ကြက်သွန်ဒေါင်းနီးရောဂါ ကာကွယ်နှိမ်နင်းနည်း

ကြက်သွန်စိုက် တောင်သူကြီးတိုင်း ကြက်သွန်ခင်းကို ဒုက္ခပေးနေတဲ့ ‘ဒေါင်းနီးရောဂါ’ ကို သိရှိကြပါလိမ့်မယ်
 Peronospora destructor လို့ ခေါ်တဲ့ မှိုကြောင့်ဖြစ်တဲ့ ဒီရောဂါဟာ ကြက်သွန်မြိတ်၊ ကြက်သွန်ဥနဲ့ အစေ့ထုတ်ပွင့်ခံတိုင်တွေကို အဓိကတိုက်ခိုက်တတ်ပါတယ်။
ရောဂါလက္ခဏာကို စောစောမသိရင် အခင်းလိုက် ပျက်စီးသွားနိုင်လို့ သူ့ရဲ့ ရောဂါလက္ခဏာနဲ့ ကာကွယ်နည်းတွေ လေ့လာကြရအောင်ခင်ဗျာ

ရောဂါလက္ခဏာများ

ကြက်သွန်မြိတ်ပေါ်တွင် အဖြူရောင်အစက် အစုအဝေးအဖြစ် စတင်တွေ့ရပါတယ်။
ထိုအစက်များ ပေါင်းစပ်သွားပြီး အဝါဖျော့‌ရောင် အနာကွက်ကြီး ဖြစ်လာကာ တစ်ရွက်လုံး ညှိုးခြောက်၍သေသွားနိုင်ပါတယ်
ကြက်သွန်ဥများတွင် ရောဂါကျပါက အရည်ထွက်လာပြီး ပျော့ပုပ်လာကာ အချိန်မတိုင်မီ အညှောင့်ပေါက် ခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်
ပွင့်ခံတိုင်များတွင် စက်ဝိုင်းပုံဒဏ်ရာများ ပေါ်လာပြီး ပင်စည်များကို ကွဲစေနိုင်ပါတယ်
အခုလို အေးတဲ့ရာသီမှာ ပိုမိုးဆိုးဝါးစွာ ကျရောက်တတ်ပြီး ကြက်သွန်ဥကြီးထွားမှုကို ထိခိုက်စေနိုင်သဖြင့် အထွက်နှုန်းသိသာစွာ လျော့စေနိုင်ပါတယ်

ကာကွယ်နှိမ်နင်းနည်းများ

အပင်များကို ပြည့်ကြပ်စွာစိုက်ပျိုးခြင်းကို ရှောင်ကြဉ်ပါ၊
သင့်တော်သော ပင်ကြား၊ တန်းကြား အကွာအဝေးဖြင့် စိုက်ပျိုးပါ။
လေဝင်လေထွက်ကောင်းစေရန် ပေါင်းပင်များကို ရှင်းလင်းပါ
၃ နှစ်တစ်ကြိမ် သီးလှည့် စိုက်ပျိုးပါ
ကြက်သွန်အရွက်များ စိုထိုင်းမှုများလျှင် ရောဂါဝင်ရောက်နိုင်သဖြင့် အပင်ပေါ်မှ ရေဖျန်းစနစ် အသုံးမပြုပါနှင့်
နိုက်ထရိုဂျင် အများအပြား ကျွေးခြင်းကို ရှောင်ကြဉ်ပါ
ဓာတုဆေးအသုံးပြုလိုပါက မြန်မာ့ဩဘာမှ ပရိုပါ ကို အသုံးပြုနိုင်ပါတယ်။
ကြက်သွန်ခင်းများ ‌ရောဂါကင်း၍ အထွက်နှုန်းကောင်းပြီး စျေးကောင်းရကြပါစေခင်‌ဗျာ
ဦးကြီးတို့ရဲ့ ကြက်သွန်စိုက်ခင်းများတွင် ကျရောက်နေသော ရောဂါများနှင့် ပတ်သတ်၍ အသေးစိတ်သိရှိလိုပါက Myanma awba Facebook Page တွင် လာရောက်လေ့လာနိုင်ပါသည်ခင်ဗျာ