နှမ်းရိုးမဲရောဂါ ကာကွယ်နှိမ်နင်းနည်း ( ၅ ) ချက်
နှမ်းရိုးမဲရောဂါ
နှမ်းရိုးမဲရောဂါဟာဆိုရင် နှမ်းစိုက်တောင်သူတိုင်း ကြောက်ကြတဲ့ နှမ်းရောဂါတွေထဲက တစ်မျိုးဖြစ်တဲ့အပြင် မိုးနှမ်း ရေဝပ်ရာဒေသတွေမှာ များသောအားဖြင့် ကျရောက်တတ်တဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်
နှမ်းရိုးမဲရောဂါလက္ခဏာများ
စတင်စိုက်ပျိုးပြီးချိန်မှ စ၍ ကျရောက်လေ့ရှိသည်။
အစေ့မှ အညှောင့်ထွက်ကာစ အပင်ငယ်မှာ အညိုရောင် ပြောင်းသွား၍ ပုပ်သွားသည်။
အပင်ငယ်စဉ်တွင် အမြစ်များ ညို၍ ပုပ်သွားသဖြင့် အပင်သေသွားသည်။
အပင်ကြီးများ၏ ပင်စည်အရင်းပိုင်းတွင် ရောဂါကျလေ့ရှိရာ အရွက်များနှင့် အပင်ထိပ်ပိုင်းသည် အောက်သို့ ငိုက်ကျသွားသည်။
အပင်ကြီးထွားမှုနှေးသွားပြီး ပုသွားသည်။
ရောဂါဖြစ်စေသော မှိုမျှင်များသည် ပင်စည်အတွင်းပိုင်းတစ်လျှောက် အပေါ်သို့ တက်သွားပြီး ပင်စည်မှာ ခြောက်သွားသည်။
ပင်စည်ပေါ်တွင် သေးငယ်သည့် ပစ်ကနီးဒီးယား (Pycnidia) ခေါ် အမည်းအဖုကလေးကို တွေ့ရသည်။
ပင်စည်ကျိုးကျသွားပြီး ရိုးမဲအစင်းသည် ပင်စည်အပေါ်ပိုင်းသို့ ပျံ့နှံသွားသည်။
သီးတောင့်များမှာ မရင့်မှည့်မီ ပွင့်အာသွား၍ အစေ့များ အရောင်ပျက်နေတတ်သည်။
အစေ့များပေါ်တွင် စကလိုးရှားခေါ် မှိုမျိုးစေ့ကို တွေ့ရသည်။ မှိုသည် အခြားသီးနှံများစွာတွင်လည်း ကျနိုင်သည်။
မြေကြီးထဲတွင်လည်းကောင်း၊ မျိုးစေ့ထဲတွင်လည်းကောင်း နေထိုင်ရှင်သန်နိုင်သည်။

ကာကွယ်နှိမ်နင်းနည်း
ရေသွင်းပြီး၊ မိုးရွာသွန်းပြီးချိန်တွင် အပင်ခြေ ရေမဝပ်စေရန် ဂရုစိုက်ပါ။
ရေ အလွယ်တကူ ထုတ်နိုင်ရန် ရေနုတ်မြောင်းများကို စိုက်ချိန်မှစ၍ ထယ်ကြောင်းပေး၍ ပြုလုပ်ထားပါ။
ပုလဲ မြေဩဇာ များများကျွေးမှုကို ရှောင်ပါ။
ပိုတက်ရှ် မြေဩဇာကို အချိုးကျ သုံးစွဲပါ။
ဆေးသုံးမည်ဆိုပါက မြန်မာ့ဩဘာမှ ယူနတီ သုံးပေးနိုင်သည်။
နှမ်းသီးနှံဆိုင်ရာ ပိုးမွှားနှင့် ရောဂါကာကွယ်နှိမ်နင်းနည်းများအတွက် Myanma awba Pageတွင် လာရောက်မေးမြန်းနိုင်ပါသည်။
