက်ပျိုးသင့်ပါ။ သင့်တော်သော မှိုသတ်ဆေးကိုအသုံးပြု၍ လူးနယ်စိုက် ပျိုးသင့်ပါသည်။
မျိုးရင်းဝင်မတူသော သီးနှံများနှင့် သီးလှည့် စိုက်ပျိုး ရပါမည်။နွေရာသီတွင် ထယ်ရေးနက်နက်ထိုးရန် လိုအပ်ပါသည်။
• မျိုးစေ့အား ဖျူးစေရီယမ်လူးနှယ်ဆေး လူးစိုက်ပါ။
စိုက်ပြီး ၁၅ရက်သားတွင် သမားတော် ဖျန်းပေးနိုင်ပါသည်။
စိုက်ပျိုးရေးနှင့် ပတ်သတ်၍ သိလိုသည်များရှိပါက မြန်မာ့ဩဘာ Facebook Page တွင် လာရောက်မေးမြန်းနိုင်ပါသည်။
