စပါးငမြှောင်တောင်အကြောင်း သိမှတ်ဖွယ်ရာများ
စပါးငမြှောင်တောင်ပိုးအမျိုးအစားများ
စပါးသီးနှံကို ကိုက်ဖြတ်စားသောက်တတ်သော ငမြောင်တောင် အမျိုးအစား (၃)မျိုးခန့်ရှိသည်
၄င်းတို့မှာ therice swarming caterpillar, common cutworm, and the rice ear-cutting caterpillar တို့ဖြစ်သည်
ပိုးကောင်အမတစ်ကောင်သည် တစ်ကြိမ်လျှင် ဥ ၁၀၀ ခန့် ဥချနိုင်ပြီး တစ်ပတ်ခန့်သာကြာသော သူ၏ဘဝစက်ဝန်းအတွင်း ဥပေါင်း ၈၀၀မှ ၁၀၀၀ ခန့်ထိ ဥချသည်။
စပါးသီးနှံကို မည်သို့ဖျက်စီးသနည်း
စပါးပင်ပေါက်ငယ်များကို အပင်အောက်ခြေမှ စားသောက်ဖျက်ဆီးပြီး အရွက်များကို ဖျက်ဆီးသည်။
တစ်ခါတရံ စပါး၏ ထိပ်ညွှန့်များကို ကိုက်ဖြတ်တတ်သည်။
ငမြှောင်တောင် ( အကောင်ကြီးအဆင့်) မှာ အသက်ပိုပြင်းပြီး သင့်တော်သော် ရာသီဥတု အခြေအနေတွင် ရှိပါက ဥများ ပိုဥနိုင်သည်။ရာသီဥတုခြောက်သွေ့ပြီးနောက် ရုတ်တရက်မိုးရွာသွန်းခြင်းက ငမြှောင်တောင်ကြိုက်နှစ်သက်သော ရာသီဥတုဖြစ်ပြီး သူတို့သည် လျှင်မြန်စွာ လက်ခံပင် တစ်ပင်သို့ ကူးပြောင်းသည်။
ငမြှောင်တောင် ပိုးများသည် ညထွက်ကောင်များဖြစ်သည်။
သားလောင်းအဆင့်တွင် ညပိုင်း သို့မဟုတ် တိမ်ထူထပ်သောနေ့များတွင် စပါးပင်၏ အပေါ်ပိုင်းအရွက်ထိပ်ဖျားများကို ကိုက်ဖြတ်စားသောက်သည်။သက်ကြီးကောင်များသည် အစားစားခြင်း၊ မိတ်လိုက်ခြင်းနှင့် စိုက်ခင်း တစ်ခင်းမှတစ်ခင်း ကူးပြောင်းခြင်းတို့ကို ညဘက်တွင်သာလုပ်ဆောင်ပြီး မနက်ပိုင်းတွင် အပင်၏အောက်ခြေ၌ ပုန်းခိုလေ့ရှိသည်။ပိုးတုံးလုံးအဆင့်၌ ခြောက်သွေ့သောလယ်ကွက်များတွင် မြေကြီးထဲ သို့မဟုတ် စပါးပင်ခြေရင်းတွင် တွေ့ရတတ်ပြီး၊ ရေဝပ်သောလယ်ကွက်များတွင် စပါးပင်များပေါ်၌ သို့မဟုတ် လယ်ကွက်အစပ်ရှိ မြက်ခင်းများတွင် တွေ့ရတတ်သည်
ဖျက်ဆီးမှု လက္ခဏာများ
- အရွက်ဖျားနှင့် အရွက်အနားသတ်များကို ကိုက်ဖြတ်စားသုံးသည်။
- အရွက်တစ်ခုလုံးကို စားပစ်တတ်သလို အရွက်ကြော (midrib) သာ ကျန်ရစ်သည်အထိလည်း ဖျက်ဆီးတတ်သည်။
- ဖျက်ဆီးမှုပုံစံမှာ အရွက်များကို လုံးဝကုန်စင်အောင် စားပစ်ခြင်းဖြစ်သည်။ ၎င်းကို Cutworm (ရွက်ဖြတ်ပိုး) ဖျက်ဆီးမှုနှင့် မှားယွင်းတတ်သဖြင့် ပိုးကောင်များနှင့် ဥအစုအဝေးများ ရှိ/မရှိ စစ်ဆေးကြည့်ရှုရန် လိုအပ်ပါသည်။
အဘယ်ကြောင့် ဤပိုးကို ကာကွယ်နှိမ်နင်းသင့်သနည်း?
စပါးပင်၏ ကြီးထွားမှုအဆင့်တိုင်းတွင် ကျရောက်သောကြောင့် အန္တရာယ်များသည်။ပိုးကျရောက်မှုများပါက အထွက်နှုန်းဆုံးရှုံးနိုင်သည်။လက်ခံပင်ကို အလွန်အမင်းဖျက်ဆီးစားသောက်တတ်သော အကောင်မျိုးဖြစ်သည်။
အဆိုးဆုံးအခြေအနေတွင် ပိုးကောင်အုပ်စုလိုက်သည် စိုက်ခင်းတစ်ခင်းမှတစ်ခင်း ပြောင်းရွှေ့ ဖျက်ဆီးနိုင်သည်
ကာကွယ်နှိမ်နင်းနည်းများ
- စိုက်ခင်းနှင့် ဝန်းကျင်ရှိပေါင်းမြက်များကို နှိမ်နင်းပါ
- စိုက်ခင်းအခြေအနေကို အဆက်မပြတ် စောင့်ကြည့်ပါ
- အကောင်ကြီးများကို လက်ဖြင့် ကောက်ယူဖျက်ဆီးပါ
- မြန်မာ့ဩဘာမှ ငှက်ကြီးတောင်/ ဇိုင်ကလုံး/ ဘာမထီ ကို အသုံးပြုနိုင်ပါသည်။
စပါးတွင် ကျရောက်သော ရောဂါပိုးမွှားများနှင့်ပတ်သတ်ပြီး အသေးစိတ်သိရှိလိုပါက
မြန်မာ့ဩဘာစိုက်ပျိုးရေးပညာပေးကွန်ရက်တွင် မေးခွန်းများမေးမြန်းနိုင်သလို မြန်မာ့ဩဘာ website ရှိ စပါးအကြောင်းအပြည့်အစုံ ဖြစ်စေ လေ့လာနိုင်ပါသည်။
